အမျိုးသားသုက်ရည် (sperm) ဟာနောက်ထပ် လူသားတယောက်ဖန်တီးတဲ့ နေရာမှာအရေးပါတယ် ဆိုတာအားလုံး ကြပါတယ်။ နောက်ပြီးတော့ ခလေးရဲ့ မျိုးရိုးဗီဇ တဝက်ဟာ သုက်ရည်ထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တယောက်ကိုဖန်တီးတဲ့နေရာမှာအမျိုးသားသုက်ရည်ကကူညီပေးနိုင်တဲ့ အချက်တွေရှိနေတာကလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ ဒါကြောင့် ဘဝတခုကို ဖန်တီးတဲ့နေရာမှာအရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတဲ့ သုက်ရည်နဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက်တချို့ကိုဖော်ပြလိုက်ပါတယ်။
အမျိုးသားတွေရဲ့ သုက်ရည်အပေါ် သူတို့ စားသောက်တဲ့ အစားအစာတွေကသက်ရောက်မှု ရှိတယ်ဆိုတာကိုလေ့လာမှု အများအပြားမှာတွေ့ရှိခဲ့ရပါတယ်။ ဥပမာအမျိုးသားတယောက်ကတနေ့ကိုကော်ဖီ ၃ ခွက်ထက်ပိုပြီးသောက် မယ်ဆိုရင် သုက်ပိုးအရေအတွက်ကိုလျော့ကျစေပါတယ်။ တနည်းအားဖြင့် သုက်ရည်ရဲ့ အရည်အသွေးကိုကျဆင်းစေပါတယ်။ ဗီတာမင် စီကတော့ သုတ်ရဲ့ အရည်အသွေးကိုတိုးတက်စေပြီး DNA ပျက်စီးမှု မဖြစ်အောင်လည်းကာကွယ် ပေးပါတယ်။
နောက်ထပ်လေ့လာမှုတခုအရဂျုံ၊ ဘာလီစတဲ့ ကောက်ပဲသီးနှံတွေကသုတ်ရည်ကိုပိုမိုအားကောင်းစေတယ် လို့ ဆိုပါ တယ်။ လတ်ဆတ်တဲ့ သစ်သီးတွေ စားသုံးပေးခြင်းအားဖြင့် သုက်ပိုးတွေ ပိုပြီး လျှင်မြန်စွာရွေ့လျား နိုင်တယ်လို့ သိရပါ တယ်။
၁လကို အနည်းဆုံး ၄ ကြိမ်လောက် (လိင်ဆက်ဆံလို့ပဲ ဖြစ်ဖြစ်၊ တကိုယ်ရေစိတ်ဖြေတာပဲ ဖြစ်ဖြစ်) သုက်ရည် ထုတ်တဲ့ အမျိုးသားတွေရဲ့ သုတ်ပိုးတွေကပိုပြီးသန်စွမ်းတယ်ဆိုတာပညာရှင်တွေလေ့လာတွေ့ရှိခဲ့ရပါတယ်။
laptopကွန်ပျူတာတွေ၊မိုဘိုင်းဖုန်းတွေလိုမျိုးရဲ့သက်ရောက်မှုကြောင့် သုက်ပိုးကိုထိခိုက်နိုင်မလားလို့ ပညာရှင်တွေ လေ့လာကြည့်တဲ့ အခါမှာအင်တာနက်ကို ဝိုင်ဖိုင်နဲ့ ချိတ်သုံးတဲ့ laptopကွန်ပျူတာတွေ ကြောင့် သုက်ပိုးတွေရဲ့ ရွေ့လျားမှုကိုထိခိုက်စေတာ၊ ဆဲလ်တွေ သေဆုံးတာတွေ ဖြစ်နိုင်တယ်ဆိုတာတွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် အမျိုးသားတွေ အနေနဲ့ laptopကွန်ပျူတာကိုပေါင်ပေါ်မှာတိုက်ရိုက်တင်သုံးတာ၊ မိုဘိုင်းဖုန်းကိုဘောင်းဘီအိတ်ထဲထည့်တာတွေကိုရှောင် ရှားသင့်ပါတယ်။
လေ့လာမှုတွေအရသုက်ပိုးဟာအခြေအနေပေးရင် အမျိုးသမီးကိုယ်ခန္ဓာထဲမှာ ၅ ရက်အထိရှင်သန်နေနိုင်ပါတယ်။ ပုံမှန်အားဖြင့် တော့ ၂ရက်လောက်ပဲ နေနိုင်ပါတယ်။
အမျိုးသားတွေရဲ့ ဝှေးစေ့တွေက ကိုယ်ခန္ဓာကကျန်တဲ့နေရာတွေထက် ၇ ဒီဂရီဖာရင်ဟိုက် လောက်ပိုအေးပါတယ်။ ကျန်းမာသန်စွမ်းတဲ့ သုက်ရည်ဖြစ်ဖို့ တခြားနေရာတွေထက်ပိုအေးတဲ့ နေရာလိုအပ်ပါတယ်။ ဒီနေရာမှာ ဝှေးစေ့တွေက ရေခဲသေတ္တာလိုအလုပ်လုပ်ပါတယ်။ အပူဖလှယ်မှုကိုသွေးကြောတွေထဲ က သွေး အဝင်အထွက် စီးဆင်းမှုကနေတဆင့်ပြု လုပ်ပေးပါတယ်။
နေထိုင်မှုပုံစံကလည်းသုက်ရည်ရဲ့ ကျန်းမာရေးအပေါ် သက်ရောက်နိုင်ပါတယ်။ ဆေးလိပ်သောက်တဲ့၊ အရက်သောက် တဲ့၊ အဝလွန်နေတဲ့ အမျိုးသားတွေဟာကလေးရနိုင်ချေ နည်းပါးပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီကိစ္စတွေကသုက်ရည် ရဲ့ ကျန်းမာသန်စွမ်းမှုကိုထိခိုက်စေလို့ ဖြစ်ပါတယ်။ အရက်ပုံမှန်သောက်တဲ့ အမျိုးသားတွေရဲ့ သုက်ပိုးကအားနည်းသလို လျှင်မြန်စွာရွေ့လျားနိုင်ခြင်းလဲမရှိပါဘူး။ အဝလွန်တဲ့ သူတွေဆိုလဲထိုနည်းတူပါပဲ။
အမျိုးသမီးတွေရဲ့ မျိုးဥနဲ့ မတူတာကတော့ အမျိုးသား ခန္ဓာကိုယ်ကသုက်ပိုးတွေကိုအမြဲတမ်းထုတ်လုပ်ပေးနေတာပါပဲ။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ ကိုယ့် သုက်ပိုးရဲ့ ကျန်းမာသန်စွမ်းမှု အနေအထားကိုလအနည်းငယ်အတွင်းမှာ မြှင့်တင် ပေးနိုင်တဲ့ အားသာချက်ရှိပါတယ်။ နောက်ပြီးတော့ ဒီလိုထုတ်လုပ်ပေးတာကလည်းအမျိုးသားအများစုအတွက် တသက်လုံး ဖြစ်ပါတယ်။ အသက်အရွယ်အရထုတ်လုပ်မှု ကျဆင်းသွားတာ၊ သန်စွမ်းမှုအားနည်းတာတွေတော့ ရှိပါလိမ့်မယ်။ ဒါပေမယ့် ရပ်တန့်သွားမှာမဟုတ်ပါဘူး။ ဒါကြောင့်လည်းအမျိုးသားတွေဟာအသက်ကြီးတဲ့ အထိကလေးအဖေဖြစ်ခွင့် ရှိနေတာ ဖြစ်ပါတယ်။
Source: natural-fertility-info.com