Rock ပရိသတ်များအတွက် “Night of Distortion Rock Concert”
This article has been converted from Zawgyi One to Unicode
Rock ဂီတပရိသတ်များအတွက် “Night of Distortion Rock Concert” လို့ အမည်ပေးထားတဲ့ Rock ဂီတ ဖျော်ဖြေပွဲကို လာမယ့် ဇွန် ၄ ရက်နေ့ ရန်ကုန်မြို့မျှော်စင်ကျွန်းမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ပါဝင်ဖျော်ဖြေကြမယ့် Rock အဖွဲ့တွေကတော့ Wanted၊ Idiots နဲ့ Sarah အဖွဲ့တွေဖြစ်ပြီး Rock ဂီတ ပရိသတ် တွေအတွက် ကျေနပ်စရာပါ။
ဖျော်ဖြေပွဲကို ည ၇ နာရီအချိန်မှာ စတင်မှာဖြစ်ပြီး ပွဲမှာ ပါဝင်ဖျော်ဖြေပေးမယ့် Idiots ရဲ့ အဆိုရှင် ရေမွန်က “ကျနော်တို့အနေနဲ့ဆိုရင် သင်္ကြန်ပြီးထဲကဆိုရင် ဒါကပထမဆုံးပြန်ဆိုဖြစ်တဲ့ Rock ပွဲပါ။ ကျနော်တို့ဘက်ကလည်း ဒီပွဲအတွက် အသံပိုင်းဆိုင်ရာက အစ သေချာအကောင်းဆုံးကြိုတင်ပြင်ဆင်သွားမယ်။ Rock ပရိသတ်တွေ ဒီပွဲကို လာရောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ Show ပွဲ ငတ်နေတာ ကြာနေတဲ့ပရိသတ်ကို အဓိက ဖိတ်ခေါ်ချင်ပါတယ်” လို့ ပွဲနဲ့ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

ဒီပွဲမှာ ထူးထူးခြားခြားအနေနဲ့ ဟာသသရုပ်ဆောင်ခင်လှိုင်က အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ Rock လူငယ်တွေချည်းပဲ ဖျော်ဖြေပေးမယ့် ဒီဖျော်ဖြေပွဲလက်မှတ်များကိုတော့ ကြိုတင်လက်မှတ် ၇၀၀၀ ကျပ်နှုန်းနဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး Rock ပရိသတ်တွေ လက်မလွှတ်သင့်တဲ့ ပွဲတပွဲလည်း ဖြစ်ပါတယ်။
နောက်ထပ်ပါဝင်တဲ့ Sahar အဖွဲ့ရဲ့ အဆိုရှင်မင်းမင်းကလည်း “ကျနော်တို့ ဒီပွဲမှာ Rock အဖွဲ့ Idiots နဲ့ Wanted ပါတော့ အားရှိတယ်။ ကျနော်တို့ အကောင်းဆုံးဖျော်ဖြေကြမယ်။ မိုးရွာလဲ ရွှံ့လူးကြမယ်လေ။ အားလုံးကို ဖိတ်ခေါ် ပါတယ်”လို့ ဆိုပါတယ်။