ပြည်တွင်းဈေးကွက်မှာ Honda Partner ဆိုတာက လူစီးနည်းနေသေးတဲ့ မော်ဒယ် တစ်ခုလို့ ဆိုရမှာပါ။ အကြောင်းကတော့ လက်ရှိ ပြည်တွင်းမှာက Hondaဆိုရင် Civicတို့ Fitတို့ Insightတို့ CR-Vတို့ပဲ လူကြိုက်များ တာကြောင့် ဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက်မှာ ကားဝယ်ယူသူ တော်တော်များများက တခြား မော်ဒယ်တွေကို စိတ်ကြိုက်ရွေးချယ် ဆုံးဖြတ် ဝယ်ယူကြတာ မျိုး သိပ်မဟုတ်လှပဲ လူစီးများတဲ့ မော်ဒယ်ကိုပဲ ရွေးချယ် ဝယ်ယူ နေကြတာ တွေ့နေရပါတယ်။
Honda Partner က အရည်အသွေးကောင်းတဲ့ မော်ဒယ် တစ်ခု ဖြစ်လို့ ပြောရမယ် ဆိုရင် သူများနဲ့ မတူတဲ့ မော်ဒယ်မျိုး စီးချင်တယ် ဆိုတဲ့ သူတွေ အတွက်တော့ အဆင်ပြေလိမ့်မယ်လို့ ယူဆပါတယ်နော်။
ရုပ်ထွက်ပိုင်းကတော့ Partnerက လက်ရှိ လူကြိုက်များနေပြီးသား ဖြစ်တဲ့ Insightတို့ Civicတို့နဲ့ ရုပ်ထွက်ချင်း ဆင်တူပါတယ်။ ဒါပေမယ့် ရုပ်ထွက်ပိုင်းမှာသာ ဆင်တာ ဖြစ်ပေမယ့် ကိုယ်ထည်ပိုင်း ဆွဲဆောင်မှု အပိုင်း မှာတော့ Partnerက အနည်းငယ် အားနည်းတာကြောင့် သူ့ကို လူကြိုက်နည်းတာ ဖြစ်ပါတယ်။
ခရီးဝေး သွားလာနိုင်မှုလို အပိုင်းတွေကအစ အမြန်နှုန်း မြှင့်တင်မောင်းနှင်နိုင်မှု တွေ အပါအဝင် နောက်ဆုံး ရေရှည် စီးနင်းနိုင်မှု ဆိုတဲ့ အပိုင်းတွေထိလောက်အောင်ကိုပဲ မော်ဒယ်က ကောင်း မွန်တာလည်း ဖြစ်ပါတယ်။ အင်ဂျင်ပိုင်းမှာက ဒီလောက်ကြီး ကြီးမားတဲ့ အင်ဂျင်စနစ်ကို တပ်ဆင်ထားတာမျိုး မဟုတ်ဘဲ ၁ ဒသမ ၅လီတာသုံး အင်ဂျင် ဆိုတဲ့ အနေအထားက ပြောရရင် အကောင်းဆုံး အနေအထားပါ။
တကယ်လည်း ၁ ဒသမ ၃လီတာသုံးတွေဆိုရင် အင်ဂျင်ပါဝါ သေး ငယ်တယ်လို့ ဆိုချင်သလို ၂ ဒသမ ဝလီတာသုံး ဆိုရင်လည်း အိမ်စီးကားတစ်စီးအတွက် အင်ဂျင်ပါဝါ ကြီးသွားပါလိမ့်မယ်။
၂၀၀၉ ခုနှစ် ဝန်းကျင်လောက် မော်ဒယ်ဆိုရင်ပဲ ဈေးနှုန်းက ကျပ်သိန်း ၁၄၀လောက် ဈေးရှိပေမယ့် အရောင်ရွေးချယ်နိုင်မှု အပိုင်း အဖြူတွေပဲ အတွေ့ရများပြီး ရွေးချယ်နိုင်မှု အားနည်းချင်ပေမယ့် ဆေးသားအကျ မမြန်တဲ့ အချက် တစ်ချက်တော့ စိတ်ကြိုက် ဖြစ်စရာပါ။
Autoစနစ်နဲ့ သွားမှာ ဖြစ်ပြီး မိသားစုစီး မော်ဒယ် အဖြစ် အံဝင်ပါလိမ့်မယ်။ ခရီးဝေးလည်း မောင်းနှင်နိုင်မယ်၊ ဆီစားလည်း ချိုသာသလို မော်ဒယ်မြင့် ဇိမ်ခံ အမျိုးအစားအနေနဲ့လည်း ရနိုင်ပါတယ်။