Lifestyle

လူငယ်အကြိုက် ပြိုင်ကား Mazda RX-8

This article has been converted from Zawgyi One to Unicode

ပြည်တွင်းမှာကားတွေခေတ်စားလာတာနဲ့ အမျှ လူငယ်တွေ အကြိုက် ပြိုင်ကားလို့ အလွယ်ခေါ်နိုင်မယ့် ၂ ယောက်စီးမော်ဒယ်တွေလည်းနေရာရလာပါတယ်။ တကယ်တော့ အခုပြောမယ့် RX-8တွေက Coupeလို့ သတ်မှတ်ကြတာ ဖြစ်ပြီး နှစ်ယောက်စီးဇိမ်ခံမော်ဒယ် အနေနဲ့ ထွက်ရှိနေတာပါ။

ဒါပေမယ့် Sportဆန်အောင် ဖန်တီးထားတဲ့ ကိုယ်ထည် ဒီဇိုင်း၊ ရုပ်ထွက်နဲ့ စွမ်းဆောင်ရည်တွေကနောက်ထပ် အပြင်အဆင်တွေ ထည့်လိုက်ရင် ပြိင်ကားလို ဖြစ်သွားတော့ လက်ရှိမှာSportပုံစံ ပြင်ဆင်စီးနင်းနေသူတွေ ပြည်တွင်းမှာအများကြီးပါ။ ရှေ့ပိုင်းမှာတော့ ၂၀၀၇ခုနှစ် ဝန်းကျင်ထုတ် မော်ဒယ်တွေပဲဈေးကွက် အဝင်များပေမယ့် အခုနောက်ပိုင်းအနေနဲ့ ၂၀၁၀နဲ့ နောက်ပိုင်းထုတ် မော်ဒယ်တွေ ဈေးကွက်မှာရနိုင်လာပါတယ်။

ဒီလိုမော်ဒယ်တွေမြင့်လာတဲ့ အတွက် ရွေးချယ်နိုင်လာတဲ့ အားသာချက် တချို့ကိုပြောချင်ပါတယ်။ ဒါကတော့ Autoနဲ့လည်းရနိုင်တယ်၊ Manualနဲ့လည်းရနိုင်တယ်၊ ဒီတော့ Transmissionပိုင်းမှာကိုယ့်စိတ်ကြိုက် ရွေးချယ်နိုင်တာပေါ့။ တကယ်တမ်း Sport Modeအပြည့်နဲ့ လိုချင်ရင်တော့ Manualကိုရွေးချယ်တာအကောင်းဆုံး ဖြစ်မယ်လို့ ဆိုချင်ပါတယ်။

နောက်ပြီးအရောင်၊ များသောအားဖြင့်တော့ အနက်ရောင်လိုတွေပဲမော်ဒယ်နိမ့် RX-8တွေမှာ တွေ့ခဲ့ရပေမယ့် အခုတော့ အနီ၊ အနက်၊ အဖြူ၊ စသဖြင့် အချိန်နည်းနည်းပေးမယ် ဆိုရင် ကြက်သွေးလိုအရောင်တွေကဈေးကွက်မှာအရောင် (၆)မျိုးလောက်ထိအောင်ရနိုင်နေပါတယ်။ ဒါတင်ပဲလားဆိုတော့ မော်ဒယ်နှစ် ရွေးချယ်နိုင်မှု၊ ၂၀၁၀ခုနှစ်ထုတ်၊ ၂၀၁၁၊ ၂၀၁၂မော်ဒယ်တွေထိအောင် ရနိုင်လာပြီးဒီမော်ဒယ်တွေရဲ့ ဈေးနှုန်းပိုင်းကဒီလောက် မကွာလှပါဘူး။ ၂၀၁၂ခုနှစ်ထုတ် မော်ဒယ်ပဲနည်းနည်းရှားချင်ပြီးဈေးကြီးနေတာတွေ့ရပါတယ်။

နောက်ဆုံးရွေးချယ်နိုင်စရာတချက် ရှိသေးတာကGasolineသုံးမော်ဒယ်လည်းရနိုင်မယ်၊ ဒီဇယ်အင်ဂျင်တပ် မော်ဒယ်လည်းရနိုင်မယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

၁ဒသမ၃လီတာသုံး အင်ဂျင်တပ်တွေ ဖြစ်ပြီး Smart Keyစနစ်နဲ့ လာတယ်။ စွမ်းဆောင်ရည်ပိုင်းဦးစားပေးထားပြီးရုန်းအားတော့ နည်းပေမယ့် ခရီးဝေး မောင်းနှင်မှုတွေမှာ Air-Conလို အင်ဂျင်ဝန်ပိစေမယ့် အပိုင်းတွေ မသုံးရင် စိတ်ကြိုက်မောင်းနှင်နိုင်မှာပါ။ အမြန်နှုန်း မြှင့်တင်နိုင်မှုကပျမ်းမျှ မိုင် ၆၀နှုန်းအတွက် အချိန် ၆စက္ကန့် ဝန်းကျင်နဲ့ ရောက်အောင် မောင်းနှင်နိုင်တာတစ်ချက်က ပြည်တွင်းကလူငယ်တွေ နှစ်သက်စေတဲ့ အချက် ဖြစ်နေစေပါတယ်။

လက်ကိုင်ပိုင်းထိန်းချုပ်ရတာစိတ်ကြိုက်ဖြစ်စေတယ်၊ ကိုယ်ထည် နိမ့်ထားလို့ မြန်နှုန်းမြင့် မောင်းနှင်ချိန်တွေမှာစီးနင်းရမှု အပိုင်းကိုကျေနပ်မှုပေးနိုင်တာလည်း ဖြစ်ပါတယ်။ ပျမ်းမျှတော့ ပြည်တွင်းဈေးကွက်မှာ ဝင်နေတဲ့ RX-8တွေက ကီလို ၆သောင်းကျော်လောက် မောင်းနှင်ပြီးထား ဖြစ်ပြီးအတွင်းခန်းအပြင်အဆင်၊ TVလိုအပိုင်းတွေကတော့ ဒီလောက်ကြီးကောင်းအောင် ထည့်မထားတတ်ကြပါဘူး။

ဒါကလည်းလူငယ်အများစုကသူတို့လက်ထဲမှာစိတ်ကြိုက်ပြန်ပြင်တတ်တာကြောင့် ရောင်းလက်ကအလေးမထားပဲမပြင်တတ်ကြတာ ဖြစ်ပါတယ်။ ဈေးနှုန်းပိုင်းမှာတော့ ၂၀၁၀-၁၁ခုနှစ်ထုတ် မော်ဒယ်ကိုသိန်း ၂၅၀လောက် အခေါ်ရှိပေမယ့် လူငယ်ကြိုက် ဖြစ်သလို နယ်ဝယ်လက် အဝယ်နည်းတဲ့ အနေအထားမှာအကျဘက်မှာရှိတတ်ပြီးသူ့ထက် မော်ဒယ်မြင့်ရင်တော့ သိန်း ၂၇၀လောက်ထိ တွေ့ရပါတယ်။ဒါပေမယ့် ဈေးသင့်သင့်လောက်ပဲသုံးမယ် ဆိုရင်တော့ ၂၀၁၁မော်ဒယ်လောက်ကို သိန်း ၂၄၀နဲ့ အောက်ဖက်ကျကျလေးပဲဈေးပေးစေချင်ပါတယ်။

Loading