Audiရဲ့ ရောင်းအား အကောင်းဆုံး တန်းဝင် မော်ဒယ်တွေထဲက တစ်ခုပါ။ ဇိမ်ခံအနေအထားလောက်ထိအောင် ဖန်တီးထားတာ တွေ့ရပြီး ဈေးလည်းသင့်ပါတယ်။ နိုင်ငံတကာ ဈေးကွက်မှာလည်း လမ်းကြောင်းစုံ မောင်းနှင်နိုင်တဲ့ အတွက် လူကြိုက်များနေတာ ဖြစ်ပါတယ်။ Wagonအနေနဲ့ ဖန်တီးထားတာက Hatchbackတွေထက် အတွင်းခန်း ပိုမို ကျယ်ဝန်းသွားသလို ဝန်တင်ဆောင်နိုင်မှု ကောင်းလာစေပါတယ်။
စိတ်ကြိုက်တွေ့မယ့်အချက်က မော်ဒယ်ကို ၁ ဒသမ ၃လီတာသုံး အင်ဂျင်တပ် အနေနဲ့ပါ ဈေးကွက်မှာ ရနိုင်တာပဲ ဖြစ်ပါတယ်။ ဆီစား အနေနဲ့ ဆိုရင်လည်း ၃၅ မိုင်လောက်ထိအောင် စီးနင်းနိုင်မယ့် အနေအထားက တခြား ဇိမ်ခံမော်ဒယ် တွေထက် အခြေအနေကောင်းနေတဲ့ အပိုင်းလည်း ဖြစ်ပါတယ်။ လက်ရှိ ပြည်တွင်းမှာ ဂျာမနီ အခြေစိုက် ကြီးသုံးကြီးထဲက Mercedesနဲ့ BMWတို့ ရှိနေတာ တွေ့ရပြီး Audiကတော့ ဈေးကွက် ဝင်မလာသေးပါဘူး။ ဒါပေမယ့် Audi အစီးရေ အများ အပြားတော့ ပြည်တွင်းမှာလည်း တွေ့နေနိုင်ပြီး အရည်အသွေးပိုင်း စိတ်ချရမှုတွေက Audiကို ပြည်တွင်းမှာ လူကြိုက် များနေစေတာပါ။
အခု မော်ဒယ် A4အနေနဲ့ကလည်းတခြား မော်ဒယ်တွေလောက် အရောင်ပိုင်း ရွေးချယ်မှုလို ရွေးချယ်စရာ များများ မရှိပေ မယ့် ဈေးကွက်မှာ လူကြိုက်များတဲ့ အနက်ရောင် အနေနဲ့ ရရှိနိုင်တာက ဇိမ်ခံ မော်ဒယ် တစ်ခုအတွက် အဆင်ပြေ စေပါ တယ်။ မောင်းနှင်ပြီး ကီလို အပိုင်းကို ကြည့်မယ် ဆိုရင်လည်း သက်တမ်းရှည် သုံးနိုင်တဲ့ မော်ဒယ်မျိုးမှာ ကီလို နှစ်သောင်း ကျော် လောက်ပဲ မောင်းထားသေးတာ တစ်ချက်က မော်ဒယ်ရဲ့ သက်တမ်း အရှည်ကြီး ကျန်နေသေးတာ ဖြစ်သလို ယုံကြည် စိတ်ချရမှု ပိုစေပါတယ်နော်။ ဒီနေရာမှာ ကျွန်တော်တို့ A4ကို မကြိုက်နိုင်တဲ့ တစ်ချက်ကတော့ Manual စနစ်နဲ့ မောင်းနှင် ရတာပဲ ဖြစ်ပြီးတော့ ပြည်တွင်းမှာက Autoစနစ်ကိုပဲ အသုံးများတာကြောင့် လူကြိုက်နည်းစေတာပါ။
ညာမောင်း မော်ဒယ် အနေနဲ့ ဈေးကွက်ဝင်လာတာ တွေ့ရပြီး ဆီစနစ်ကတော့ လူကြိုက်များပြီးသား Gasolineအနေနဲ့ ဖြစ်ပါတယ်။
၂၀၁၂ခုနှစ် ဝန်းကျင် ထုတ်လုပ်ထားတဲ့ မော်ဒယ်တွေ ပြည်တွင်း ဈေးကွက်မှာ လွယ်လွယ် ဝယ်နိုင်မယ့် အနေ အထား တွေ့ရပြီးတော့ တစ်ခု အားသာချက် ရှိတာက မူလ ပစ္စည်း အတိုင်း မြင်နေရသေးတဲ့ မော်ဒယ်ကို တခြား ပြိုင်ဖက် ဇိမ်ခံ မော်ဒယ်တွေထက်စာရင် ဈေးချိုချိုနဲ့ ရနိုင်မှာ ဖြစ်ပါတယ်။ ABSစနစ်နဲ့လည်း ဖြစ်မယ်၊ Key Lessအနေနဲ့လည်း သုံးနိုင်မယ်၊ ဘီးတွေ အနေနဲ့က အလူမီနီယမ်တွေနဲ့ လာမယ် ဆိုတဲ့ အပိုင်းမှာ Alloyသား မဟုတ်ပေမယ့် မူလဘီးတွေ ဖြစ်နေ တာကြောင့် အရည်အသွေးလည်း စိတ်ချရမှာ ဖြစ်ပါတယ်။
မော်ဒယ်မြင့် အနေအထား ဖြစ်ပေမယ့် သိန်း ၃၇၀လောက် ခေါ်ထားတဲ့ Audiမော်ဒယ်ကို ဝယ်နိုင်မယ့် အခွင့်အရေး ကတော့ Manualစနစ်ဆိုတဲ့ အားနည်းချက် တစ်ချက်ကို မေ့ထားလိုက်နိုင်ရင် သင့်အတွက် အကောင်းဆုံး မော်ဒယ် အနေနဲ့ရောက်ရှိလာမယ် ဆိုတာ သေချာနေတာပါ။ ဒီနေရာမှာ Autoနဲ့ လိုချင်တယ် ဆိုရင်လည်း နည်းနည်း ရှားပေမယ့် အစီးရေ အနည်းငယ် အနေအထားလောက်နဲ့ တွေ့ရပေမယ့် ဈေးမှာတော့ သိန်း ၂၀လောက် ပိုချင်ပါတယ်။