Kpop အဆိုတော် Se7en (ဆဲလ်ဗင်း) ရဲ့ တကျော့ပြန် ဂီတခြေလှမ်း
This article has been converted from Zawgyi One to Unicode
စစ်မှုတာဝန်ထမ်းဆောင်ပြီးနောက် ပထမဦးဆုံး ဂီတခြေလမ်းအဖြစ် “Rainbow” ဆိုတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်ကို ထုတ်ဝေလိုက်တဲ့ ကိုရီးယားပေါ့ပ် အဆိုတော် Se7en (ဆဲလ်ဗင်း) ဟာ ဂျပန်နိုင်ငံမှာ ဂီတဖျော်ဖြေပွဲကို ကျင်းပသွားမှာဖြစ်ကြောင်း သူ့ရဲ့ အနုပညာအေဂျင်စီ YG Family မှ သတင်းထုတ်ပြန်လိုက်ပါတယ်။
Se7en (ဆဲလ်ဗင်း) ဟာ စစ်မှုတာဝန်ကို ၂၀၁၃ ခုနှစ်မှာ စတင်ထမ်းဆောင်ခဲ့ပြီး တာဝန် ထမ်းဆောင်နေစဉ် ကာလ ၂ နှစ် အတွင်းမှာ သူ့ရဲ့ သတင်းမှန်သမျှဟာ တိမ်မြှုပ်နေခဲ့ပါတယ်။ စစ်မှုတာဝန် ထမ်းဆောင်အပြီး တကိုယ်တော် အယ်လ်ဘမ်ကို ချက်ချင်း စီစဉ်ခဲ့ပြီး ၂ နှစ်တာ ဝေးကွာနေတဲ့ သူ့ရဲ့ပရိသတ်များအတွက် ထုတ်ဝေနိုင်ခဲ့ပါတယ်။

Se7en (ဆဲလ်ဗင်း) ရဲ့ အနုပညာအေဂျင်စီမှ အသစ်ထွက်ရှိထားတဲ့ အယ်လ်ဘမ်ထဲက သီချင်းအသစ်ကို YouTube မှာ စက္ကန့် ၃၀ စာ လွှင့်တင်ခဲ့ရာမှာ သူ့ရဲ့ ပရိသတ်များစွာ အားပေးခဲ့ကြပါတယ်။ “ဒီသီချင်းဟာ Se7en (ဆဲလ်ဗင်း) အနေနဲ့ ပထမဦးဆုံး ပြန်လည် သီဆိုလိုက်တဲ့ သီချင်းဖြစ်ပြီး သူ့ပရိသတ်များအတွက် အကောင်းဆုံး သီဆိုခဲ့တယ်” လို့ သူ့အနုပညာ အေဂျင်စီက ဆိုပါတယ်။ ဂျပန်နိုင်ငံမှာ ဂီတဖျော်ဖြေပွဲကို ပြုလုပ်ရန်စီစဉ်နေပြီ ဖြစ်ပေမယ့် ကိုရီးယားမှာ ပြုလုပ်ဖို့အတွက်တော့ အတိအကျ မပြောသေးပါဘူး။
Se7en (ဆဲလ်ဗင်း) ဟာ ဂီတလောကထဲကို ၂၀၀၃ ခုနှစ်က Just Listen အယ်လ်ဘမ်နဲ့ ဂီတလောထဲကို စတင်ဝင်ရောက်ခဲ့ပြီး ပရိသတ်များကြားမှာ ပေါ်ပြူလာဖြစ်ခဲ့တဲ့ သီချင်းတွေကတော့ “Come Back to Me” သီချင်းနဲ့ “Passion” စတဲ့ သီချင်းတွေပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်မှုအနေနဲ့ ၂၀၀၇ ခုနှစ်က MBC ရုပ်သံဇာတ်လမ်း Goong S မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
Ref: www.koreatimes.co.kr