ပြည်တွင်းမှာတော့ လျှစ်စစ်ကားရယ်ဆိုလို့ နိုင်ငံတကာ ဈေးကွက်မှာပါ လူကြိုက်များတဲ့ Nissan Leaf မော်ဒယ် တွေပဲ အများဆုံး ဈေးကွက်မှာ တွေ့နေရပြီး ဈေးနှုန်းလည်း သိန်း ၁၀၀ကျော်လောက်နဲ့ ရနိုင်နေတာ ဖြစ်ပါ တယ်။ နောက်ထပ် ဈေးကွက်ဝင်နေတဲ့ လျှပ်စစ်ကား တမျိုးကတော့ Mitsubishi ထုတ် မော်ဒယ် ဖြစ်ပြီးတော့ Supermini ကိုယ်ထည် ဒီဇီုင်းမျိုးနဲ့ ဖန်တီးထားတာ ပုံမှန် တွေ့နေကျ Nissan Leaf Hatchback မော်ဒယ်ထက် နည်းနည်း ဆန်းသွားပါတယ်။
Toyota Passo မော်ဒယ်နဲ့ ရုပ်ထွက်ချင်း ဆင်ချင်ပြီးတော့ ရှေ့ဖက် မှန်ကာကို ပုံမှန်ထက် မြင်ကွင်း ကျယ် ဖြစ် အောင် ချဲ့ထားတာ တစ်ခုကတော့ တခြား မော်ဒယ်တွေနဲ့ ကွဲထွက်သွားစေပါတယ်။ လျှပ်စစ် မော်ဒယ် ဖြစ်လို့ မြို့တွင်းသုံး အနေအထားလောက်ပဲ အဆင်ပြေမှာ ဖြစ်ပြီး တခါတရံမှာပဲ ဖြစ်ဖြစ်၊ အမြဲပဲ ဖြစ်ဖြစ် ခရီးထွက် တတ် သူ တွေ အတွက်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒီနေရာမှာ မော်ဒယ်ရဲ့ အားသာချက် အနေနဲ့ ၂ ချက် လောက် ပြောပြချင်ပါတယ်။ ပထမ တစ်ချက်ကတော့ လျှပ်စစ်ကား ဖြစ်လို့ ဈေးကွက် ဒီလောက် မရှိ သေး တဲ့ ပြည်တွင်း အနေအထားမှာ ဈေးချိုချိုနဲ့ ရနိုင်မှာပဲ ဖြစ်ပါတယ်။
နိုင်ငံတကာမှာကိုပဲ Nissan Leafက ဈေးအချိုဆုံး လျှပ်စစ်ကား မော်ဒယ် တစ်ခု ဖြစ်ပေမယ့် အခု i-MiEV ကတော့ သူ့ထက်ကိုပဲ ဈေးချိုပါသေးတယ်။ နောက်တစ်ချက်ကတော့ လက်ရှိ Mitsubishiအနေနဲ့ ပြည်တွင်းမှာ Showroom ရှိနေပြီ ဖြစ်လို့ လိုအပ်မယ် ဆိုရင်လည်း Serviceတပါတည်း ရနိုင်ဖို့ အခွင့်အလမ်း များလာတာပဲ ဖြစ်ပါတယ်။
နောက်ဆုံး အခု မော်ဒယ်တွေက ပြင်ပ ဈေးကွက် အနေနဲ့ ဝင်လာတာ ဖြစ်လို့ Showroomကနေ ဝန်ဆောင်မှု မပေးဘူး ဆိုရင်တောင် Ori အပိုပစ္စည်း မှာယူနိုင်တာမျိုး၊ Brandမှန် ရနိုင်တာမျိုး အားသာချက် ဖြစ်လာနိုင် ပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာက ကားတစ်စီးကို အနေအထား၊ ပုံစံ အပြင် အရောင်ပါ ရွေးချယ်ကြတဲ့ ဓလေ့မှာ i-MiEVက အဖြူ၊ ငွေရောင်နဲ့ အနီရောင်တွေ အပြင် နည်းနည်း ရှားပေမယ့် အနက်ရောင်မျိုးပါ ရနိုင်ပါသေးတယ်။ မော်ဒယ်တွေ အနေနဲ့ကတော့ ၂၀၁၀ခုနှစ်ဝန်းကျင်ထုတ်တွေ ဖြစ်လို့ လျှပ်စစ်ကား မော်ဒယ်အဖြစ် ပြန်ကြည့်ရင် မော်ဒယ်နိမ့်ချင်နေပါတယ်။ ဒါပေမယ့် တစ်ဖက်က ဈေးပြန်ချိုသွားပါတယ်။
ဘက်ထရီရဲ့ အားထိန်းနိုင်စွမ်းနဲ့ မောင်းနှင်နိုင်မှုကတော့ တစီးနဲ့ တစီး မတူတတ်ပါဘူး။ ဒါကတော့ ကိုယ်တိုင် လေ့လာချိန်မှပဲ အဆင်ပြေမှာ ဖြစ်လို့ ထည့်မပြောတော့ပါဘူး။ အတွင်းခန်း အပြင်အဆင်၊ ထိုင်ခုံ၊ တပ်ဆင် ပစ္စည်း၊ Air-Conတွေ အပါအဝင် အားလုံးက ပြန်လိုက်ထားတာ ဖြစ်ပေမယ့် Oriတွေ များပါသေးတယ်။
Autoစနစ်နဲ့ သွားပါတယ်။ ဈေးနှုန်းပိုင်းကတော့ အရောင်အပေါ်မှာ မမူတည်ဘဲ မောင်းနှင်ပြီး ကီလိုအပေါ်မှာ စကား ပြောပါတယ်။ ဒီမော်ဒယ်တွေ အနေနဲ့ ကီလို ၁သိန်း ဝန်းကျင်လောက်ထိအောင်ပဲ အကောင်းဆုံး စွမ်းဆောင်နိုင်မယ် ထင်ပါတယ်။ ဒီတော့ ကီလို နည်းလေ ဈေးမာလေ၊ စိတ်ချရလေ ဖြစ်ပါလိမ့်မယ်။
ခေါ်ဈေး ၉၂သိန်းလောက် ရှိပေမယ့် အထက်မှာ ပြောခဲ့သလို မောင်းနှင်ပြီး ကီလို ၁သောင်းကျော်နေရင် ဒီဈေးကို မလိုက်သင့်ပါဘူး။ ဘက်ထရီသက်တမ်းနဲ့ စကားပြောတာမို့ ဈေးဆွဲချ ဝယ်ယူတာကတော့ အကောင်း ဆုံး ဖြစ်ပါလိမ့်မယ်။