တောင်ကိုရီးယားနိုင်ငံမှာ နှစ်စဉ်ကျင်းပတဲ့ ဘေဆန်အနုပညာဆုပေးပွဲ (Baeksang Arts Award) ကို ဇွန်လ ၃ ရက်နေ့က ဂေါင်ဟီး တက္ကသိုလ် (Kyung Hee University) ရှိ Grand Peace Hall တွင် ကျင်းပပြုလု်ပ်ခဲ့ရာ တောင်ကိုရီးယား အနုပညာလောကမှ အနုပညာသမားများ စုံညီစွာ တက်ရောက်ခဲ့ကြပါတယ်။
ဘေဆန် အနုပညာ ထူးချွန်ဆုဟာ တောင်ကိုရီးယား အနုပညာလောကသား များကြားတွင် ရေပန်းစားတဲ့ အနုပညာထူးချွန်ဆု တခုလည်း ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားများနဲ့ ရုပ်သံအစီအစဉ်များတွင် ပါဝင် သရုပ်ဆောင်ခဲ့ကြသော အဓိက သရုပ်ဆောင်၊ ဇာတ်ပို့ သရုပ်ဆောင်များ၊ ဟာသ သရုပ်ဆောင်များ၊ ပရိသတ်များကြားတွင် ပေါ်ပြူလာ အဖြစ်ဆုံး သရုပ်ဆောင်များ၊ မျက်နှာသစ် သရုပ်ဆောင်များနှင့် ဒါရိုက်တာများ၊ ဇာတ်ညွှန်းရေးဆရာများကို ရွေးချယ်ပြီး အနုပညာထူးချွန်များကို ရွေးချယ်ပြီး ဆုချီးမြှင့်ခြင်းလည်းဖြစ်ပါတယ်။
ဒီနှစ်မှာတော့ ရုပ်ရှင်အတွက် ရွေးချယ်ပေးအပ်တဲ့ အနုပညာထူးချွန်ဆုနဲ့ ရုပ်သံဇာတ်လမ်းအတွက် ရွေးချယ်ပေးအပ်တဲ့ အနုပညာထူးချွန်ဆု ပေးအပ်ပွဲကို ခွဲခြားကျင်းပခဲ့ကာ ဇွန်လ ၃ ရက်နေ့ ညမှာတော့ ရုပ်သံဇာတ်လမ်းများတွင် ပါဝင်ခဲ့ကြသူများကိုသာ ရွေးချယ်ပြီး အနုပညာထူးချွန်ဆုကိုပေးအပ်ခဲ့ပါတယ်။
ဒီနှစ်အတွက် အနုပညာထူးချွန်ဆုရရှိသူတွေကတော့ တစ်ကြိုနာမည်စာရင်း ထွက်နေတဲ့ အနုပညာရှင် အများစု ပါဝင်တာကို တွေ့နိုင်ပါတယ်။ ဘေဆန်အနုပညာ ထူးချွန်ဆုပေးပွဲက နှစ်စဉ်နှစ်တိုင်းမှာ ပေးအပ်လေ့ရှိတဲ့ Daesang အနုပညာ ထူးချွန်ဆုကိုတော့ KBS ရုပ်သံမှ ထုတ်လွှင့်ပြသခဲ့တဲ့ Descended From the Sun ရုပ်သံဇာတ်လမ်းက ရရှိခဲ့ပါတယ်။
Best Drama ဆုကိုတော့ tvN မှ ထုတ်လွှင့်ပြသခဲ့တဲ့ Signal ရုပ်သံက ရရှိခဲ့ပါတယ်။ Variety Program ဆုကိုတော့ King of Masked Singers ကရရှိခဲ့သလို၊ Educational Program ဆုကိုတော့Examination ကရရှိခဲ့ပါတယ်။ ဒါရိုက်တာထူးချွန်ဆု (Directing) ကိုတော့ Shin Won-ho (Answer Me 1988) ရုပ်သံဇာတ်လမ်းက၎င်း၊ ဇာတ်ညွှန်းဆု (Scriptwriting) ကိုတော့ Kim Eun-hee (Signal) ကရရှိခဲ့ကာ ရရှိခဲ့ပါတယ်။
သရုပ်ဆောင်ထူးချွန်ဆုများကို ချီးမြှင့်တဲ့အခါမှာတော့ Top Excellence Actor ဆုကို Yoo Ah-in (Six Flying Dragons) ကရရှိခဲ့သလို၊ Top Excellence Actress ဆုကိုတော့ Kim Hye-soo (Signal) ကရရှိခဲ့ပြီး၊ မျက်နှာသစ် သရုပ်ဆောင်ထူးချွန်ဆုဖြစ်တဲ့ New Actor ဆုကိုတော့ Ryu Joon-yeol (Answer Me 1988) က ရရှိခဲ့ပါတယ်။ New Actress ဆုကိုတော့ Kim Go-eun (Cheese in the Trap) ကရရှိခဲ့ပါတယ်။ Variety, Male Performer ဆုကိုတော့ Kim Gu-ra ကရရှိခဲ့ပြီး၊ Variety, Female Performer ဆုကိုတော့ Kim Sook က အသီးသီးရရှိခဲ့ပါတယ်။
ပရိသတ်များကြား ရေပန်းအစားဆုံးဆုဖြစ်တဲ့ Popularity Award, Actor ဆုကိုတော့ Song Joong-ki (Descended From the Sun) ရရှိခဲ့ပြီး၊ Popularity Award, Actress ဆုကိုတော့ Song Hye-gyo (Descended From the Sun) ဆောင်းဆောင်း အတွဲက ရရှိခဲ့ပါတယ်။ InStyle Award ဆုကိုတော့ Park Bo-gum နဲ့ Bae Suzy အတွဲ ရရှိခဲ့ပြီး၊ iQiyi Global Star Award ဆုကိုတော့ Song Joong-ki နဲ့ Song Hye-gyo ဆောင်းဆောင်း အတွဲကပဲ ရရှိခဲ့ပါတယ်။