Lifestyle

သိန်း ၂၄၀ လောက် ခေါ်ဈေးရှိတဲ့ Toyota ISIS ဆိုတာ

This article has been converted from Zawgyi One to Unicode

မော်ဒယ်ရဲ့ နာမည်က တခါတွေ့လိုက်ရုံနဲ့ ချက်ချင်းမှတ်မိလွယ်စေနိုင်လောက်ပေမယ့် ဈေးကွက်ကိုတော့ နောက်မှ လည်း ဝင်လာတယ်။ လူစီးလည်း နည်းသေးလို့ နေရာတိုင်းမှာ တွေ့ရလောက်အောင် မပေါသေးတဲ့ မော်ဒယ် တခုပါ။

Vanတွေအနေနဲ့ ဈေးနှုန်းမျိုးစုံ ရွေးချယ်ဝယ်ယူနိုင် ရည်ရွယ်ချက်နဲ့ Toyotaကနေ ထုတ်လုပ်လာပုံရပါတယ်။ ဈေးအမြင့်ဆုံးကတော့ Alphardပေါ့နော်၊ နောက်ထပ် ဈေးချိုချိုနဲ့ ရနိုင်မယ့် Voxyရှိတယ်၊ အခု မော်ဒယ် က တော့ တန်ကြေးသင့် ပုံစံပါ။ အတွင်းခန်း အပြင်အဆင်နဲ့ တပ်ဆင်ထားရှိမှုတွေကတော့ စိတ်ဝင်စားစရာပါ။

နောက်ပြီး အခု မော်ဒယ်မှာ ထူးခြားချက် တော်တော်များများ တွေ့ရပါတယ်။ အဲဒါတွေက Smart Key အနေ နဲ့တင် မဟုတ်ပဲ Keylessစနစ်နဲ့ပါ သုံးနိုင်မှု၊ ဒါက ပုံမှန် တန်ကြေးသင့် မော်ဒယ်မြင့်တွေမှာတောင် Smart Key လောက်နဲ့ပဲ လာတာ ဖြစ်လို့ပါ။

ပြီးတော့ Power Steeringစနစ်၊ သူလည်း ၂၀၁၀ခုနှစ် ဝန်းကျင် မော်ဒယ်တွေလောက်မှပဲ ပါရှိတတ်တာ ဖြစ်ပေမယ့် အခု ISISက ၂၀၀၈ခုနှစ်ထုတ် မော်ဒယ်မှာကိုပဲ ဒီစနစ်ကို ထည့်ထားပါတယ်၊ ပြီးတော့ Power Windowလို စနစ်ကလည်း အားသာချက် ဖြစ်လာစေတာပါ။

ရုပ်ထွက်ပိုင်းမှာတော့ ရိုးရှင်းပြီး Alphardလောက် ဆွဲဆောင်မှု၊ သိသာပေါ်လွင်မှု မရှိလှပါဘူး။ ဒါပေမယ့် တည် ငြိမ် တယ်လို့ ဆိုရမယ့် ရုပ်ထွက်မျိုးနဲ့ပါ။ ဒီနေရာမှာ မော်ဒယ်နဲ့ ပတ်သတ်ပြီး အားနည်းချက် တခုက ရွေးချယ်နိုင်စရာ မော်ဒယ်ခွဲ၊ မော်ဒယ်နှစ်နဲ့ အရောင်တွေ နည်းပါးတာပဲ ဖြစ်ပါတယ်။ Aplhardမှာ ဆိုရင် အဖြူ၊ အနက်၊ ငွေမှင်စသဖြင့် အရောင်၊ မော်ဒယ်နှစ်၊ မော်ဒယ်ခွဲ အများအပြား ရနိုင်ပေမယ့် အခု မော်ဒယ်မှာတော့ အရာင်အပိုင်းမှာကိုပဲ အနက်၊ အဖြူ နှစ်ရောင်လောက်ပဲ ရှိပါတယ်။ ဒါတောင်မှ အဖြူက ရှားပါတယ်။

ဒါကြောင့်လည်း မော်ဒယ်ရဲ့ အရည်အသွေးပိုင်းမှာ Alphardနဲ့ မကွာလှပေမယ့် ဈေးချိုချိုနဲ့ ရနိုင်တာ ဖြစ်ပါ လိမ့်မယ်။ တပ်ဆင် အင်ဂျင်အပိုင်းကို ကြည့်မယ် ဆိုရင် ၂ ဒသမ ဝလီတာသုံး အင်ဂျင်ဖြစ်လို့ မြို့တွင်းသုံး အတွက် ပိုအဆင်ပြေပေမယ့် Alphardလောက်တော့ ခရီးဝေး မောင်းနှင်ဖို့ အဆင်မပြေလောက်ပါဘူး။ ဒါကလည်း လိုက်ပါမယ့် ခရီးသည်၊ ကိုယ်ထည်အရွယ်အစား အားလုံးကို ချိန်ပြီး ပြောလိုက်တာပါ။ ဒါပေမယ့် ရန်ကုန်နယ်တွင်းလောက်ပဲ သုံးမယ် ဆိုရင်တော့ Alphardထက် ဆီစား ချိုပါလိမ့်မယ်။

ညာမောင်း မော်ဒယ် အနေနဲ့ပဲ ဈေးကွက်မှာ တွေ့ရပြီး Gasolineနဲ့ သွားမယ်၊ Autoစနစ် တစ်မျိုးတည်း လာ တယ်၊ အသက်ကယ် လေအိတ်စနစ်တွေလည်း ပါရှိမယ်၊ ဖျော်ဖြေရေးအတွက် TVနဲ့ အတူ DVDအထိပါ ထည့်ထား မယ်၊ ဒါတွေက Original တွေပါ။

Back Mirror, ABS, Alloy ဘီးတွေနဲ့က မော်ဒယ်ကို ပိုပြီး ပြည့်စုံသွားစေပါတယ်။ ဈေးကွက်အတွင်းမှာတော့ ၂၀၀၈ခုနှစ်ထုတ် ISISကို သိန်း ၂၄၀လောက် အခေါ်ရှိပေမယ့် အဖြူ မဟုတ်ရင်တော့ အဲဒီထက် ဈေးချို ပါ တယ်။ ဒီနေရာမှာ တချက်တွေ့လိုက်ရတဲ့ နောက်ထပ် အားသာချက်က မော်ဒယ်မြင့်ရနိုင်တဲ့ အချက်ပါ။ Alphard ၂၀၀၈ခုနှစ် မော်ဒယ်ဆိုရင် ဈေးနှုန်း ၂ဆ မက မြင့်သွားပါလိမ့်မယ်နော်။ ISIS အနေနဲ့ကတော့ မောင်းနှင်ပြီး ကီလို ၇သောင်း ဝန်းကျင်လောက်ပဲရှိသေးပြီး အဲဒီထက် ကီလို များနေမယ် ဆိုရင် ဈေးက အကျဘက်ကို ပိုပြီး ရောက်သွားမှာပါ။

Loading