Lifestyle

လူငယ်တွေ အကြိုက်တွေ့မယ့် စွမ်းဆောင်ရည်မြင့် Audi R8 Coupe

This article has been converted from Zawgyi One to Unicode

ဂျာမနီ အခြေစိုက် Audiရဲ့ လူကြိုက်များတဲ့ မော်ဒယ် R8ရဲ့ နှစ်ယောက်စီး မော်ဒယ် Coupeက မြန်မာလူတွေ အကြိုက် တွေ့မယ် ကားမော်ဒယ်တခုပါပဲ။ Roadsterလို့ ခေါ်တဲ့ စွမ်းဆောင်ရည်မြင့် မော်ဒယ် အနေနဲ့လည်း ရနိုင်ပေမယ့်  ပြည်တွင်း မှာ အဆင်ပြေမယ့် Coupeကိုပဲ သဘောကျမိတာပါ။ Supercar တန်းဝင် ဖြစ်ပြီး ဈေးနှုန်းပိုင်းမှာတော့ ပြိုင်ဖက် တွေထက် ချိုသာပါတယ်။

အားသာချက် အနေနဲ့ ဆိုရင် ပြိုင်ဖက် မော်ဒယ်တွေထက် ဈေးချိုတယ်၊ စွမ်းဆောင်ရည် ကောင်းတယ်။ စွမ်းဆောင်ရည် တူမယ့် မော်ဒယ်တွေ ဆိုရင် အခု Coupeထက် သိသိသာသာ ဈေးများနေတာပါ။ နောက်တစ်ချက်က ဆီစားနှုန်း သက်သာတယ်။ အင်ဂျင်စနစ်က စွမ်းအင် ထုတ်လုပ်ပေးမှု ကောင်းမွန်တယ်။ ဆီစားနှုန်း ချိုသာတယ်။ ကိုယ်ထည်ရဲ့ အကြမ်းခံနိုင်ရည် ကောင်းမွန်တယ်၊ အသက်ကယ်စနစ်တွေရဲ့ စစ်ဆေးချက်တွေမှာ စိတ်ကြိုက်အဆင့် မှတ်ချက်တွေ ပိုင်ဆိုင်ထားသလို အကူစနစ်တွေရဲ့ ချိတ်ဆက် လုပ်ဆောင်ပုံလည်း အားကောင်းတယ်၊ နည်းပညာ မြင့်မားတာ တွေ့ရ ပါတယ်။

ဒါပေမယ့် အတွင်းခန်းနဲ့ နောက်ဖက် ဝန်တင်ခန်းမှာ ပုံမှန်ထက် နည်းနည်း ကျဉ်းချင်နေသလို လျှပ်စစ်စနစ်နဲ့ ချိတ်ဆက် သုံးနိုင်မယ့် Fetureတွေက ခေတ်နည်းနည်းကျန်ချင်နေသလို ဆန်းသစ်မှု အားနည်းချင်တာတော့ တွေ့ရပါတယ်။

Coupeတန်းဝင် မော်ဒယ်ဖြစ်ပြီးတော့ အရောင်အပိုင်းမှာ စုစုပေါင်း ၂၁မျိုးထိအောင် ရွေးချယ်နိုင်မှာပါ။ အတွင်းပိုင်း အပြင်အဆင်ဒီဇိုင်း ၁၁မျိုးထိအောင် ရှိနိုင်သလို ကိုယ်ထည် အရွယ်အစားမှာ အလျားက ၁၄ပေနဲ့ ၇လက်မ၊ မျက်နှာစာ အကျယ်က ၆ပေနဲ့ ၃လက်မ၊ အမြင့်က ၄ပေနဲ့ ၁လက်မရှိမှာပါ။ အင်ဂျင်ပိုင်းမှာက ၄ ဒသမ ၂လီတာသုံး V Seriesတန်းဝင် V8အင်ဂျင် ဖြစ်ပြီးတော့ သူ့ရဲ့ လည်ပတ်အား တစ်မိနစ်ကို အပတ်ရေ ၄၅၀၀မှာ အင်ဂျင်ရဲ့ရုန်းအားက ၃၁၇ပေ-ပေါင် ရှိမှာ ဖြစ်ပြီးတော့ စွမ်းအင် ထွက်ရှိမှု အပိုင်းမှာက မြင်းကောင်ရေ ၄၃၀အားထိအောင်ထွက်လာမှာ ဖြစ်ပါတယ်။ အမြန်ဆုံး မောင်းနှင်နိုင်မှု အပိုင်းမှာပါ အားကောင်းအောင် ရည်ရွယ်ပြီး လည်ပတ်အားကို တင်ထားတာ တွေ့ရသလို အင်ဂျင်ရဲ့ အမြင့်ဆုံး လည်ပတ်နိုင်မှုက တစ်မိနစ်ကို အပတ်ရေ ၇၉၀၀ထိအောင် ဖြစ်ပါတယ်။

ဘီးစုံယက် စနစ်နဲ့ သွားလာမယ့် မော်ဒယ် ဖြစ်ပြီးတော့ Transmissionအပိုင်းမှာ Manualစနစ်နဲ့ စုစုပေါင်း သုံးနိုင်မယ့် ဂီယာချက်က ၆ချက်ထိအောင် ဖြစ်ပါတယ်။

အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု အပိုင်းမှာက တစ်နာရီ မိုင် ၆၀နှုန်းကို အချိန် ၄ ဒသမ ၂စက္ကန့်ပဲ ယူမှာ ဖြစ်သလို အမြန်ဆုံး မောင်းနှင်နိုင်မှု နှုန်းကလည်း တစ်နာရီ မိုင် ၂၀၀ကို Limitedအနေနဲ့ သတ်မှတ်ထားတာ တွေ့ရပါတယ်။ ဒီလောက် စွမ်းဆောင်ရည်ဟာ တန်းတူ ပြိုင်ဖက် မော်ဒယ်တွေထက် ပိုမို မြန်ဆန်တယ်လို့ မဆိုနိုင်ပေမယ့် ဈေးနှုန်းနဲ့ ပြန်တွက်ရင်တော့ မြင့်မားတဲ့ စွမ်းဆောင်ရည်ကို ပိုင်ဆိုင်နိုင်စေမှာလည်း ဖြစ်ပါတယ်။

ကိုယ်ထည်ပိုင်းမှာ သံမဏိအပြင် အရည်အသွေးကောင်းမွန်တဲ့ သတ္တုစပ်တွေကို တည်ဆောက်ထားတာကြောင့် မတော်တဆမှုတွေ အတွက် အကြမ်းခံနိုင်ရည်သာ မဟုတ်ပဲ လမ်းကြမ်းအနေအထားကြောင့် သက်ရောက်တဲ့ တန်ပြန်မှုတွေကိုပါ လျော့ချသက်သာစေနိုင်မှာ ဖြစ်ပါတယ်။ Auto-Manualပေါင်းစပ်ထားတဲ့ Transmissionစနစ်ကိုပါ ရွေးချယ်စေနိုင်မယ့် Optionပါဝင်ပြီးတော့ ကျွန်တော်ကတော့ Manualစနစ်ကို ပိုပြီး သဘောကျမိပါတယ်။

အင်ဂျင် အရွယ်အစားက ကြီးမားတယ်၊ လည်ပတ်အားက များသေးတယ်၊ Manualစနစ်နဲ့မှ မဟုတ်ရင် Transmission စနစ်က ဆီစား နည်းနည်း များချင်သေးတယ်။ ဘီးစုံယက်စနစ်နဲ့ ဖြစ်နေပြန်တယ်။ ဒါဆိုရင်တော့ မော်ဒယ်ရဲ့ ဆီစားနှုန်းက များနေမလား တွေးစရာပါ။ ဒါပေမယ့် R8 Coupeမော်ဒယ်က ဆီတစ်ဂါလံကို ပျမ်းမျှ ၁၈လောက်ထိအောင် စီးနင်းနိုင်မယ် ဆိုတော့ Supercarတစ်စီးအတွက် ဆီစားနှုန်း ချိုသာနေသေးတာ ဖြစ်ပါတယ်။

မြို့တွင်းလမ်းကြောင်းမှာ ဆိုရင် ဆီတစ်ဂါလံကို ၁၅မိုင်နဲ့ အဝေးပြေး လမ်းကြောင်းမှာ ဆိုရင် မိုင် ၂၄နှုန်းထိအောင် မောင်းနိုင်မှာဖြစ်ပါတယ်။

Loading