လူငယ်နဲ့ ဖန်စီဆိုတာ ခွဲလို့မရတဲ့ အရာတွေပါပဲ။ ဒီဘက်ခေတ်မှာ ပိုလို့တောင် ခေတ်စားလာပါသေးတယ်။ မိန်းကလေးတွေအကြိုက် လက်ကောက်၊ ဆွဲကြိုးစတာတွေလည်း ဒီဇိုင်းတွေ ပိုဆန်းလာပါတယ်။
ခုလည်း မိန်းကလေးတော်တော်များများ စိတ်ဝင်စားကြတဲ့ အဆောင်လက်ကောက်လေးတွေနဲ့ မိတ်ဆက် ပေးချင်ပါတယ်။
လူဆိုတာကလည်း ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်မို့ ဗေဒင်၊ ယတြာ၊ အဆောင် စတာတွေကိုလည်း သူ့နည်း သူ့ဟန်နဲ့ ယုံကြည်နေကြတုန်းပါပဲ။
အဆောင်သဘောဖြစ်တာမို့ ယောကျာ်လေးတွေပါ ဝတ်လို့ရပေမယ့် အဆောင်အယူအဆကို မိန်းကလေး တွေက ပိုစိတ်ဝင်စား ယုံကြည်ကြတာမို့ ပိုပြီး အသုံးများပါတယ်။ လက်ကောက်လေးတွေက ဖန်စီဆန်ပြီး လှပတဲ့ ဒီဇိုင်းဖြစ်တာမို့ အဆောင်သဘောသက်သက် မဟုတ်ဘဲ ဖန်စီအနေနဲ့ပါ ဝတ်ဆင်အသုံးပြုကြတာကို တွေ့ရပါတယ်။
“ဒီလက်ကောက်လေးတွေကို သူယောင်ကျောက်၊ tiger eye၊ သန္တာ စတဲ့ ကျောက်အစစ်တွေနဲ့ ပြုလုပ် ထားတာဖြစ်ပြီး နေ့နံအလိုက် ဝတ်ဆင်ရတာပါ။ ထူးခြားချက်က ဝတ်ဆင်ပြီး တပတ်အတွင်း ပိုက်ဆံ စတဲ့ လာဘ်လာဘ ရွှင်တယ်၊ ကံကောင်းတယ်၊ လက်တွေ့ပါ၊ ကိုယ်တွေလည်း မုန့်ဖိုးပြတ်ရင် အဲ့ဒါလေး ဝတ်ထားလိုက်တယ်” လို့ MA online shopping က မသက်ထားက ပြောပါတယ်။
ဈေးနှုန်းအနေနဲ့ ၁၇၀၀၀ ကျပ်ဖြစ်ပြီး MA online shopping မှာ ဝယ်ယူနိုင်ပါတယ်။
လူငယ်တွေအတွက် စတိုင်ကျနပြီး အဆောင်လည်း ဖြစ်စေမယ့် ဒီ အဆောင်လက်ကောက်လေးတွေကို သဘောကျနှစ်ခြိုက်မှာပါ။