ကားသေးကြိုက်သူအတွက် Diahatsu Mira ဆိုတဲ့ကားလေးတွေက အဆင်ပြေမယ့် ပြည်တွင်းဈေးကွက်မှာ တော့ နာမည် ဒီလောက် မထွက်ဘဲ ခပ်မှိန်မှန်ဖြစ်နေပါတယ်။ အင်ဂျင်ပါဝါ ၆၆၀ စီစီသုံး အင်ဂျင်တပ် မော်ဒယ် တွေ ပြည်တွင်းမှာ သုံးလေး မျိုးလောက် ဈေးကွက် ဝင်နေပေမယ့် Suzuki Alto မော်ဒယ်ကပဲ ဈေးကွက် နေရာ ကောင်းကောင်းရနေပြီး Mira ကတော့ လူကြိုက် နည်းလှပါတယ်။
Mira ဆိုတာက အခြား ကားသေးတွေနဲ့ နှိုင်းယှဉ်ရင် အတွင်းခန်း ပိုကျယ်ဝန်းတဲ့၊ ကားရဲ့ ကိုယ်ထည် နည်းနည်း ပိုပြီး ကြီးမားတဲ့ မော်ဒယ် တစ်ခုပါ။ ရန်ကုန်မှာတော့ ကားသေးတွေကို Taxiအနေနဲ့ရော အိမ်စီး အနေနဲ့ပါ အသုံး များတာ တွေ့ရပြီး အခု Miraကလည်း Taxiအတွက် ပိုပြီး အဆင်ပြေစေနိုင်မယ့် မော်ဒယ်ကောင်းတခုပါ။
အင်ဂျင်ပါဝါ ၆၆၀ စီစီဖြစ်လို့ သေးငယ်ပြီး ဆီစားနှုန်းနဲ့ ချိန်ပြီး လုပ်ကိုင်ကြတဲ့ Taxiတွေ အတွက် အခု Miraက အဆင်ပြေစေနိုင်ပါတယ်။ အင်ဂျင်ပိုင်းမှာ စွမ်းဆောင်ရည်အပိုင်းက အခြားကားသေးတွေထက် နည်းနည်းသာ ပါတယ်။ အမြန်နှုန်း မြှင့်တင်တဲ့ အပိုင်း မဟုတ်ဘူးနော်။ ဝန်တင်ဆောင်နိုင်မှုနဲ့ ခရီးဝေး မောင်းနှင်နိုင်မှု၊ ဖျော်ဖြေ ရေး စနစ် သုံးစွဲနိုင်မှု အပိုင်းတွေမှာ ပိုပြီး မြင့်တာကို ပြောတာပါ။
အရောင် အနေနဲ့ကတော့ အခုလို တန်ကြေးနည်း အင်ဂျင်အသေးတပ် မော်ဒယ်တွေက ရွေးချယ်နိုင်စရာ မရှိ ဘဲ အဖြူတစ်မျိုးတည်းပဲ တွေ့ရတာပါ။ ဈေးကွက်အတွင်းကို အဝင်များတဲ့ မော်ဒယ်တွေက မောင်းနှင်ပြီး ကီလို တစ်သိန်းကျော်လောက် ဖြစ်နေတတ်တာ တခုကတော့ Miraတွေရဲ့ အဓိက အားနည်းချက်ပါ။
တန်ကြေးနည်း မော်ဒယ် တစ်ခု အနေနဲ့ အခုလောက် ခိုင်းထားပြီ ဆိုရင် ဒီလောက်ကြီး မဟုတ်လှချင် တော့ ပါဘူး။ Autoစနစ်နဲ့ လာတယ်၊ ညာမောင်း မော်ဒယ် အနေနဲ့ ရနိုင်မယ်၊ ဓာတ်ဆီ အင်ဂျင်ဖြစ်မယ်။ Aircon လည်း ကောင်း မယ်။ စမ်းမောင်းကြည့်ရသလောက်တော့ တော်တော်လေး အဆင်ပြေနေသေးတာပါ။
ဒါပေမယ့် အထက်မှာ ပြောခဲ့သလို ကီလို များနေတာ တချက်က နည်းနည်းလေး စဉ်းစားစေချင်ပါတယ်။ ဈေးနှုန်း က ၂၀၁၀ခုနှစ်ဝန်းကျင်ထုတ် မော်ဒယ်လောက်ကို ၈၄ သိန်းလောက် ခေါ်ပေမယ့် ကီလို တစ်သိန်းနဲ့ အထက်ဆိုရင် အဲလောက်ထိအောင် ပေးဖို့ မသင့်ပါဘူး။