Lifestyle

လုပ်ငန်းသုံးနဲ့ အိမ်စီးအတွက် အကြိုက်များတဲ့ Daihatsu Hijet

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပြည်တွင်း ဈေးကွက်မှာ Townaceတွေ နောက်ပိုင်း ဝန်လည်း တင်နိုင်တယ်၊ ဈေးလည်း ချိုတယ်၊ အင်ဂျင် လည်း သေးလို့ ဆီစားနှုန်းကလည်း ချိုသာသေးတယ်၊ ကိုယ်ထည်လည်း သေးတော့ ထားဖို့နေရာအတွက်ပါ အဆင်ပြေတဲ့ Hijetလို အသေးစား ကုန်တင်မော်ဒယ်တွေ နေရာ ရလာတာ ၅နှစ်လောက် ရှိပါပြီနော်။

Suzuki Carry, Subaru Samberတွေနဲ့ အပြိုင် ဖြစ်ပေမယ့် Toyotaနဲ့ မိတ်ဆက် ကုမ္ဗဏီက ထုတ်လုပ်ထား တာလည်း ဖြစ်၊ အရည်အသွေးနဲ့ တည်ဆောက်ပုံလည်း အကောင်းဆုံးဖြစ်၊ အပိုပစ္စည်း ပေါများမှုလည်း ထိပ်ဆုံး ကမို့ ဈေးနှုန်းကတော့ အမြင့်ဆုံး၊ လူကြိုက်လည်း အများဆုံးပါ။ ဒီရက်ပိုင်း အခွန်ကောက်ခံမှု ပုံစံ ပြောင်းသွား တယ်၊ အခွန်နှုန်းတိုးသွားတယ်၊ ပါကင်ထောက်ခံချက်က အစ ကားတင်သွင်းမှု ထိန်းထားတာကြောင့် ဈေးကွက် အတွင်း ကားဈေးတွေ တက်သွားပေမယ့် တစ်ခုတည်း ဈေးတက်တာ မဟုတ်တဲ့ အနေအထားမှာ Hijetက အရင်လို နေရာကောင်းရနေဆဲပါပဲ။

မော်ဒယ်က Carryလို မော်ဒယ်ထက် ရုပ်ထွက်ပိုင်း ပိုတည်ငြိမ်တယ်၊ အတွင်းခန်း ကျယ်တယ်၊ တပ်ဆင် ပစ္စည်း ကောင်းမွန်တယ်၊ အရည်အသွေးရှိတယ်၊ ဒါ့အပြင် စွမ်းဆောင်ရည်နဲ့ ဝန်တင်ဆောင်နိုင်မှုမှာလည်း Hijetက အင်ဂျင် အရွယ်အစား အတူတူချင်းကို နည်းနည်း သာချင်နေသေးတာပါ။

အမြန်နှုန်း မြှင့်တင်နိုင်မှုနဲ့ ရုန်းကန်နိုင်မှု အပိုင်းမှာ Hijetက တခြား တန်းတူ မော်ဒယ်တွေထက် သာပါတယ်။ ခရီးဝေး မောင်းနှင်နိုင်မှုလည်း အတော်အတန် ကောင်းမွန်ပါတယ်။ တောင်တက်လမ်းကြောင်းတွေနဲ့ ပြည်နယ် အနေအထားတွေမှာပါ Hijetကို ပိုကြိုက်ကြပါတယ်။

အင်ဂျင်ပါဝါ ၆၆၀စီစီသုံး မော်ဒယ်လောက်ကို ခရီးဝေး၊ ဝန်များများ မခိုင်းကြတာ ဆိုတော့ မြို့တွင်းမှာပဲ လိုအပ်ရင် လိုအပ်သလို သွက်သွက်လက်လက် မောင်းနှင်နိုင်တဲ့ Hijetကို လူတွေ စိတ်ဝင်စား နှစ်သက် လာတာပဲ ဖြစ်ပါတယ်။

နောက်ဆုံး ပြောရမယ့် တစ်ချက်ကတော့ ဈေးနှုန်း အပိုင်း ဖြစ်ပြီး အရင်က Truckတွေထဲမှာ Carryက ဈေးအနည်းဆုံး ဖြစ်ပေမယ့် အခု နောက်ပိုင်း Samberတွေက ဈေးပိုချိုပါတယ်။ Hijetကတော့ လူလည်းကြိုက်၊ အရည်အသွေးလည်း ကောင်းလို့ ပြိုင်ဖက်တွေတော့ ဈေးမာချင်ပါတယ်။ ဒါပေမယ့် ၂၀၀၅ခုနှစ် ဝန်းကျင်ထုတ် Hijetတွေမှာတော့ မော်ဒယ်နှစ်တူ ပြိုင်ဖက်တွေထက် ဈေးချိုချင်ပါတယ်။

ဒါက အရည်အသွေးကြောင့် ဆိုတာထက် မော်ဒယ် နိမ့်လို့ ဈေးကျတဲ့ သဘောပါပဲ။ မောင်းနှင်ပြီး ကီလိုကို ကြည့်ပြီး အနေအထား ခန့်မှန်းနိုင်တဲ့ အခြေအနေမှာ မော်ဒယ် အရမ်းနိမ့်လွန်းတယ်လို့ မဆိုစေချင်ပါဘူး။ ပျမ်းမျှတော့ မောင်းနှင်ပြီး ကီလို ၇သောင်း ဝန်းကျင်တွေ ဈေးကွက်မှာ အတွေ့ရများပြီးတော့ Manualနဲ့ ဆိုရင် ၆၆သိန်းလောက် အခေါ်ရှိပေမယ့် ဈေးပြန်ငြိမ်လာနေတဲ့ အချိန်မှာ ၆၃လောက်နဲ့ ပွဲဖြစ်တာတွေ ရှိပါတယ်။

ဒီနေရာမှာ Autoနဲ့ လိုချင်ရင်တော့ ၂၀၀၇နဲ့ နောက်ပိုင်းထုတ် မော်ဒယ်တွေ ဈေးကွက်မှာ အရှိများပြီး မောင်းနှင်ပြီး ကီလို ၅သောင်းနဲ့ အောက်ဖက် ဆိုရင်တော့ ၈၇သိန်းအဆို၊ ကီလို တစ်သိန်း ဝန်းကျင် ဆိုရင် ၇၄သိန်းလောက် ဆိုကြပါတယ်။

အလျှော့အတင်းနဲ့ ပြန်ချိန်ရင် ကျပ် ၃သိန်းလောက် ဈေးကစားချင်ပြီးတော့ ၂၀၁၀ခုနှစ် ဝန်းကျင်ထုတ် မော်ဒယ် အမြင့်လိုချင်တယ် ဆိုရင်တော့ အနက်ရောင်လို အရောင်ပါ ရွေးချယ်လာနိုင်မှာ ဖြစ်ပြီး Autoနဲ့ ဖြစ်ပေမယ့် ကီလို တစ်သိန်းလောက် သုံးထားတတ်သလို ဈေးနှုန်းက ၉၈သိန်းလောက် ခေါ်နေကြပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading