အမျိုးသားတွေဟာ သူတို့ရဲ့ ချစ်သူ ဒါမှမဟုတ် ဇနီးတွေရဲ့ လိင်စိတ်ဆန္ဒနဲ့ ပတ်သက်လို့ လျှော့တွက်တတ်ကြပေမယ့် တကယ် တော့ အမျိုးသမီးတွေမှာ သူတို့ရဲ့ ချစ်သူ ခင်ပွန်းတွေ ထင်ထားတာထက်ပိုပြီးတော့ လိင်ကိစ္စကို လိုချင်တဲ့ ဆန္ဒ ရှိနေနိုင် တယ်လို့ သုတေသီတွေက ဆိုပါတယ်။
Toronto တက္ကသိုလ်နဲ့ Western Ontario တက္ကသိုလ်က စိတ်ပညာရှင်တွေ ပြုလုပ်ခဲ့တဲ့ သုတေသန တခုအရ ကာလရှည် ကြာစွာ လက်တွဲခဲ့တဲ့ သူတွေ ဖြစ်နေရင်တောင်မှ အမျိုးသားတွေ က သူတို့ရဲ့ ဇနီး၊ ချစ်သူတွေရဲ့ စိတ်ဆန္ဒကို လျှော့တွက် လေ့ ရှိတယ် ဆိုတာကို တွေ့ရှိခဲ့ပါတယ်။
သုတေသနမှာ လေ့လာမှု ၃ ပြုလုပ်ခဲ့ပြီး ဖျမ်းမျှ ၆ နှစ်လောက် လက်တွဲခဲ့ကြတဲ့ စုံတွဲ ၂၂၉ တွဲကို စမ်းသပ်ခဲ့တာဖြစ်ပါတ ယ်။ သူတို့ တွေက အသက် ၁၈ နှစ်က နေ ၆၈ နှစ်ကြားဖြစ်ပြီးတော့ ပျှမ်းမျှ တပတ်ကို တကြိမ် သို့ မဟုတ် ၂ကြိမ်လောက် လိင်ဆက်ဆံမှု ပြု ကြတဲ့ သူတွေလည်း ဖြစ်ပါတယ်။
လေ့လာမှု အမှတ်(၁) အနေနဲ့ စုံတွဲ ၄၄ တွဲကို ၃ ပတ်ကြာကာလအတွက် နေ့စဉ်မှတ်တမ်းရေးခိုင်းပါတယ်။ သူတို့တွေဟာ ကိုယ့်ရဲ့ နေ့စဉ် လိင်စိတ်ဖြစ်ပေါ်မှု အခြေအနေကို မှတ်တမ်းတင်ရမှာ ဖြစ်သလို သူတို့ လက်တွဲဖော်တွေရဲ့ လိင်စိတ် အ ခြေအနေ အပေါ်အမြင်နဲ့ စိတ်ကျေနပ်မှု အနေအထားကိုလည်း ထည့်ရေးရမှာ ဖြစ်ပါတယ်။
လေ့လာမှု အမှတ်(၂) အနေနဲ့ စုံတွဲ ၈၄ တွဲကို ဓာတ်ခွဲခန်းကို ခေါ်ယူပြီး အမှတ် (၁)မှာပါဝင်တဲ့ အချက် ၃ ချက်ကိုပဲ တကြိမ် တည်း မေးမြန်းမှတ်တမ်းတင်ပါတယ်။
လေ့လာမှု အမှတ်(၃)က စုံတွဲ ၁၀၁တွဲက လည်း ဒီအချက် ၃ခုကိုပဲ ၃ပတ်ကြာ မှတ်တမ်းရေးပေးရမှာ ဖြစပေမယ့် သူတို့ကို ကျတော့ လိင်ဆက်ဆံမှုကို ညင်းပယ်တဲ့ အခြေအနေမရောက်အောင် ဘယ်လို လှုံ့ဆော်မှုတွေ ပြုလုပ်သလဲ ဆိုတာကိုပါ ရေးမှတ်ခိုင်းခဲ့ပါတယ်။
လေ့လာမှု ၃ ခုလုံးမှာ တူညီနေတာကတော့ အမျိုးသားတွေက အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒကို လျှော့တွက်ခဲ့ကြပေ မယ့် အမျိုးသမီးတွေကတော့ ကိုယ့်ရဲ့ အမျိုးသားဟာ လိင်မှုကိစ္စအပေါ် စိတ်ပါဝင်စားခြင်း ရှိ၊ မရှိ ဆိုတာကို မှန်ကန်စွာ ဖတ်နိုင်ကြတယ်ဆိုတာပါပဲ။ အမျိုးသားတွေက သူတို့ရဲ့ အဖော်က စိတ်ဝင်စားမှုနည်းတယ်လို့ ထင်ကြောင်းရေးခဲ့ကြ ပေ မယ့် တချိန်တည်းမှာပဲ သူတို့ရဲ့ အမျိုးသမီးတွေက စိတ်ကျေနပ်မှုရခဲ့တယ်လို့ ဖော်ပြထားတာကို သူတို့ မှတ်တမ်းတင်ခဲ့ တဲ့ ဒိုင်ယာရီတွေ အရသိခဲ့ရပါတယ်။
သုတေသီတွေကတော့ အမျိုးသားတွေက အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒကို လျှော့တွက်ကြတာဟာ ငြင်းဆန်ခံရမှာကို ရှောင်ရှားချင်တဲ့ စိတ်ကြောင့်လို့ ယုံကြည်ထားကြပါတယ်။ တကယ်လို့ အမျိုးသား တယောက်က လိင်ဆက်ဆံဖို့ စတင် လာချိန်မှာ ဇနီးသည်က ငြင်းပယ်မယ်ဆိုရင် သူ့အနေနဲ့ စိတ် အနှောင့်အယှက် ဖြစ်ရနိုင်ပါတယ်။ အဲဒါကြောင့် အမျိုး သမီး ဘက်က စိတ်မဝင်စားဘူး၊ စိတ်ဆန္ဒ မရှိဘူးလို့ ယူဆထားလိုက်ရင် ဒီလိုခံစားရမှာ မဟုတ်တော့လို့ပါ။ မသိစိတ် က ကိုယ့်ကိုယ်ကို လိမ်မိတာမျိုးပါပဲ။
“ကြာလာရင် အမျိုးသမီးတွေက လိင်စိတ်ဆန္ဒကျဆင်းလာ လိမ့်မယ်လို့ ဆိုတဲ့ အယူအဆကို ဖယ်ထုတ်ဖို့ လိုအပ် ပါ တယ်။” လို့ Kentucky တက္ကသိုလ်က လိင်မှုဆိုင်ရာ ကျန်းမာရေး ဓာတ်ခွဲခန်းရဲ့ ဒါရိုက်တာ Kristen Mark က ပြောပါ တယ်။
အမျိုးသားတွေက အမျိုးသမီးတွေရဲ့ လိင်စိတ်ဆန္ဒကို လျှော့တွက်ကြရတဲ့ အကြောင်းရင်း တွေ အများကြီး ရှိတယ်လို့ စိတ် ပညာရှင်တွေက ပြောကြပါတယ်။ တချို့ အမျိုးသမီးတွေက လိင်ဆက်ဆံမှု အစပိုင်းမှာ သက်တောင့်သက်သာ မရှိတာကို ခံစားကြရပါတယ်။ တခြားသူတွေက သူတို့ အရိပ်အယောင်ပြတာတွေကို လစ်လျူ ရှုခံရတာ အကြိမ်ကြိမ်ဖြစ်လာခဲ့ရင် သူတို့ ဘက်ကနေ စတင်ဖို့ မလုပ်ကြတော့ပါဘူး။ အများစုကတော့ သူတို့ရဲ့ စိတ်ဆန္ဒကို အမျိုးသားတွေ နားလည်အောင် မပြသတတ်ကြတာ ဖြစ်ပါတယ်။
အမျိုးသမီးတွေက သူတို့ရဲ့ စိတ်ဆန္ဒကို သိသာမြင်သာဖြစ်အောင် မပြနိုင်တဲ့ ပြဿနာက စုံတွဲတွေ၊ ဇနီးမောင်နှံတွေ ထင် ထားတာထက်ပိုတယ်လို့ နယူယောက်မြို့က လိင်မှုရေးရာနဲ့ အိမ်ထောင်ရေး ကုထုံးပညာရှင် တဦးဖြစ်တဲ့ Sari Cooper က ပြောပါတယ်။
ဒါဆိုရင် စုံတွဲတွေ ဇနီးမောင်နှံတွေ အနေနဲ့ ဘာလုပ်နိုင်ပါသလဲ။ နားလည်မှု တခုကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။ အပြန်အလှန် အရိပ်အကဲ နားလည်နိုင်ဖို့ ဆွေးနွေးတိုင်ပင်မှုတွေ လုပ်ရမှာဖြစ်ပါတယ်။ ကိုယ့်ဆန္ဒ၊ သူ့ဆန္ဒ နဲ့ အရိပ်အခြည်၊ ခံစားမှုတွေ ကို သိထားကြဖို့ လိုပါတယ်။
တကယ်လို့ လိင်ကိစ္စနဲ့ ပတ်သက်လို့ ဒါမှမဟုတ် အကဲဆတ်တဲ့ ကိစ္စတွေ ပြောဆိုကြပြီဆိုရင် သူ့ကို ရည်ရည်ညွှန်းတဲ့ “မင်း”၊ “နင်” ဆိုတဲ့ စကားလုံးတွေ အစား “ငါတို့” လို့ သုံးနှုန်းသင့်ပါတယ်။ “ဒါကငါ့အတွက်တော့ အရေးကြီးတယ်။ ဒီတော့ တို့ ၂ယောက်လုံး အတွက် အဆင်ပြေမယ့် အခြေအနေတခုကို ငါတို့ ဘယ်လို ဖန်တီးကြမလဲ” ဆိုတာမျိုး စတင်သင့်တယ် လို့ Sari Cooper က ပြောပါတယ်။
Ref: The World Street