Lifestyle

ရန်ကုန်မြို့မှာ Starbucks ကော်ဖီ ဘယ်မှာရနိုင်မလဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မိုးကတော့အငြိုးနဲ့ရွာလေသလား ထင်မှတ်မှားရအောင် ဖြိုင်ဖြိုင်ရွာလေပြီ။ ဒီလိုတစိမ့်စိမ့်ရွာနေတဲ့ မိုးနဲ့လိုက်ဖက်ဖို့ဆိုရင်တော့ ကော်ဖီကောင်းကောင်းလေးတစ်ခွက် ရဖို့အတွက်ပဲပေါ့။ ဒါဆို ကျွန်တော်တို့ရဲ့ ကော်ဖီခွက်လေးကရော ဘယ်မှာလဲ။

အခုလို မိုးရာသီမှာ ကလေးတွေကျောင်းသွားတဲ့အခါ သူတို့သုံးတဲ့ကျောပိုးအိတ်၊ ထမင်းဗူး၊ ရေဗူးတွေမှာ၊ သူတို့ပိုင်ဆိုင်တဲ့ ပစ္စည်းလေးတွေမှာ သူတို့ရဲ့အမည်လေးတွေကို မှတ်သားပေးတတ်ကြသလို ကော်ဖီချစ်သူ တစ်ယောက်အတွက်လည်း ကိုယ်စားပြုလိုတာကြောင့် ဒီ အမည်လေး ရွေးချယ်ပေးထားပါတယ်ဆိုသော MyCup Cafe ဆိုတဲ့ ဆိုင်လေးနဲ့မိတ်ဆက်ပေးပါရစေ။ ဆိုင်ထဲကိုဝင်လိုက်တာနဲ့ အရောင်တစ်မျိုးရဲ့ဖမ်းစားခြင်း ကို ခံရတာပါပဲ။ အတွင်းခန်းတခုလုံးကို ထူးဆန်းသောအနက်ရောင်တမျိုးနဲ့ မွမ်းမံထားပြီး ဆန်းသစ်ထူးခြားတဲ့ အသုံးအဆောင်တွေကို ရွေးချယ်သုံးပြုထားတာကြောင့်လည်း အနက်ရောင်ပိတ်ကားတချပ်ပေါ်မှာ ရေးချယ်ထားတဲ့ ဆေးစက်တွေကို ကြည့်ရှုနေရသလို ခံစားရရှိစေနိုင်ပါတယ်။

ဒီဆိုင်လေးမှာ Coffee ၊ Juice စတာတွေအပြင် Fast Foods Menu လေးများလည်း စီစဉ်ထားပါတယ်။ ကော်ဖီကို ချစ်မြတ်နိူးလွန်းသူတစ်ဦးရဲ့ မျှဝေခံစားစေလိုတဲ့ စေတနာနဲ့စီစဉ်ထားတဲ့ Menu ထဲကမှ ရွေးချယ်ဖြစ်ခဲ့တာလေးတွေကတော့…

Starbucks ကော်ဖီStarbucks Coffee

စင်္ကာပူနိုင်ငံက ကော်ဖီဆိုင်တွေမှာလို ကော်ဖီရဲ့အရသာအစစ်အမှန်ကို Logo အမှတ်တံဆိပ်ပါတဲ့ ကော်ဖီခွက်လေးနဲ့ ခံစားရရှိစေနိုင်တဲ့ Starbucks coffee ပါ။

Kopi C

ဒီကော်ဖီကတော့ Singapore  မှာ သောက်လေ့ရှိကြတဲ့ အရသာမျိုးကို ကော်ဖီကျွမ်းကျင်သူတစ်ဦးရဲ့ အနုပညာနဲ့ ပေါင်းစပ်ထားတဲ့ကော်ဖီမျိုးလို့ ဆိုရလောက်အောင် အရသာထူးခြားတဲ့ ကော်ဖီမျိုးပါ။

Frappuccino

ဒါကတော့ ရေခဲအမှုန်လေးတွေနဲ့ shake style လုပ်ထားပေးပြီး ကော်ဖီအရသာအနည်းငယ်သာပါရှိတဲ့ Iced Coffee ပုံစံမျိုးလေးကလည်း အရသာထူးခြားလှပါတယ်။

ဒါ့အပြင် Crispy Toasted တွေထဲက Butter Sugar Toasted နှင့် Kaya Toasted နှစ်မျိုးကို ရွေးချယ် ဖြစ်ခဲ့ပါတယ်။

ဒါဟာ ကြွပ်ရွနေအောင် မီးကင်ပေးထားတဲ့ ပေါင်မုန့်ကို Kaya, Butter Sugar စသည်တို့နဲ့ တွဲဖက်ထားတာပါ။ Kaya Toasted ကတော့ ကလေးနဲ့လူငယ်အကြိုက်လို့ ယူဆနိုင်ပြီး Butter Sugar ကတော့ ကော်ဖီကြိုက်တတ်သူတွေအတွက် အကောင်းဆုံးအတွဲအဖက်ဖြစ်နိုင်ပါတယ်။
Starbucks ကော်ဖီClub Sandwich

စစ်မှန်တဲ့ Mayonnaise၊ Butter၊ Saussage တို့နဲ့ တွဲဖက်ထားပြီး ထူးခြားကောင်းမွန်လှတဲ့အရသာကို ခံစားရရှိစေပါတယ်။

ထပ်မံပြီး MyCup Cafe ရဲ့ Noodle Menu ထဲမှာ စိတ်ကြိုက်တွေ့တာလေးတွေကတော့ …

Toyam Noddle Dry

အခြားပုံမှန်စားနေကျလို Toyam ဆိုတာ အရည်ပုံစံမျိုးနဲ့မဟုတ်ဘဲ Toyam paste လေးနဲ့သာ ချဉ်စပ်အရသာ ကို ခံစားရရှိနိုင်အောင် ဆန်းသစ်ဖန်တီးထားတဲ့ အသုပ်ပုံစံ Toyam Noodle Dry ကလည်း အရသာတစ်မျိုး ထူးခြားစေပါတယ်။

Mee Poh Dry Singapore Noodle Menu တွေထဲမှာ တွေ့ရလေ့ရှိတဲ့ ကြက်ဥဂျုံခေါက်ဆွဲဟာ ပဲငံပြာရည်တစ်မျိုးနှင့် စီစဉ်ထားတဲ့ ခေါက်ဆွဲမျိုးပါ။ မြန်မာပြည်မှာ စားရလေ့ရှိတဲ့ ဆီချက်ခေါက်ဆွဲဟာ ဆီချက်ကို အခြေခံ ထားပြီး Mee Poh Dry ကတော့ ပဲငံပြာရည်ကိုအခြေခံထားတာကြောင့်လည်း ကွဲပြားခြားနားတဲ့အရသာမျိုးကို ခံစားရရှိစေပါတယ်။

ဒါ့အပြင် မြန်မာနန်းကြီးသုပ်၊ နန်းပြားသုပ်၊ ကိုးရီးယားကင်မ်ချီခေါက်ဆွဲ စတာတွေလည်း ရရှိနိုင်ပါသေးတယ်။

စင်္ကာပူမှာ ကျောင်းတက်ရင်း ကော်ဖီနဲ့ ပက်သက်တာတွေကို ခက်ခဲစွာလေ့လာသင်ယူရင်း ပုံဖော်စိတ်ကူးထားတဲ့ Menu၊ Design အပြင်အဆင် အားလုံးကို အထူးခြားဆုံးဖြစ်အောင်ရွေးချယ်ခဲ့တာတွေအတွက်အခက်အခဲ အမျိုးမျိုးရှိခဲ့ပေမယ့် MyCup Cafe ဖြစ်တည်မှုအပေါ်နှစ်သက်အားရမှုရှိခဲ့တယ်လို့ MyCup Cafe ရဲ့ ဆိုင်ရှင်က ဆိုပါတယ်။

ဒါကြောင့့် အခြားနိုင်ငံတွေမှာ အလုပ်လုပ်နေသူများအနေနဲ့ မိမိကျွမ်းကျင်တတ်မြောက်ထားတဲ့ပညာရပ်ကို အသုံးပြုပြီး မိမိရဲ့မိခင်နိုင်ငံမှာ ရဲရဲဝံ့ဝံ့လှမ်းလျှောက်လာခဲ့ကြည့်လိုက်ပါ။

“ကိုယ်ရဲ့စိတ်ကူးအိပ်မက်တွေသာထုထည်ကြီးမားခဲ့ပါစေ၊ အောင်မြင်မူအသီးအပွင့်ကို မိမိကိုယ်တိုင်ပဲ ခံစားရရှိနိုင်ပါတယ်” ဆိုတဲ့ MyCup Cafe ပိုင်ရှင်ရဲ့အကောင်းမွန်ဆုံးစကားလက်ဆောင်လေးကို ဝေမျှပေးရင်း MyCup Cafe ကိုတခေါက်လောက်ကိုယ်တိုင်ခံစားကြည့်နိုင်စေဖို့ တိုက်တွန်းလိုက်ရပါတယ်။

Starbucks ကော်ဖီMyCup Cafe
အမှတ် (၅၄၁)၊ဗိုလ်ဆွန်ပက်လမ်း
၃၉.A ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်။

လမ်းညွှန်။ ။ အသစ်ဖွင့်လှစ်ထားတဲ့ပင်လုံလမ်းမကြီးပေါ်က စစ်တောင်းCity Mart ရဲ့ဘေးကပ်ရပ် ဗိုလ်ဆွန်ပက်လမ်းထဲကို တည့်တည့်ဝင်သွားရပါမယ်။ရာဇဓိရာဇ်လမ်းမကြီးရဲ့အနီးဆုံး အပိုင်းမှာတည်ရှိပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading