Lifestyle

ပစ္စည်းတွေ စနစ်တကျ သိမ်းဆည်းထားရှိလို့ရမယ့် စင်အသေးလေးများ

This article has been converted from Zawgyi One to Unicode

ခုချိန်က ကျောင်းတွေဖွင့်တဲ့အချိန်ဖြစ်တဲ့အပြင် မိုးရာသီလည်း ဖြစ်တာကြောင့် ကျောင်းသူ ကျောင်းသားတွေ အနေနဲ့ ကျောင်းစာအုပ်တွေကို အတော်ဂရုစိုက်ရမှာပါ။ ဒီကြားထဲ စားပွဲပေါ် ပုံပြီးစီထားတဲ့ စာအုပ်တွေကြားက လိုအပ်တဲ့ စာအုပ်ဆွဲထုတ်သွားပြီး ပြန်မစီဖြစ်တော့ဘဲ စာအုပ်တွေ ပွရှုပ်နေမယ့်အဖြစ်ကလည်း စိတ်ညစ် စရာပါပဲ။

ဒီလို ကျောင်းစာအုပ်မှမဟုတ်ဘဲ ကိုယ်နှစ်သက်တဲ့ ဝတ္ထု၊ ကဗျာ စတဲ့ စာအုပ်တွေကိုလည်း သပ်သပ်ရပ်ရပ် ထားနိုင်ဖို့ တကယ်လိုအပ်တာက စာအုပ်စင်ပဲ ဖြစ်ပါလိမ့်မယ်။

ပစ္စည်းတွေ စနစ်တကျ သိမ်းဆည်းထားရှိလို့ရမယ့် စင်အသေးလေးများ

နောက်တခုက မိန်းကလေးတွေအတွက် မိတ်ကပ်စင်ပေါ့။ အလှပြင်ပစ္စည်း အနည်းနဲ့အများတော့ ရှိတတ်တဲ့ မိန်းကလေးတွေအတွက် မိတ်ကပ်စင် ခပ်သေးသေးတခုကတော့ မရှိမဖြစ်ပါပဲ။

ဒါကြောင့် မိတ်ကပ်စင်ပဲလုပ်လုပ် စာအုပ်စင်ပဲလုပ်လုပ် သေသပ်လှပတဲ့ စင်လေးတွေနဲ့ မိတ်ဆက်ပေးချင် ပါတယ်။

ပစ္စည်းတွေ စနစ်တကျ သိမ်းဆည်းထားရှိလို့ရမယ့် စင်အသေးလေးများ

အပြာ၊ ပန်းရောင်၊ ခရမ်းရောင်၊ အနက်၊ အဖြူ၊ အဝါနု၊ အစိမ်းနု၊ အညိုရောင် စတဲ့ အရောင်တွေနဲ့ စတစ်ကာပန်းလေတွေလည်း ပါတဲ့အပြင် နေရာလည်း သိပ်မယူဘူးလို့ ပြောလို့ရပါတယ်။ အမှတ်တမဲ့ကြည့်ရင် ဖိုက်ဘာလေးတွေလို့တောင် ထင်ရပါသေးတယ်။

“စင်လေးတွေက ကြိတ်သားနဲ့ လုပ်ထားတာပါ။ ဗူးနဲ့ထည့်ထားပြီး ဝယ်သူက အိမ်ရောက်မှ ကိုယ့်ဘာသာ ဆင်ရပါတယ်။ size အကြီးနဲ့ အသေး ၂မျိုးရှိပြီး အကြီးက ၉၈၀၀၊ အသေးက ၇၇၀၀ပါ။ လူငယ်တော်တော် များများကြိုက်ကြပြီး ရောင်းအားကောင်းပါတယ်” လို့ Mandalay Fair Price Online Mart မှ မနိုရာ က ဧရာဝတီကို ပြောပါတယ်။

FB_IMG_1466958381827

ကဲ စာအုပ်စင်ပဲလုပ်လုပ် မိတ်ကပ်စင်ပဲလုပ်လုပ် ကိုယ်သေသေသပ်သပ်ထားချင်တဲ့ ပစ္စည်းပစ္စယလေးတွေကို သိမ်းဆည်းတင်ထားချင်ပါတယ်ဆိုတဲ့ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်ကြမယ်ထင်လို့ ဧရာဝတီရဲ့ Trend ကဏ္ဍကနေ ဖော်ပြပေးလိုက်ပါတယ်။

Loading