Lifestyle

ပန်းနာရင်ကြပ်ရောဂါကို ဆားကုထုံးနဲ့ ကုသမယ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဆားကုထုံးကို Salt Therapy လို့ခေါ်ပါတယ်။ ပညာရပ်သုံး ဝေါဟာရမှာတော့ Halotherapy ပါ။ ဆားကို ဂရိဘာသာနဲ့ ‘‘Halo’’ လို့ ခေါ်တာကြောင့် Halotherpay ဖြစ်လာတဲ့ ဒီကုထုံးက ဓာတုဆေးဝါး မသုံးဘဲ ပန်းနာရင်ကြပ်ရောဂါ၊ လေပြွန်ရောင်ရမ်း ပိတ်ဆို့ရောဂါတွေ၊ ဓာတ်မတည့် ဝေဒနာနဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါများကို သက်သာ ပျောက်ကင်းစေပါတယ်။

ဒီကုထုံးကို ၁၈၄၃ ခုနှစ်က ပိုလန် ဆရာဝန်တဦး ဖြစ်တဲ့ အက်ဖ် ဘော့ချ်ကော့ဗ်စကီ (F. Botchkovsky) က တွေ့ရှိခဲ့တာဖြစ်ပြီး၊ ဆားချက်တွင်းများရဲ့ အနီးဝန်းကျင်ရှိ လေထုက လူတွေရဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဖြစ်ပွားနိုင်တဲ့ ရောဂါတွေကို ပျောက်ကင်း စေနိုင်တယ်ဆိုတာ ပထမဆုံး တွေ့ရှိတာပါ။ တဖြည်းဖြည်း လူသိများလာတဲ့ ဒီကျန်းမာရေး ကုထုံးဟာ ထိရောက်မှု ရှိတဲ့ ကုထုံးနည်း စနစ်တခု ဖြစ်လာပြီး အရှေ့ဥရောပနဲ့ ရုရှား အစရှိတဲ့ နိုင်ငံတွေပါ အသုံးပြုလာကြပါတယ်။

ဆားဂူများရဲ့ တိတ်ဆိတ် ငြိမ်သက်မှု၊ ဆားဓာတ် ပါဝင်သော ပတ်ဝန်းကျင်တွင် အသက်ရှူလမ်းကြောင်း ဆိုင်ရာနှင့် အရေပြားဆိုင်ရာ ရောဂါများကို သက်သာစေတဲ့ အစွမ်းရှိတာကြောင့် ယင်းဆားဂူများ နာမည်ကြီးလာပြီး၊ ကျန်မာရေးနဲ့ အပန်းဖြေ ဝန်ဆောင်မှု လုပ်ငန်းများ ပေါ်ပေါက်လာပါတယ်။

ဆား

ဆိုဒီယမ် ကလိုရိုက် မြင့်မားစွာ ပါဝင်ပြီး အလွန်သေးငယ်တဲ့ အမှုန့်များကို Halogenerator လို့ ခေါ်တဲ့ စက်က ထုတ်လုပ်ပေးပြီး ဆားငွေ့ပါဝင်တဲ့ လေထုတခု ဖန်တီးပေးထားတဲ့ ဆားကုထုံးနဲ့ ပတ်သက်ပြီး၊ ၂၀၀၆ အတွင်းက နယူး အင်္ဂလန် ဆေးပညာ ဂျာနယ်တခုမှာ အသက်ရှူလမ်းကြောင်း ပိတ်ရောဂါရှင် ၂၄ ဦးကို ဆားဓာတ်ပါတဲ့ ရေငွေ့ ရှူစေခြင်းဖြင့် အသက်ရှူ ပိုကောင်းလာတယ်လို့ သုတေသန ရလဒ်ကို ဖော်ပြခဲ့ပါတယ်။

ဆားကို အသုံးပြုပြီး အရှေ့ဥရောပရှိ ဆားဂူတွေလို ဖန်တီးကာ ကျန်းမာရေးနှင့် အပန်းဖြေရေး ဝန်ဆောင်မှုပေးတဲ့ Spa တွေမှာ သွားရောက် ကုသမှု ခံယူသူများကလည်း သူတို့ ခံစားနေရတဲ့ ရောဂါဝေဒနာ သက်သာ ကောင်းမွန်လာတယ်လို့ ဆိုပါတယ်။

ရှေးခေတ်က ဂရိဆေးဆရာများက အသက်ရှူလမ်းကြောင်းဆိုင်ရာ လူနာများကို ဆားငန်ရည် ရှူရန် ညွှန်ကြားခဲ့တယ် သလို အလယ်ခေတ် ဥရောပမှ ဘုန်းတော်ကြီးများကလည်း လူနာတွေကို ဆားဂူထဲထည့်ပြီး ဆေးဝါး ကုသပေးခဲ့တာတွေ ရှိခဲ့ပါတယ်။ ၁၉ ရာစုမှာတော့ ပိုလန်နိုင်ငံမှ ဆရာဝန်တဦးက ဆားတွင်း လုပ်သားများဟာ အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါဖြစ်ပွားမှု နည်းပါးတယ် ဆိုတာ တွေ့ရှိခဲ့တာပါ။

ကိုးကား – saltescape.com, saltspacolorado.com, thesaltsuite.com

Did you find apk for android? You can find new Free Android Games and apps.
Loading