Lifestyle

MPT နဲ့ Facebook ပူးပေါင်းပြီး Facebook အခမဲ့သုံးနိုင်ပြီ

This article has been converted from Zawgyi One to Unicode

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT မှ Facebook နဲ့ ပူးပေါင်းပြီး အခမဲ့အသုံးပြုနိုင်တဲ့ Free Basics နှင့် Facebook Flex ကို စတင် မိတ်ဆက်လိုက်ပါတယ်။

MPT နဲ့ Facebook တို့ ပူးပေါင်းပြီး အခမဲ့အသုံးပြုနိုင်တဲ့ အခြေခံအင်တာနက်ဝန်ဆောင်မှု ပေးမယ့်အကြောင်း သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်မြို့ ParkRoyal ဟိုတယ်မှာ ဇွန်လ ၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
MPT ဆွေသဟာ အသုံးပြုသူများအနေနဲ့ Free Basics နှင့် Facebook Flex ဝန်ဆောင်မှုကို ဇွန်လ ၆ ရက်နေ့ ကနေစပြီး အခမဲ့အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုသူများအနေနဲ့ မိမိတို့ အသုံးပြုနေတဲ့ မိုဘိုင်းဖုန်းတွေ ကနေ တဆင့် Facebook Flex ကို Facebook Newfeed ပေါ်မှာ အခမဲ့ခလုတ် Go To Free ကို ကလစ်ပြီး Like, Comment, Share, Chat စတဲ့ ဝန်ဆောင်မှုတွေကို အခမဲ့ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ကြည့်ရှု ချင်တယ်ဆိုရင်တော့ ဒေတာအသုံးပြုပုံစံနဲ့ အခပေး ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Free Basics မှာဆိုရင် ဝက်ဆိုက်များကို ဖုန်းနှင့်အသုံးပြု ကြည့်ရှုနိုင်ပြီး အဆိုပါဝက်ဆိုက်မှာ လူမှုအဖွဲ့အစည်းကို အထောက်အကူပြုတဲ့ အကြောင်းအရာများကို အခမဲ့ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ Free Basics ဝန်ဆောင်မှုမှာ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် ဘဏ္ဍာရေးဆိုင်ရာ အကြောင်းအရာများပါဝင်တဲ့ ဝန်ဆောင်မှု ၃၅ မျိုးကို ဖတ်ရှုနိုင်မယ်လို့ သိရပါတယ်။

MPT နဲ့ Facebook ပူးပေါင်းတဲ့အကြောင်း မိတ်ဆက်ပွဲ
MPT နဲ့ Facebook ပူးပေါင်းတဲ့အကြောင်း မိတ်ဆက်ပွဲ

“Facebook က မြန်မာပြည်မှာ လူသုံးအများဆုံး လူမှုကွန်ရက် တခုဖြစ်ပါတယ်။ အခုချိန်အထ စာရင်းများအရ Free Basics ဝန်ဆောင်မှုအပါအဝင် Facebook ရဲ့ ဝန်ဆောင်မှုကို အသုံးပြူသူပေါင်း ၂၅ သန်းကျော်ကို အွန်လိုင်းနဲ့ ချိတ်ဆက် နိုင်ဖို့ လုပ်ဆောင်ခဲ့နိုင်ပြီလို့ ခန့်မှန်းထားပါတယ်။ အခု MPT နဲ့ Facebook ပူးပေါင်းပြီး သုံးစွဲသူတွေကို အခြေခံ အင်တာနက် ဝန်ဆောင်မှုတွေကနေ တဆင့် အချင်းချင်း ဆက်သွယ် ချိတ်ဆက်နိုင်ဖို့ လုပ်ဆောင်ပေးတော့မှာ ဖြစ်ပါတယ်” လို့ MPT မှ တာဝန်ရှိသူ တဦးဆိုပါတယ်။

Loading