Lifestyle

ခေတ်စားလာတဲ့ နှုတ်ခမ်းနီ အရောင်ဆန်းများ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ခေတ်ရဲ့ဖက်ရှင်အနေအထားပြောင်းလဲလာမှုတွေက တပတ်လည်နေတယ်ဆိုရမလားပဲ။ ဟိုးအရင် နှစ်ပေါင်း ၄၀ ကျော် ၅၀ နီးပါး ကာလတွေလောက်က ခေတ်စားခဲ့တဲ့ ဖက်ရှင်တွေ ဒီဇိုင်းတွေ၊ အလှအပ ပြင်ဆင်မှုတွေ ဒါတွေဟာ ဒီဘက်ခေတ်ကို အနည်းနဲ့အများဆိုသလို တပတ်လည် ပြန်လည် ရောက်ရှိလာကြတာပါပဲ။ ယခင်ခေတ်ကအတိုင်းဆိုတာထက် အဲ့ဒီခေတ်ကို အခြေခံပြီး အနည်းငယ် ဆန်းသစ်လာတဲ့ ပေါင်းစပ်မှု တွေနဲ့ပေါ့။

အဲ့ဒီလို ခေတ်ရဲ့ ဖက်ရှင်များ တပတ်လည်ရောက်ရှိလာမှုတွေထဲမှာ ဝတ်စားဆင်ယင်မှုပိုင်းအပြင် မျက်နှာ အလှအပ ပြင်ဆင်မှုပိုင်းတွေ ပါဝင်တယ်လို့ဆိုရပါမယ်။

နှုတ်ခမ်းနီ

ဒီလို ခေတ်ရဲ့ ဖက်ရှင်ဆိုတဲ့နေရာမှာလည်း လူသိများထင်ရှားတဲ့ အနုပညာရှင်တွေ ရှေ့က ဦးဆောင်ပြီး သုံးစွဲ ပြင်ဆင်နေတဲ့အတိုင်း ခေတ်ရဲ့သမီးပျိုတွေက လိုက်လံ အတုယူပြင်ဆင်မှုတွေက စခဲ့တာပဲ မဟုတ်လား။ မျက်နှာအလှအပပြင်ဆင်မှုပိုင်းအနေနဲ့ အဖြူအမည်းကာလာ ရုပ်ရှင်တွေခေတ်တုန်းကဆို သရုပ်ဆောင် မင်းသမီးတွေက သူတို့ရဲ့ မိတ်ကပ်ပြင်ဆင်မှုပိုင်းမှာ မိတ်ကပ်သားကို အထူကြီးလိမ်းရတာမျိုး နှုတ်ခမ်းနီကို အရောင်တောက်တောက်ဆိုးရတာမျိုး ပြင်ဆင်ခြယ်သခဲ့ရတာပါ။ ဒါမှလည်း တီဗီ ဖန်သားပြင် ပေါ်ရောက်ရင် သူတို့ရဲ့ မိတ်ကပ်အနေအထားက အတော်ဖြစ်မှာကိုး။

အဲ့ဒီကနေမှ ကင်မရာပိုင်းဆိုင်ရာ စက်မှုနည်းပညာပိုင်းတွေ တိုးတက်လာတာနဲ့အမျှ မိတ်ကပ် အထူကြီး လိမ်းစရာမလိုတော့ဘဲ တဖြည်းဖြည်း ပြောင်းလဲလာကာ ကိုရီးယားဇာတ်ကားတွေထဲက မင်းသမီးတွေလိုမျိုး မိတ်ကပ်ပါးပါး နှုတ်ခမ်းနီအရောင်ဖျော့ဖျော့ ခေတ်ကိုရောက်လာရပြန်ပါတော့တယ်။

နှုတ်ခမ်းနီ

ထို့နောက် တိုးတက်ပြောင်းလဲလာတဲ့ ဒီဘက်ခေတ်ကို ရောက်ရှိလာပြန်တော့ မိတ်ကပ်ပြင်ဆင်ပုံတွေက ဟိုးယခင်ခေတ်တွေတုန်းကလို မိတ်ကပ်လည်း ခပ်ထူထူနဲ့ နှုတ်ခမ်းနီကိုလည်း အရောင်တောက်တောက် ဒါမှမဟုတ် အရောင်ဆန်းဆန်းတွေကို ခပ်ထူထူ အဆိုးများလာပါတယ်။

နှုတ်ခမ်းနီ

ဒီမှာ နှုတ်ခမ်းနီအရောင်ဆန်းဆန်းလို့ ဆိုရာမှာ ယခင်က နှုတ်ခမ်းနီလို့ဆိုတဲ့အတိုင်း အနီရောင်၊ ပန်းရောင် မှ နှုတ်ခမ်းနီလို့ သတ်မှတ်ကြတဲ့ ခေတ်ကနေ အခုဆို နှုတ်ခမ်းမှာဆိုးရမယ့်အရောင်လို့ ဘယ်လိုမှတောင် ထင်မှတ်မထားတဲ့ ထူးခြားတဲ့ အရောင်တွေကိုတောင် ဆိုးလာကြတာပါ။

ဒါ့ထက် နှုတ်ခမ်းနီအရောင်တောက်တောက်မျိုးတွေကို ယခင်က ရုပ်ရှင်မင်းသမီးတွေလောက်သာ ဇာတ်ဝင်ခန်းတချို့တွင် ဆိုးကြပေမယ့် အခုခေတ်မှာ ခရမ်း၊ အမဲ၊ အပြာ၊ အစိမ်းရင့်ရင့်၊ ကြက်သွေး စတဲ့ အရောင်ဆန်းတွေဟာ ဆယ်ကျော်သက် မိန်းကလေးတွေကြားမှာ ခေတ်စားလာတာကို တွေ့ရပါတယ်။

နှုတ်ခမ်းနီ

ဒီနေရာမှာ သတိထားစရာရှိလာပါပြီ။ ဒီအရောင်ဆန်းတွေက သာမာန်အသားဖြူတဲ့သူတွေနဲ့ဆိုရင် အဆင်ပြေပေမယ့် အသားညိုသူတွေနဲ့ ဆိုရင်တော့ နည်းနည်းပြဿနာ ရှိနိုင်ပါတယ်။ မိမိနဲ့ မလိုက်ဖက်တာမျိုးဖြစ်နိုင်တဲ့အတွက် အရောင်ကို သေချာရွေးချယ်ဖို့ လိုပါလိမ့်မယ်။ နှုတ်ခမ်းနီကို တရောင်တည်းမဟုတ်ပဲ အရောင်စပ်ပုံဖော်ပြီး ဆိုးကြတာမျိုးလည်း ရှိပေမယ့် အဲ့ဒီနည်းကတော့ အနောက်နိုင်ငံက အနုပညာရှင်တွေ အဆိုတော် မင်းသမီးတွေ အဆိုးများပါတယ်။

“နှုတ်ခမ်းနီတွေက အရောင်ဆန်းတွေ ခေတ်စားလာပေမယ့် တချို့ကျတော့ နှုတ်ခမ်းပုံစံကြောင့် သိပ်မဆိုးရဲတာ တွေ့ရတယ်။ ဥပမာ နှုတ်ခမ်းထူတာမျိုးပေါ့။ နှုတ်ခမ်းက ထူတော့ အရောင်ခပ်ရင့်ရင့်တွေ ဆိုးလိုက်ရင် ထူအမ်းအမ်းကြီးဖြစ်သွားမှာမျိုးကို သူတို့ကြောက်ကြတယ်။ ခုလက်ရှိမှာတော့ အနီရောင်က အဆိုးအများဆုံးနဲ့ အရောင်းရဆုံးပါပဲ” လို့ M & N online shop မှ မမေသဲခိုင်က ပြောပြပါတယ်။

နှုတ်ခမ်းနီ

ဒါ့အပြင် လူငယ်တွေကြားမှာလည်း မိန်းကလေးတွေသာမက လူငယ်ပိုင်း ယောကျာ်လေးတွေပါ ရှိုးပွဲလို နေရာမျိုးတွေမှာ အနက်ရောင်လို နှုတ်ခမ်းနီမျိုးကို ဆိုးလာတာတွေ့ရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading