Lifestyle

တယ်လီနော တန်ဖိုးနည်း စမတ်ဖုန်းသစ် မိတ်ဆက်

This article has been converted from Zawgyi One to Unicode

တယ်လီနော မြန်မာက T600M အမျိုးအစား ဈေးနှုန်းသင့် တန်ဖိုးနည်း စမတ်ဖုန်းသစ်ကို ဒီနေ့ ဇွန်လ ၂၄ ရက်နေ့မှာ စတင် မိတ်ဆက်လိုက်ပါတယ်။

အသစ် မိတ်ဆက်လိုက်လိုက်တဲ့ T600M ဟန်းဆက်ကို တယ်လီနော အရောင်းဆိုင်များနဲ့ တယ်လီနော Franchise ဖုန်း ဆိုင်များမှာ ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး ယခင်ထွက်ရှိထားတဲ့ T100M, T200M, T300M နဲ့ T400M စတဲ့ ဖုန်းများကို သုံးစွဲသူ များပြားသောကြောင့် အခုလို ဟန်းဆက်သစ် ထပ်မံ မိတ်ဆက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

အသစ်မိတ်ဆက်လိုက်တဲ့ T600M စမတ်ဖုန်းက 3G Android အမျိုးအစားဖြစ်ပြီး ဆင်းကတ် ၂ကတ် ထည့်သွင်း အသုံးပြု နိုင်ပါတယ်။ ကင်မရာ အရည်အသွေး အနောက်ဘက် ကင်မရာ 8 Megapixel ရှိပြီး အရှေ့ဘက် Selfie ကင်မရာ 5 Megapixel ရှိပါတယ်။ ကင်မရာ နှစ်ဖက်စလုံးအတွက် LED Flash မီး ပါဝင်တာကြောင့် အလင်းရောင်အားနည်းတဲ့နေရာ သို့မဟုတ် ညဘက်မှာ Selfie ပုံများ ရိုက်တဲ့အခါမှာလည်း Flash ဖွင့်ပြီး ရိုက်ကူးနိုင်ပါတယ်။

မျက်နှာပြင်အကျယ် ၆ လက်မရှိပြီး RAM ကတော့ 1GB ပါ။ ဒေတာများကို 8GB အထိ သိမ်းဆည်းနိုင်မှာဖြစ်ပြီး ဘက်ထ ရီအားပမာဏ 2580mAh ဖြစ်ပါတယ်။

T600M စမတ်ဖုန်း ဝယ်ယူသူများအတွက် Warranty Service (အာမခံဝန်ဆောင်မှု) ၁၈ လ ပါဝင်ပြီး သုံးစွဲသူများအနေနဲ့ တလကို 1GB ဒေတာ အခမဲ့ သုံးစွဲခွင့်နဲ့ Capture ဝန်ဆောင်မှုကို Unlimited Data သုံးစွဲခွင့် ၃ လအထိ ရရှိနိုင်မှာ ဖြစ်ပါ တယ်။ တယ်လီနော Capture ဝန်ဆောင်မှုက ဓာတ်ပုံတွေသိမ်းဆည်းထားနိုင်မယ့် storage service တခုဖြစ်ပါတယ်။

အရောင်အားဖြင့် ရွှေရောင်နဲ့ အမည်းရောင် အရောင် ၂ ရောင် ရရှိနိုင်မှာဖြစ်ပြီး ဈေးနူန်းကတော့ ၉၉,၉၀၀ ကျပ် ဖြစ် ပါတယ်။

Loading