Lifestyle

ချစ်စရာရေဘူးလေးများ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လက်ရှိမှာ ကျောင်းဖွင့်ရာသီချိန်လည်း ဖြစ်နေပြီဆိုတော့ ဒီလိုအချိန်နဲ့ လိုက်ဖက်မယ့် ပစ္စည်းလေးတွေကို မိတ်ဆက်ပေးချင်မိတာ အမှန်ပါ။

ဒီဘက်ခေတ်မှာက ချစ်စရာ အသုံးအဆောင် ပစ္စည်းပစ္စယလေးတွေဟာ အလှအပကို ကြိုက် နှစ်သက်သူတွေအတွက် မလိုချင်မှ အဆုံး ပေါများလွန်းလှတာကို တွေ့ရပါတယ်။

ဒီလို အသုံးအဆောင်ပစ္စည်းလေးတခုလည်းဖြစ် ကျောင်းသား၊ကျောင်းသူ ကလေးငယ်လေးတွေ၊ ရုံးသွား ကျောင်းသွား မိန်းကလေးငယ်လေးတွေလည်း မျက်စိကျစရာဖြစ်မယ့် ချစ်စရာရေဘူးလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရေဆိုတာကလည်း ကျန်းမာရေးအတွက် မရှိမဖြစ် အလိုအပ်ဆုံးအရာပဲလေ။ ဒါကြောင့် တချို့တွေက ကိုယ်ပိုင်ရေဘူးငယ်လေးတွေနဲ့ ရေကို သွားလေရာ ယူဆောင်သွားတတ်ကြတာ စတိုင် တခုလိုတောင် ဖြစ်နေပါပြီ။

ပုံမှာမြင်တွေ့ရတဲ့အတိုင်း ရေဘူးလေးတွေဟာ ချစ်စရာကောင်းတဲ့အပြင် အရုပ်ကလေးတွေ အဓိပ္ပာယ် အမျိုးမျိုးသော စာတန်းလေးတွေလည်း ပါရှိတာပါ။ အခုနောက်ပိုင်း ဒီ ရေဘူးပုံစံလေးတွေဟာ အတော်ကို ခေတ်စားလာပါတယ်။

ဒီရေဘူးလေးတွေက အပူဒဏ်ကိုတော့ သိပ်မခံနိုင်ပဲ ရေအပြင် ဖျော်ရည်၊ ice coffee ထည့်သုံးလို့ ရနိုင်ပါတယ်။ နောက်တခုက ဒီဇိုင်းဆန်းပြီး စာတန်းလေးတွေလည်း ပါတာမို့ ကိုယ်လိုချင်တဲ့ စာတန်းအဓိပ္ပာယ်နဲ့ ချစ်သူခင်သူတွေကို လက်ဆောင်ပေးတာပဲဖြစ်ဖြစ်၊ အရုပ်လေးတွေ ခေါက်ထည့်ပြီး အမှတ်တရ သိမ်းတာမျိုးပဲဖြစ်ဖြစ် သုံးနိုင်ပါတယ်။ ကော်အမာဖြစ်တဲ့အတွက် ပြုတ်ကျလည်း မကွဲနိုင်ဘူးပေါ့။

“ပစ္စည်းကတော့ တရုတ်က လာပါတယ်။ ဈေးနှုန်းက ၅၀၀၀ ကျပ်ကနေ ၉၅၀၀ အထိ ဒီဇိုင်းကို လိုက်ပြီး ကွဲပြားပါတယ်။ ကော်အမာဖြစ်ပြီး အပူပြင်းပြင်းတော့ ထည့်လို့မရဘူး” လို့ Mandalay Fair Price Online Mart မှ မနိုရာက ပြောပါတယ်။

ကဲ ဈေးနှုန်းကလည်း သင့်တင့်တယ်ဆိုတော့ လှလှပပ အသုံးအဆောင်လေးတွေကို လက်မလွတ်အောင် ဝယ်ယူ သုံးစွဲတတ်ကြသူတွေအတွက်လည်း အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading