Lifestyle

ဟယ်ရီပေါ်တာ မင်းသား ပါဝင် သရုပ်ဆောင်ထားတဲ့ Now You See Me 2

This article has been converted from Zawgyi One to Unicode

လက်ရှိ နိုင်ငံတကာမှာ ပြသနေတဲ့ Now You See Me 2 (2016) ဇာတ်ကားကို ယခု အပတ်ထဲမှာ မြန်မာနိင်ငံရှိ ရုပ်ရှင်ရုံတွေမှာ စတင်ပြသတော့မှာ ဖြစ်ပါတယ်။ Box Office မှာ လက်ရှိ ဝင်ငွေ အမေရိကန် ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံနဲ့ တတိယ နေရာမှာ ချိတ်နေပြီး IMDb မှာလည်း အဆင့် ၇ ဒသမ ၁ ပေးထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။

Now You See Me 2 ဇာတ်ကားဟာ ၂၀၁၃ မှာ မထင်မှတ်လောက်အောင် အောင်မြင်ခဲ့တဲ့ Now You See Me (2013) ရဲ့ နောက်ဆက်တွဲ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဟယ်ရီပေါ်တာ သရုပ်ဆောင်မင်းသား ဒင်နီယယ် ရက်ဒ်ကလစ်ဖ် (Daniel Radcliffe) က ဗီလိန်အဖြစ် သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်း အကျဉ်းချုပ်ကတော့ Horsemen လိုခေါ်တဲ့ မျက်လှည့် ပညာရှင်အဖွဲ့ ရှိပါတယ်။ ဒီအဖွဲ့မှာ ဂျက်ဆီ အိုင်ဆင်ဘာ့ဂ် (Jesse Eisenberg), ဝူဒီ ဟာရယ်ဆန် (Woody Harrelson), ဒေ့ဗ် ဖရန်ကို (Dave Franco) နဲ့ လစ်ဇီ ကပ်ပလန် (Lizzy Caplan) အစရှိတဲ့ မျက်လှည်ပညာရှင် လေးဦးနဲ့ ဖွဲ့စည်းထားပါတယ်။

 ဟယ်ရီပေါ်တာ မင်းသား ပါဝင် သရုပ်ဆောင်ထားတဲ့ Now You See Me 2

သူတို့အဖွဲ့ကို ဘီလျံနာတဦးဖြစ်တဲ့ ဝေါ်လ်တာ မာဘရီ (Walter Mabry) (ဟယ်ရီပေါ်တာ သရုပ်ဆောင်မင်းသား) က ထောင်ချောက်ဆင်ပြီး ဝရမ်းပြေးဖြစ်အောင် လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက် ကမ္ဘာပေါ်မှာရှိတဲ့ ကွန်ပြူတာ အားလုံးကို ထိန်းချုပ်နိုင်တဲ့ အစွမ်းရှိတဲ့ Computer Chip တခုကို ခိုးယူဖို့ Horsemen တွေကို အတင်းအကြပ် စေခိုင်းခဲ့ပါတယ်။

ဒါပေမယ့် ဇာတ်ကား အဆုံးသတ်မှာ ဒီဝရမ်းပြေး Horsemen အဖွဲ့ဟာ နာမည် ဂုဏ်သိက္ခာကို ဘယ်လို အဖတ်ဆည်မလဲ ဆိုတာကို သူတို့ရဲ့ အကျႌလက်ရှည်အောက်က ထွက်လာတက်တဲ့ မထင်မှတ် အံသြသင့်စေမယ့် မျက်လှည့် ပညာအစွမ်းတွေ အသုံးချသွားခဲ့တာကို ကြည်ရှုနိုင်မှာ ဖြစ်ပါတယ်။

Now You See Me 2 Trailers ကို Youtube (https://youtu.be/4I8rVcSQbic) မှာလည်း တင်ထားပါသေးတယ်။

ဒါရိုက်တာကတော့ John M. Chu ဖြစ်ပါတယ်။

Loading