လူတွေမှာ ကိုယ် ချစ်သူ ခင်သူတွေနဲ့ တစ်ခုခုကို ဆင်တူ သုံးတတ်ကြတဲ့ အကျင့်လေးတွေ ရှိတတ်ပါတယ်။ သူငယ်ချင်းချင်းပဲဖြစ်ဖြစ်၊ ချစ်သူချင်းပဲဖြစ်ဖြစ် အကျႌ၊ ဖိနပ်၊ ဦးထုပ်၊ ဖုန်းကာဗာ စတဲ့ အသုံးအဆောင် ပစ္စည်းလေးတွေ ဆင်တူ သုံးလာကြတဲ့ ဒီဘက်ခေတ်မှာ ဖေဖေ၊ မေမေနဲ့ သားသား၊ မီးမီးတွေအတွက် အကျႌဆင်တူ၊ ဖိနပ်ဆင်တူလေးတွေလည်း ခေတ်စားလာပြန်ပါပြီ။
တီရှပ်လေးတွေဆိုတော့ ဘောင်းဘီအတိုအရှည်နဲ့ရော၊ စကပ် ထဘီတို့နဲ့ပါ တွဲဝတ်လို့ ရတာမို့လို့ အဆင်ပြေမှာပါ။ လွတ်လပ်ပြီး ပေါ့ပေါ့ပါးပါးရှိတဲ့အပြင် သွားသွားလာလာလည်း ဝတ်လို့ရတာမို့လို့ လူငယ်ယောကျာ်လေး၊ မိန်းကလေးတွေအကြိုက်၊ သားသားမီးမီးလေးတွေအကြိုက် ဖြစ်မှာပါ။
“၃ ထည်တွဲ ဈေးနှုန်း – ၁၈၅၀၀ ကျပ်၊ ၄ ထည်တွဲဈေးနှုန်း ၂၃၅၀၀ ကျပ် ပါ။ တထည်တည်းဆိုရင်တော့ ၆၀၀၀ကျော် ကျသင့်ပါမယ်။ အရောင်တွေကတော့ အနီ၊ ပန်းရောင်၊ အဖြူ၊ အမဲ၊ အစိမ်း၊ အဝါ၊ မီးခိုး တွေရရှိနိုင်မှာဖြစ်ပြီး ဒီဇိုင်းပုံစံ ၃ မျိုး ရရှိနိုပါတယ်။ ဆိုဒ်ကတော့ ကလေး၊ လူကြီးအားလုံးအတွက် ပေါင် ၂၀၀ ထိ ဝတ်လို့ရတဲ့ Size တွေရှိပါတယ်။ အသားက ချည်ရောပါ။ အိအိလေးနဲ့ ဝတ်လို့ကောင်းတယ်၊ တခြားဒီဇိုင်းတွေလည်း ရှိသေးတယ်” လို့ Yangon online shopping မှ ကိုညီညီ က ပြောပါတယ်။
နောက်တခုက ဖိနပ်လေးတွေပေါ့နော်။ မိသားစုလိုက် စီးလို့ရမယ့် မိသားစုစီး ဖိနပ်လေးတွေပါ။ ခုက မိုးတွင်းလည်းဖြစ်တာကြောင့် မိုးတွင်းစီးဖိနပ်လေးတွေနဲ့ မိတ်ဆက်ပေးချင်တာပါ။ ဖိနပ်ပါးလေးတွေကို ခြေညှပ်ရော၊ ကြိုးသိုင်းပါ ရနိုင်ပါတယ်။
သဲကြိုးပေါ်မှာ ကိုယ်ကြိုက်နှစ်သက်တဲ့ စာလုံးလေးတွေ အရုပ်လေးတွေကို ဒီဇိုင်းဖော်တပ်ဆင်လို့လည်း ရပြီး Alphabet ဆိုရင် ၁၅၀ ကျပ်၊ Diamond/Pearl ဆိုရင် ၂၅၀ ကျပ်, Wooden Doll ဆိုရင် ၅၀၀ ကျပ်၊ Rubber Duck ဆိုရင် ၄၀၀ ကျပ်နဲ့ Logo ဆိုရင်တော့ ၁၀၀ ကျပ် စသည်ဖြင့် ဈေးနှုန်းတွေ ကွာခြားသွားမှာ ဖြစ်ပါတယ်။
ဈေးနှုန်းတွေအနေနဲ့ သဲကြိုးဖိနပ်က တရံကို ၆၅၀၀ ကျပ်နဲ့ ကြိုးသိုင်းဖိနပ်က ၈၀၀၀ကျပ် ဖြစ်ပါတယ်။ ဈေးနှုန်းလေးတွေလည်း သင့်တင့်တာမို့လို့ ဖေဖေ၊ မေမေနဲ့ သားသား မီးမီးလေးတွေ ဆင်တူလေးတွေနဲ့ လန်းလို့ရပြီနော်။