ဘက်ပေါင်းစုံကနေ ဆန်းသစ်လာတဲ့ ဒီဘက်ခေတ်ကြီးမှာ အသုံးအဆောင်ပစ္စည်းများလည်း လိုက်ပြီး ဆန်းသစ်လာကြပါတယ်။ အထူးသဖြင့် မိန်းကလေးတွေအနေနဲ့ အလှအပကို ပိုပြီး ဦးစားပေး စဉ်းစားတတ်ကြလေတော့ သူများထက် ပိုလှတာ ပိုဆန်းတာကို ဦးစားပေးတတ်ကြတာ သဘာဝပဲလေ။
မိန်းကလေးတွေအတွက် ဆန်းသစ်လာတဲ့ အသုံးအဆောင်ပစ္စည်းတွေထဲမှာ လက်ကိုင်အိတ်၊ အလှလွယ်တဲ့အိတ်ကလေးတွေလည်း ပါဝင်မယ်လို့ ယူဆရပါတယ်။ ဘယ်နေရာကိုပဲသွားသွား မပါမဖြစ် ယူသွားတတ်ကြတာ ပုံစံအမျိုးမျိုးနဲ့ အိတ်တွေပဲမဟုတ်ပါလား။
အိတ်ပုံစံအမျိုးမျိုးထဲမှာမှ အခုခေတ်စားလာတဲ့ လူငယ်ဆယ်ကျော်သက် မိန်းကလေးငယ်တွေ စိတ်ဝင်စားမယ် ထင်ရတဲ့ အိတ်ကလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
အိတ်ကလေးတွေက ပုံမှာ မြင်ရတဲ့အတိုင်း ပုံစံအမျိုးမျိုးနဲ့ ချစ်စရာကောင်းလှပါတယ်။ ဘာဂါပုံ၊ ရေခဲမုန့်ပုံနဲ့ တခြားစားစရာပုံစံလေးတွေ ဖန်တီးထားတဲ့ ကြိုးအရှည်နဲ့ စလွယ်သိုင်း ဒါမှမဟုတ် ဘေးတစောင်း လွယ်လို့ ရနိုင်မယ့် အိတ်လေးတွေပါ။
အိတ်ကလေးတွေက ပုံမှာ မြင်ရတဲ့အတိုင်း ပုံစံအမျိုးမျိုးနဲ့ ချစ်စရာကောင်းလှပါတယ်။ ဘာဂါပုံ၊ ရေခဲမုန့်ပုံနဲ့ တခြားစားစရာပုံစံလေးတွေ ဖန်တီးထားတဲ့ ကြိုးအရှည်နဲ့ စလွယ်သိုင်း ဒါမှမဟုတ် ဘေးတစောင်း လွယ်လို့ ရနိုင်မယ့် အိတ်လေးတွေပါ
ဒါ့အပြင် why, What, My, Stop, Cool စတဲ့ စာလုံးလေးတွေပါတဲ့ အိတ်လေးတွေဆိုရင်လည်း အိတ်ထဲတွင် ပစ္စည်းတော်တော်များထည့်ပြီး လွယ်နိုင်လောက်တဲ့ အရွယ်အစား ခပ်ကြီးကြီးပုံစံပါပဲ။ ဒီ အိတ်လေးတွေလည်း အတော် ခေတ်စားလာတာတွေ့ရပါတယ်။ အရောင်အသွေးစုံလင်ပြီး ချစ်စရာကောင်းကာ အထာကျတဲ့ အိတ်ကလေးတွေမို့ လူငယ် မိန်းကလေးတွေ သဘောကျကြမှာပါ။
“ပစ္စည်းတွေက U.S.A, Thailand, china made တွေ အစုံရှိပါတယ်။ china made ကတော့ ဈေးချိုတော့ ပိုရောင်းရတယ်။ ရေခဲမုန့်ပုံနဲ့ ဘာဂါပုံအိတ်ကလေးတွေကတော့ ၁၀၀၀၀ကျပ်ပါ” လို့ CLEOPATRA’s Collection online shop ပိုင်ရှင်ဖြစ်သူ မမီးမီးက ပြောပြပါတယ်။
ဈေးနှုန်းတွေကလည်း တသောင်းပတ်ဝန်းကျင်တွေမို့ ရုံးတက်သူ ကျောင်းတက်သူများအတွက် အဆင်ပြေစေ နိုင်မှာပါ။ ဒီအိတ်ကလေးတွေကို CLEOPATRA’s Collection online shop မှာ ဝယ်ယူရရှိနိုင်ပါတယ်။