လိင်ဆက်ဆံရာမှာ အရမ်းကို ပင်ပန်းနေပါသလား။ ဒီလိုပင်ပန်း နွမ်းနယ်တာက အမြဲလို ကြုံနေရတာပဲ ဖြစ်စေ၊ ခု တလောမှသာ ကြုံလာရတာပဲ ဖြစ်စေ အဲဒါက ကိုယ့်ရဲ့လိင်မှုဘဝနဲ့ ဆက်ဆံရေး ဒါမှမဟုတ် အိမ်ထောင်ရေးကိုလည်း ထိခိုက်စေမှာ အမှန်ပါပဲ။
ဒါကြောင့် လိင်ဆက်ဆံရာမှာ အလွန်ပင်ပန်းရတဲ့ အခြေအနေကနေ ကာကွယ်ပေးနိုင်တဲ့ အချက် ၇ ချက်ကို ဖော်ပြပေး လိုက်ပါတယ်။
ဘာကြောင့် ဖြစ်ရသလဲ ဆိုတာကို ဖော်ထုတ်ပါ။
လိင်ဆက်ဆံရင် အနည်းနဲ့ အများ ဆိုသလို ပင်ပန်းတာက သဘာဝပါ။ ဒါပေမယ့် ဒီလိုအလွန် ပင်ပန်းတာမျိုး တခါမှ မဖြစ်ခဲ့ဖူးဘူး ဆိုရင် ဘာဖြစ်နေသလဲဆိုတာကို ရှာဖွေဖို့ ကြိုးစားပါ။ အလုပ်တွေပိုများလာလို့လား ဒါမှမဟုတ် အစား အသောက် ပုံစံပြောင်း သွား လို့လား ဆိုတာကိုကြည့်ပါ။ နေမကောင်း ဖြစ်နေသလား၊ ဆေးဝါး အသစ် တမျိုးမျိုးကို စပြီးသောက် ဖြစ်သလား ဆိုတာကို စဉ်းစားကြည့်ပါ။ တွေ့ရတဲ့ လက္ခဏာတွေကို မှတ်သားပြီး ဆရာဝန်နဲ့ ပြသတိုင်ပင်ပါ။
အိပ်ချိန်ကို ပြန်သုံးသပ်ပါ။
ကြားရက်တွေမှာ စောစောထရတဲ့ အတွက် သီတင်းပတ်ကုန်ရက်တွေမှာ အိပ်ရေးဝအောင် ပြန်အိပ်တာ မျိုးကို ကောင်း တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် တနင်္ဂနွေလို ညမျိုးမှာ တညလုံးလျှောက်သွားတတ်တာမျိုးကတော့ အိပ်ရေးပျက်စေ သလို မကောင်းတဲ့ ရလဒ်တွေကိုသာ ပေးမှာ ဖြစ်ပါတယ်။ ညစဉ်ညတိုင်း အိပ်ရာဝင်ချိန်ကို ပုံမှန်ထားခြင်းက ကောင်းမွန် တဲ့ အလေ့အထတခု ဖြစ်ပါတယ်။ အတိအကျကြီးလုပ်စရာ မလိုပေမယ့် ကိုယ့်ရဲ့ အချိန်ထက် ၁ နာရီလောက်ထက်ပိုပြီး နောက် မကျသင့်ပါဘူး။ ဒါမှ အိပ်ရေးဝမှာ ဖြစ်ပါတယ်။
လိင်ကိစ္စနဲ့ ပတ်သက်တဲ့ အချိန်ဇယားကို ပြန်ကြည့်ပါ။
လိင်ဆက်ဆံရာမှာ အရမ်းပင်ပန်းတယ် လို့ ပြောတဲ့သူ အများကြီးရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အချိန်ဇယားကို ပြန်ကြည့် လိုက်မယ်ဆိုရင် ည ၁၁ ရီလောက်မှ လိင်ဆက်ဆံတာမျိုး ဖြစ်နေတာကို တွေ့ကြရပါတယ်။ အဲဒါက တနေကုန် လှုပ်ရှား သွားလာနေသူတယောက် အတွက် အနွမ်းနယ်ဆုံး ဖြစ်နေမယ့် အချိန်မျိုး ဖြစ်နေပါတယ်။ အဲဒီလို လုပ်မယ့် အစား ဘယ် လို အချိန်တွေမှာ လိင်ဆက်ဆံမှု လုပ်နိုင်မလဲ ဆိုတာပြန်စဉ်းစားကြည့်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ အဖော် သို့ မဟုတ် အိမ်ထောင်ဖက်နဲ့ ညှိနှိုင်းလို့ ရမယ်ဆိုရင် နေ့လည်ခင်းမှာပဲဖြစ်ဖြစ် အိပ်ရေးဝပြီး အားအင် အပြည့်ဆုံးဖြစ်နေတဲ့ အလုပ်မသွားခင် မနက်ခင်း အချိန်မျိုးမှာဖြစ်ဖြစ် ဆက်ဆံကြည့်သင့်ပါတယ်။ အဲဒီလို အချိန်မှာ ကိုယ့်မှာ ရှိနေတဲ့ အင်အား တွေ၊ စိတ်ဆန္ဒတွေ ကို ကိုယ့်ဖာသာတောင် ပြန်ပြီး အံ့အားသင့်သွာစေနိုင်ပါတယ်။
လိင်ကိစ္စနဲ့ ပတ်သက်တဲ့ စိတ်ကူးတွေကို မပစ်ပယ်ပါနဲ့။
လိင်ဆက်ဆံရာမှာ ကောင်းမွန်တဲ့ စိတ်ခံစားမှုကို လိုချင်တယ်ဆိုရင် ကိုယ့်ရဲ့ လိင်မှုသဘာ၀ နဲ့ ဆက်သွယ်မှု မပျောက်ပျက် ပါစေနဲ့။ ကိုယ့်ဘက်က စိတ်ပါဝင်စားမှု ရှိနေဖို့လည်း လိုပါတယ်။ အလုပ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို တွေးပြီး စိတ်ပူပင်နေတဲ့ အချိန်မှာ လိင်မှုကိစ္စနဲ့ ပတ်သက်လို့ သာယာတဲ့ ခံစားမှုတွေ ရောက်လာမှာ မဟုတ်ပါဘူး။ လိင်ဆက်ဆံမှု မပြုခင် ကိုယ့်အဖော်နဲ့ ပူးပူးကပ်ကပ် တရင်းတနှီးနေဖို့လည်း အချိန်ပေးပါ။ ဒီလိုနေထိုင်ခြင်းက ခံစားချက်တွေကို ပိုပြီး တော့တောက်လောင်စေနိုင်သလို စိတ်ဖိအားတွေကိုလည်း ပျယ်လွင့်အောင် ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း လုပ်ပါ။
လေ့ကျင့်ခန်းလုပ်ရင် ပိုပင်ပန်းမှာပေါ့လို့ ဆိုကြနိုင်ပေမယ့် တကယ်တော့ မနက်စောစော ထပြီးလေ့ကျင့်ခန်း လုပ်တာက တနေ့တာအတွက် စွမ်းအင်တွေ ပိုပေးနိုင်ပါတယ်။ ညဘက်မှာလည်း ပိုပြီး အိပ်လို့ ကောင်းစေပါတယ်။ ဒါပေမယ့် အိပ်ရာ မဝင်ခင် အချိန်မှာတော့ လေ့ကျင့်ခန်း မလုပ်ပါနဲ့။ မအိပ်ခင်လေ့ကျင့်ခန်း လုပ်ရင် နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်တော့မှာ မဟုတ်ပါဘူး။
စားသောက်မှုပုံစံကို ပြန်ဆန်းစစ်ပါ။
ကစီဓာတ်နည်းအောင်လုပ်ထားတဲ့ အစားအစာတွေ၊ ပြုပြင်ထုတ်လုပ်ထားတဲ့ အစားအစာတွေကို အလွန်အကျွံစားမယ် ဆိုရင် နုံးတာ၊ မောပန်းနွမ်းနယ်တာတွေကို ခံစားရမှာဖြစ်ပါတယ်။ ကဖင်း သို့မဟုတ် သကြားကို စားသုံးတာ များမယ် ဆို ရင်လည်း တခါတလေမှာ အင်အားကုန်ခမ်းမှုကို ခံစားရနိုင်ပြီးတော့ အရင်ကထက်ပိုမို မောပန်းနေတာ မျိုးတွေ ကြုံတွေ့ရ မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကဖင်းဓာတ်စားသုံးမှုကို ကန့်သတ်ပါ။ ကော်ဖီကို တနေ့ ၁ ခွက်၊ ၂ခွက် လောက်ပဲ သောက်ပါ။ ကဖင်းဓာတ်မပါတဲ့ လက်ဘက်ရည် ဒါမှမဟုတ် ရေ ကိုပဲ တနေ့လုံးသောက်ဖို့ ကြိုးစားပါ။
အိပ်ရာ မဝင်ခင် ၂ နာရီ အလိုလောက်ကစလို့ အစားမစားပါနဲ့။
အိပ်ရာမဝင်ခင် အစားစားတဲ့သူ အများကြီး ရှိပါတယ်။ ဒါပေမယ့် အဲဒီအလေ့အကျင့်က အိပ်စက်မှုကို အတားအဆီးဖြစ် စေပါတယ်။ တကယ်လို့ ဘယ်လိုမှ မနေနိုင်အောင် ဆာလောင်နေတယ်ဆိုရင်တော့ ငှက်ပျောသီး တလုံးစားလိုက်ပါ။ ငှက် ပျောသီးမှာပါတဲ့ပ ပိုတက်ဆီယမ် ဓာတ်က နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်ဖို့ အထောက်အကူ ဖြစ်စေပါလိမ့်မယ်။
Source: everydayhealth.com