Lifestyle

ထိပ်တန်းသရုပ်ဆောင်၄ဦး အပြိုင်ကျဲသရုပ်ဆောင်ထားတဲ့“Battleship Island”ရုပ်ရှင်

This article has been converted from Zawgyi One to Unicode

“Battleship Island”  လို့ ယာယီ နာမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ကိုရီးယားထိပ်တန်း မင်းသားတွေဖြစ်တဲ့ ဟွမ်ဂျန်းမင်း၊ ဆောင်းဂျွန်ကီ၊ ဆိုဂျီဆပ်နဲ့ အဆိုတော်၊သရုပ်ဆောင်ဖြစ်သူ လီဂျန်းဟွန်တို့ အပြိုင်ကျဲ ပါဝင်ကြမယ်လို့ သိရပါတယ်။

ဇွန်လ ၂၃ ရက်နေ့က ဒီရုပ်ရှင်ကို ထုတ်လုပ်ရိုက်ကူးတဲ့ CJ Entertainment မှ သတင်း ထုတ်ပြန်ခဲ့ရာမှာတော့ ရုပ်ရှင်ရဲ့ အဓိကဇာတ်ဝင်ခန်းများအားလုံးပြီးစီးနေပြီဖြစ်ကာ ရုံတင်နိုင်ရန်အတွက် ကြိုးစားပြင်ဆင်မှုတွေ ပြုလုပ်နေပြီလို့ ဆိုပါတယ်။

ဒါရိုက်တာ ရူဆောင်းဝမ် ရိုက်ကူးတဲ့ အဆိုပါ ရုပ်ရှင်ဟာ ဂျပန်နိုင်ငံရဲ့ ကိုလိုနီဘဝသို့ ရောက်ရှိနေစဉ်မှာ ဟရှီမ ကျွန်းတွင် နေထိုင်ကြတဲ့ ဂျိုဆောင်လူမျိုး ၄၀၀ ခန့် က လွပ်လပ်ရေးရရှိဖို့အတွက် ကြိုးစားကြပုံကို ဇာတ်လမ်းဖွဲ့ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။

သမိုင်းမှာ မှတ်တမ်းတင်ထားခြင်း မရှိပေမယ့် ကိုရီးယား ဘာသာစကားဖြင့် ဟရှိမ ကျွန်း (သို့မဟုတ်) ဂူဂန် ဂျီမ (သို့မဟုတ်) Battleship Island လို့ အမည်ရတဲ့ အဆိုပါ ကျွန်းမှာ ဂျပန်ကိုလိုနီဘဝက ကျွန်းပေါ်မှာရှိတဲ့ ကိုရီးယား လူမျိုးတို့က ဂျပန်တို့ကို တော်လှန်ခဲ့တဲ့ ရာဇဝင်ဟာ ပါးစပ်ရာဇဝင်တခုအဖြစ် ရှိနေခဲ့ခြင်းပါ။

ဟွမ်ဂျန်းမင်းကတော့ လီဂန်အုအဖြစ် သရုပ်ဆောင်ထားပြီး ဂျပန်အရာရှိများရဲ့ အထူးယုံကြည်ရတဲ့သူဖြစ်ကာ ကျွန်းပေါ်ရှိ ကိုရီးယားလူမျိုးများကို နှိပ်စက်ရန်ပြုသူအဖြစ် အဓိကသရုပ်ဆောင်ထားကာ ဒါရိုက်တာ ရူဆောင်ဝမ်နဲ့ ဒုတိယအကြိမ် မြောက် သရုပ်ဆောင်ခြင်းဖြစ်ပါတယ်။

ဆိုဂျီဆပ်ကတော့ ချွိုင်ချီဆောင်အဖြစ် သရုပ်ဆောင်ထားပြီး ကျွန်းပေါ်ရှိ တိုက်ခိုက်ရေးအထူးချွန်ဆုံးသူဖြစ်ကာ ကျွန်းကို အေးချမ်းစေလိုတာကြောင့် ကျွန်းကို ကာကွယ်စောင့်ရှောက်ရေးတပ်ထဲသို့ ဝင်ရောက်ခဲ့ကာ လုံခြုံရေးအရာရှိအဖြစ် သရုပ်ဆောင်ထားပါတယ်။

Battleship Islandဆောင်းဂျွန်ကီကတော့ ကျွန်းလွပ်လပ်ရေးအတွက် လှုပ်ရှားမှုကို ဦးဆောင်တဲ့ တော်လှန်ရေး တိုက်ခိုက်ရေးသမားအဖြစ် အဓိကပါဝင်ထားပါတယ်။

အဆိုတော်နဲ့ သရုပ်ဆောင်ဖြစ်တဲ့ လီဂျန်းဟွန်ကတော့ မယ်နူးအဖြစ် သရုပ်ဆောင်ထားပြီး ပြည်မကြီးမှ ကျွန်းသို့ ရောင်းစားခံလိုက်ရတဲ့ ကောင်မလေးအဖြစ် သရုပ်ဆောင်ထားကြပါတယ်။

ဒါရိုက်တာ ရူဆောင်ဝမ်ကတော့ “ရေထဲမှာ အဓိက ရိုက်ကူးရတဲ့ ပထမဦးဆုံးရုပ်ရှင်ဟာ အောင်မြင်စွာနဲ့ ရိုက်ကူးနိုင်ခဲ့လို့ ကျေနပ်ပိတိဖြစ်ရပါတယ်” လို့ ဆိုပါတယ်။ အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရပေမယ့် ပါဝင်သရုပ်ဆောင်ကြတဲ့ သရုပ်ဆောင်အားလုံးက မငြီးငြူပဲ အကောင်းဆုံးပါဝင်ပေးခဲ့လို့ ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။

ဂန်အု အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဟွမ်ဂျန်းမင်းကတော့ “ဒီရုပ်ရှင်ကို စတင်ရိုက်ကူးချိန်ကတည်းက ချောချော မွေ့မွေ့ပြီးစီးမယ်လို့ ယုံကြည်ခဲ့ပါတယ်။ ဒါရိုက်တာနဲ့ ရိုက်ကူးရေးအဖွဲ့သားများအားလုံးဟာ စည်းလုံးညီညွှတ်စွာနဲ့ လှုပ်ရှားဆောင်ရွက်ကြပါတယ်။ အတူသရုပ်ဆောင်ကြတဲ့ သရုပ်ဆောင်အားလုံးနဲ့ တကြိမ်မှ ဆုံတွေ့ဖူးခြင်းမရှိသေးပေမယ့် သူတို့ရဲ့ သရုပ်ဆောင်မှု အရည်အချင်းတွေကို ကြားဖူးခဲ့ပြီးဖြစ်ပါတယ်။ အတူသရုပ်ဆောင်တဲ့အခါမှာ ထူးခြားစွာ သရုပ်ဆောင်နိုင်ကြပါတယ်။ ဂန်အုအဖြစ် ကျွန်တော်သရုပ်ဆောင်မှုတွေကလည်း ပရိသတ်များအတွက် ကျေနပ်မှု ဖြစ်စေမယ်လို့ ယုံကြည်ပါတယ်” လို့ ဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

Loading