လုပ်ငန်းသုံး အနေနဲ့ အဆင်ပြေတဲ့ Nissan Vanette ကားအမျိုးအစားက ဈေးကွက်မှာ နေရာ ရလာနေ ပါ တယ်။ အရင်ကဆိုရင် အခု Vanette လို ကိုယ်ထည် အရွယ်လောက်နဲ့ ရနိုင်တာဆိုလို့ Toyota Townace တခု လောက်ပဲ ရှိခဲ့ပါတယ်။ အခုတော့ ရွေးချယ်စရာများလာပြီး Nissan Vanette က ရွေးချယ်စရာ တခုဖြစ် လာ ပါတယ်။
Nissanရဲ့ မော်ဒယ်ထက် စာရင်တော့ Toyota မော်ဒယ်က ဈေးမြင့်မှာပါ။ သူက တည်ဆောက်မှု အပိုင်း၊ ရုပ် ထွက်၊ တပ်ဆင် အင်ဂျင်၊ ဝန်တင်ဆောင်နိုင်မှု၊ အကျယ်အဝန်း၊ အားလုံးလိုလို Townaceပုံစံပါပဲ။ မော်ဒယ် သင့် အနေအထား လောက်နဲ့ ဈေးကွက် ဝင်နေတာလို့ ဆိုနိုင်ပြီး ပျမ်းမျှတော့ ၂၀၁၀ခုနှစ် ဝန်းကျင် ထုတ် မော် ဒယ် တွေ ဖြစ်ပါတယ်။ ဒါပေမယ့် ပြောခဲ့ပြီးသလို အားသာချက် အနေနဲ့ကတော့ Townace မော်ဒယ်မြင့် တွေ ထက် ဈေးနှုန်း သိသိသာသာ ချိုတာပဲ ဖြစ်ပါတယ်။
အင်ဂျင်ပိုင်းမှာက ၂ ဒသ ဝလီတာသုံး အင်ဂျင်ကို ထည့်ထားပြီး အသေးစား Hijetတွေနဲ့စာရင်တော့ လုပ်ငန်း သုံး အတွက် အဆင်ပြေပါတယ်။ ဥပမာ ခရီးဝေး ကုန်စည် ပို့ဆောင်တာပဲ ဖြစ်ဖြစ်၊ ဘုရားဖူး ကားအနေနဲ့ အငှား လိုက်တာပဲ ဖြစ်ဖြစ်ပေါ့။
နောက်ပြီး အားသာချက် တစ်ချက်က Hijetတွေ အနေနဲ့က ဈေးချိုတယ်။ အင်ဂျင်သေးလို့ ဆီစားနည်းတာ မှန်ပေ မယ့် လမ်းကြမ်းပိုင်းတွေ အဆင်မပြေနိုင်တာပါပဲ။ အခုလို Truck မော်ဒယ်တွေက မြို့ပေါ်သုံးအတွက်ရော နယ်ဘက်မှာပါ စိတ် ကြိုက် ဖြစ်စေပြီး လက်ရှိ နယ်အနေနဲ့ Hijetတွေ ဈေးကွက် နေရာ မရလှပါဘူး။ဒါကတော့ လမ်းကြမ်းပိုင်းနဲ့ ရုန်းအား မရှိ လို့ပါ။
ဒီတော့ Bongoလို Vanetteထက် ကြီးမယ့် မော်ဒယ်တွေနဲ့စာရင်လည်း ဆီစားနည်းမယ်။ လမ်းကျဉ်းကျဉ်း တွေ လည်း ဝင်လို့ ထွက်လို့ လွယ်မယ်၊ နေရာစုံ သုံးနိုင်မယ်၊ ပြီးတော့ Bongoနဲ့ Porterတွေ ဆိုတာက ကိုရီး ယား မော်ဒယ် တွေလေ။ နယ်ဘက်တွေမှာ အသုံးရှိနေတာ ဖြစ်ပေမယ့် ဂျပန်မော်ဒယ်ကို သုံးချင်တာ ဆိုရင်တော့ Vanette က စဉ်းစားစရာပါ။ ရေရှည် အတွက် စိတ်ချရမှုမှာတော့ Vanetteက ပိုကောင်းပါလိမ့်မယ်။
နောက်ဖက်ခန်းက ၁၀ပေဆိုတဲ့ အနေအထားက ဝန်တင်တဲ့ လုပ်ငန်းတွေ အတွက်ပါ အဆင်ပြေမယ့် အကျယ် အဝန်းပါ။ ဘောင်ကတော့ ကိုယ့်လက်ထဲမှာ စိတ်ကြိုက် ပြန်ထည့်ရမယ့် သဘော တွေ့ရပါတယ်။ ရန်ကုန် လိုင် စင် အနေနဲ့ မန္တလေး အပါအဝင် နယ်လိုင်စင် Vanette တွေကတော့ ဈေးပိုချိုပါတယ်။
များသောအားဖြင့် မန္တလေးလိုင်စင်နဲ့ Vanette တွေ အရောင်းအဝယ် ဈေးကွက်မှာ တွေ့ရပြီး ရန်ကုန်လိုင်စင်ထက် ကျပ် ၇သိန်းလောက် လျော့ပါတယ်။ အသက်ကယ် လေအိတ်စနစ်လို အပိုင်းတွေလည်း ပါရှိမယ်၊ ဒီဇယ် အင်ဂျင် နဲ့လည်း ရနိုင် တယ်၊ ဝန် ၁တန် တင်နိုင်မယ်၊ Autoနဲ့လည်း လာသလို Manualနဲ့လည်း တွေ့ရပါတယ်။
ဒါပေမယ့် Manualနဲ့ ဆိုရင်တော့ ဈေးက ၅သိန်းကျော်လောက် လျော့သွားပါတယ်။ နောက်ဆုံး အရောင်း အဝယ်ကတော့ ရန်ကုန်လိုင်စင် ၂၀၁၀ခုနှစ် Manualကို ၁၂၇သိန်း၊ မန်းလိုင်စင် Manualနဲ့ ၂၀၀၉ခုနှစ် Vanetteကို ၁၂၁သိန်း နဲ့ ပွဲဖြစ်ထား ပါတယ်။ Autoနဲ့ လိုချင်တယ် ဆိုရင်တော့ နည်းနည်းရှားပါတယ်။