Lifestyle

ပွဲအခမ်းအနားများ လျင်မြန်စွာရှာဖွေနိုင်မယ့် Myanpwel Application

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံမှာ နေ့စဉ်၊ အပတ်စဉ် ကျင်းပနေသော ပွဲအခမ်းအနားများကို တစုတစည်းတည်း ဖော်ပြမယ့် ပထမဆုံး Online Event Directory Myanpwel က Andriod ဖုန်းများ အတွက် Myanpwel Application ကို မိတ်ဆက်လိုက်ပါတယ်။

“ကျနော်တို့ Myanpwel Andriod Application ကို မိတ်ဆက်တာ နှစ်လလောက်တော့ ရှိပါပြီ။ iOS ကို ရှေ့လထဲလောက်မှာ ထပ်ပြီး မိတ်ဆက်ဖို့ရှိပါတယ်။ ကျနော်တို့ Application ကို အသုံးပြုသူ ၂၅,၀၀၀ ဝန်းကျင် ခန့်ရှိပါတယ်။ အခု ဗားရှင်းက ကျနော်တို့ ပွဲအချက်အလက်တွေပဲ တင်ပေးတဲ့ ဗားရှင်းပေါ့။ နောက်ဗားရှင်းမှာဆိုရင် ပွဲလက်မှတ်တွေ ဝယ်နိုင်မယ့် စနစ်တွေ လုပ်သွားဖို့ရှိပါတယ်” လို့ Myanpwel ရဲ့ Sales and Marketing Manager ကိုမီဂျီယံက ဧရာဝတီကို ပြောပါတယ်။

သူက ဆက်ပြီး “ကျနော်တို့ Myanpwel က အဓိကက မြန်မာတနိုင်ငံလုံးမှာ လုပ်တဲ့ ပွဲတွေ ဖော်ပြပေးတာပါ။ ပွဲအမျိုးအစားတွေက အစုံပါပဲ။ Education (ပညာရေး) ပွဲတွေပါတယ်။ ပြီးတော့ Bar တွေက လုပ်တဲ့ Weekly ပွဲတွေ ပါတယ်။ ပြီးတော့ Special Event, Music Concert တွေ ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ShangriLa ဟိုတယ်မှာလုပ်သွားတဲ့ Wedding Fair ပွဲ ပါတယ်။ ကျနော်တို့ ပန်းချီပြပွဲတွေလည်း ပါပါတယ်” လို့ ဆိုပါတယ်။

နိုင်ငံတကာ အဆင့်မီ Event Preview Video ကိုလည်း Myanpwel မှ အပတ်စဉ် ကြာသပတေး နေ့တိုင်း Youtube Channel မှာ ထုတ်လွွှင့်ပေးလျှက်ရှိပြီး Myanpwel All Events လို့ ရိုက်နှိပ်ပြီး Subscribe လုပ်ကာ အခမဲ့ ကြည့်ရှုနိုင်ကြောင်း သိရပါတယ်။

Myanpwel က အခမ်းအနားစီစဉ်သူ ၃၀၀ ကျော်ရဲ့ Event ပွဲများ ဖော်ပြ လွှင့်တင်လျက် ရှိပြီး လတ်တလောမှာ ဝင်ရောက်ကြည့်ရှုသူ လစဉ် ၅၀,၀၀၀ ခန့်ရှိတယ်လို့ သိရပါတယ်။

Myanpwel ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်းက NTM Group Co., Ltd. က မြန်မာနိုင်ငံ အတွင်း ကျင်းပနေတဲ့ ပွဲ၊ အခမ်းအနားများကို တစုတစည်းတည်း ဖော်ပြပေးသော ဝက်ဘ်ဆိုက် www.myanpwel.com အဖြစ်စပြီး လွှင့်တင်ခဲ့တယ်လို့ သိရှိရပါတယ်။

Loading