Lifestyle

လူငယ်အကြိုက် Yamaha YZF-R6 ဆိုင်ကယ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်းဒေသကြီး၊ မြို့တွင်း ၆ မြို့နယ်မှာ ဆိုင်ကယ်စီးခွင့်မရှိပေမယ့် ရန်ကုန်ဆင်ခြေဖုံး မြို့နယ်တွေမှာ ဆိုင်ကယ်က သွားလာရေးအတွက် အဓိက သုံးကျပါတယ်။ မြန်မာနိုင်ငံတဝန်းလုံးမှာလည်း ဆိုင်ကယ်ကိုသာ အဓိက ဆက်သွယ်သွားလာရေး ယာဉ်တခုအဖြစ် အသုံးပြုနေကြတာမို့  ဆိုင်ကယ်အသုံးပြုသူတွေအတွက် Yamaha YZF-R6 ကို ဖော်ပြပေးလိုက်ပါတယ်။

ဂျပန် အခြေစိုက် Yamahaရဲ့ ပြိုင်ဆိုင်ကယ် YZF-R6ပါ။ ရှေ့ပိုင်းမှာတော့ ပြိုင်ပွဲဝင် ဆိုင်ကယ် အနေနဲ့ ထုတ်လုပ် ရောင်းချခဲ့တာ ဖြစ်ပေမယ့် အခုတော့ ပုံမှန် လမ်းကြောင်းတွေမှာပါ အဆင်ပြေအောင် ပြင်ဆင် ထုတ်လုပ် ရောင်း ချ နေတာ တွေ့ရပါတယ်။ ထုတ်လုပ်မှု သက်တမ်း အရဆိုရင်လည်း ၁၉၉၈ခုနှစ်ကတည်းကနေ အခုချိန် ထိအောင် ထုတ်လုပ်နေဆဲ ဖြစ်ပြီးတော့ မြန်မာပြည်ရဲ့ ဆိုင်ကယ် မြို့တော် မန္တလေးမှာတော့ အမြင့်ဆုံး ၂၀၁၃ ခုနှစ် မော်ဒယ်ကို အသစ်အနေအထားနဲ့ ရနိုင်ပါတယ်နော်။

ဈေးနှုန်းကတော့ ၁၆၅သိန်း ဝန်းကျင် ရှိပါတယ်။  ဈေးကွက်မှာတော့ R6လို့ အခေါ်များပြီး Sport Bikeတန်းဝင် ဆိုင်ကယ်ပါ။ ပြည်တွင်းမှာတော့ Fighterလို့ ခေါ်ကြပါတယ်။ လေးလုံးထိုး အင်ဂျင်ကို တပ်ဆင်ထားပြီး အင်ဂျင်အရွယ်က ၆၀၀ စီစီ ဖြစ်လို့ အလွယ်အနေနဲ့ ပြောရရင် ပြည်တွင်းမှာ တွေ့နေရတဲ့ Hijet, Carry, Samberစတဲ့ လူစီးကုန်တင် မော်ဒယ်လေးတွေရဲ့ အင်ဂျင်ထက် ၀ ဒသမ ၆ စီစီပဲ သေးပါတယ်။

ဒါဟာ YZF-R6အနေနဲ့ အသေးစား ကားတစ်စီးရဲ့ အင်ဂျင်အရွယ်လောက်ထိအောင် တပ်ဆင်ထားတယ် ဆိုတာကို သိသာစေပါတယ်။ ဒါပေမယ့် အဲဒီလောက် အင်ဂျင်ကြီးလို့ ဆီစားနှုန်းတော့ များမယ် မထင်လိုက်ပါနဲ့။ ၄ဂါလံခွဲထိအောင် ဆံ့တဲ့ ဆီတိုင်ကီနဲ့ အတူ ဆီစားနှုန်းက တစ်ဂါလံကို မိုင် ၄၀ထိ စီးနင်းနိုင်မှာပါ။ တိုင်ကီထဲ ဆီအပြည့်ထည့်ပြီး ခရီးဆက်မယ် ဆိုရင် မိုင် ၁၈၀ထိအောင် ရောက်နိုင်ပါတယ်။ ဒီလို အင်ဂျင်၊ ဆီစားနှုန်းတွေ ဖြစ်လာဖို့တော့ ၁၉၉၈ခုနှစ် စတင် ထုတ်လုပ်ချိန်ကနေ အခုထိအောင် ကြားထဲမှာ အဆင့်မြှင့်တင် ပြင်ဆင်မှုတွေ ရှိခဲ့ပါတယ်။ ၂၀၀၁၊ ၂၀၀၃၊ ၂၀၀၆၊ ၂၀၀၈ခုနှစ်တွေမှာပါ။

ကုမဏီထုတ် တခြား နာမည်ကျော် မော်ဒယ် YZF-600Rမော်ဒယ်နဲ့ ဖန်တီးပုံချင်း ဆင်တူပါတယ်။ YZF-R6ရဲ့ ရရှိဖူးတဲ့ ကမ္ဘာ့အဆင့်အောင်မြင်မှု နှစ်ခု ရှိပါတယ်။ အဲဒါတွေက ၂၀၁၁ခုနှစ်ရဲ့ Supersport World Championship မှာ အနိုင်ရရှိမှုနဲ့ ၂၀၀၈ခုနှစ် North West 200 Racesပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့မှုတွေပါ။

မော်ဒယ်ရဲ့ အင်ဂျင်က နောက်ဆုံးထုတ် မော်ဒယ်မှာ ဆိုရင်  မြင်းကောင်ရေ ၁၂၂ကောင်အားထိအောင် ထုတ်လုပ်ပေးနိုင်နေပြီ ဖြစ်ပြီး စွမ်းဆောင်ရည်ကို ကြည့်မယ် ဆိုရင် တစ်နာရီ မိုင် ၆၀နှုန်းအတွက် အချိန် ၃စက္ကန့်နဲ့ ရောက်ရှိအောင် မောင်းနှင်နိုင်မှာ ဖြစ်သလို တစ်မိုင်ရဲ့ လေးချိုးတစ်ချိုး (၀ ဒသမ ၄၀ ကီလိုမီတာ)ကို ၁၀ ဒသမ ၆၇ စက္ကန့်နဲ့ ရောက်အောင် မောင်းနှင်နိုင်မှာပါ။ အမြန်ဆုံး မောင်းနှင်နိုင်မှုနှုန်းကို ကြည့်မယ် ဆိုရင် တစ်နာရီ ကီလိုမီတာ ၂၆၀ထိအောင် ရနိုင်ပြီး မိုင်အနေနဲ့ ဆိုရင် ၁၆၀နှုန်း ဖြစ်ပါတယ်။ ဒါဟာ ပုံမှန် ၁ ဒသမ ၅လီတာသုံး အင်ဂျင်တပ် အိမ်စီး ကားတွေတောင်မှ မောင်းဖို့ မလွယ်တဲ့ နှုန်းဖြစ်ပါတယ်။ ဒီလို မြန်နှုန်းမြင့် မောင်းနှင်နိုင်မှုရဲ့ လျှို့ဝှက်ချက်ကတော့ ရှေ့ဘီးနဲ့ နောက်ဘီးထောက်ကြား ပမာဏကို ပုံမှန်ထက် ပိုထားပြီး ၅၄ ဒသမ ၁လက်မရှိအောင် ဖန်တီးထားမှုနဲ့ မောင်းနှင်သူရဲ့ ထိုင်ခုံနေရာကို ပုံမှန်ထက် နိမ့်ထားပြီး ထိုင်ခုံက မြေပြင်နဲ့ ၃၃ ဒသမ ၅လက်မပဲ ကွာခြားအောင် ဖန်တီးထားတာကြောင့် ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading