Lifestyle

မြန်မာနိုင်ငံရဲ့ viber သုံးစွဲသူဦးရေ ၂၆ သန်းအထိရှိလာ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံရဲ့ဆက်သွယ်ရေး application တခုဖြစ်တဲ့ Viber ဟာ အကောင့်ဖွင့်လှစ်သုံးစွဲသူ ၂၆ သန်း ရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လ ၂၀၁၅ ခုနှစ်တွင် Viber အကောင့်ဖွင့်လှစ်သုံးစွဲသူ ၁၃ သန်းရှိရာကနေ တနှစ်အတွင်း အခုလို ရာခိုင်နှုန်းမြင့်တက်လာခဲ့ခြင်းဖြစ်ပါတယ်။

ဒါကို ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့တွင် Sule- Shangri-la ၌ ကျင်းပပြုလုပ်တဲ့ အကောင့်ဖွင့်လှစ်သုံးစွဲသူ ရာခိုင်နှုန်းတိုးတက်လာမှု အခမ်းအနားမှာ အသိပေးပြောကြားခဲ့တာပါ။

“ကျွန်တော်တို့အခုလိုသမိုင်းမှတ်တိုင်တစ်ခုစိုက်ထူနိုင်တဲ့အကြောင်း ကြေညာနိုင်တာ အရမ်းပဲ ကျေနပ်မိပါတယ်။ နောက်ပြီး မြန်မာပြည်သူတွေရဲ့နေ့စဉ်ဘဝအတွက်မရှိမဖြစ် အစိတ်အပိုင်းတစ်ခုအနေနဲ့ Viber ကို ပါဝင်ခွင့်ပေးခဲ့တဲ့ မြန်မာနိုင်ငံက ကျွန်တော်တို့ရဲ့ အမာခံ သုံးစွဲသူတွေကို အထူးပဲ ကျေးဇူး တင်ပါတယ်။ ကျွန်တော်တို့ application ရဲ့ လုပ်ဆောင်ချက်တွေကိုမြှင့်တင်ခြင်း၊ အသုံးပြုသူတွေနဲ့ ပိုပြီး ရင်းနှီး အကျွမ်းဝင်ရှိအောင်လုပ်ခြင်းနဲ့ စတေကာတွေနဲ့ Public Chat တွေ မြန်မာပြည်နဲ့ကိုက်ညီတဲ့ အကြောင်းအရာ ဖန်တီးမှုတွေကို ပိုမိုလုပ်ဆောင်ပြီးတော့ ကျွန်တော်တို့ application ကို အသက်ဝင်ဆုံး ဆက်သွယ်မှု တစ်ခု ဖြစ်လာအောင် ဆက်လက်လုပ်ဆောင်သွားမှာပါ” လို့ Viber ရဲ့ အရှေ့တောင်အာရှဆိုင်ရာ ဌာနေမန်နေဂျာ Crystal Lee က ပြောပါတယ်။

Viber ရဲ့ မြန်မာနိုင်ငံအတွက် ဒီနှစ်အစောပိုင်းက စတင်ခဲ့သော မြန်မာ့ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းများ ပါဝင်တဲ့ “မြန်မာပြည်ကို တို့ချစ်သည်” အမည်ရှိ စတေကာ အစီအစဉ်ဟာ အင်တာနက်မှ ကူးယူသုံးစွဲသူပေါင်း ၁ သန်းကျော်ရှိခဲ့ပြီး အချင်းချင်း စတေကာ ပေးပို့မှုပေါင်း ၂၂ သန်းကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှ Viber သုံးစွဲသူများဟာ စတေကာကို အများအပြားသုံးစွဲသူများဖြစ်တယ်လို့လည်း သိရပါတယ်။ တလလျှင် ပျှမ်းမျှ စတေကာပေးပို့မှုပေါင်း ၂၆၇ သန်းရှိပြီး ၇၀ ရာခိုင်နှုန်းမှာ အရှေ့တောင် အာရှတွင်ပေးပို့မှုဖြစ်ပြီး ကျန် ၁၃ ရာခိုင်နှုန်းမှာ ကမ္ဘာတစ်ဝှမ်းတွင် ပေးပို့ကြခြင်းဖြစ်ပါတယ်။

“မြန်မာနိုင်ငံကို viber စရောက်စဉ်အချိန်က တခြား social apps တွေ အများကြီးမရှိသေးတာရယ်၊ နောက်ပြီး viber က အချိန်အခါအလိုက် စတစ်ကာလေးတွေနဲ့ (ဥပမာ- သင်္ကြန်ကျခါနီးတော့ သင်္ကြန်နဲ့ ပတ်သတ်တဲ့ စတစ်ကာလေးတွေလိုပေါ့) အသုံးပြုသူတွေ အဆင်ပြေအောင် ပြုလုပ် ပေးထားတဲ့အတွက် လူသုံးများပါတယ်” လို့ viber မှ တာဝန်ရှိသူက ဧရာဝတီကိုပြောပါတယ်။

Viber ရဲ့ မြန်မာနိုင်ငံတွင်သုံးစွဲသူ ၂၆ သန်းရောက်ရှိခြင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီလမှာ Viber က “တို့တတွေကမြန်မာ” စတေကာအစီအစဉ်ကို ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာပြည်သူများရဲ့နေ့စဉ်ဘဝကို စတေကာများ၊ မြန်မာပြည်နဲ့ကိုက်ညီတဲ့ အကြောင်းအရာများ၊ ဖန်တီးမှုများ ပါဝင်တဲ့ Public Chat တို့အပြင် သူငယ်ချင်းများနဲ့ ချစ်ရသောသူများကို လွမ်းဆွတ်နေတဲ့ အဝေးရောက် သူများအတွက် “မြန်မာပြည်ကိုတို့တွေလွမ်းသည်” စတေကာများကို ဇွန်လ ၁၇ ရက်နေ့က စတင်အသုံးပြုလို့ ရနေပါပြီ။ Viber မှ “ကျေးလက်နေဒေသ ဘဝ” အမည်ရှိ စတေကာများကိုလည်း ဒီလကုန်ပိုင်းမှာ စတင်ဖြန့်ချိသွားမယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံတွင် Viber ကို ၂၀၁၀ ခုနှစ်က စတင်အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading