Lifestyle

သင့်ကျန်းမာရေးနဲ့ အသင့်စား ခေါက်ဆွဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဈေးသက်သာခြင်း၊ ပြင်ဆင်ရ လွယ်ကူခြင်းတွေကြောင့် လူအများ နေ့စဉ်စားသောက်နေကြတဲ့ အသင့်စား ခေါက်ဆွဲခြောက်ထုပ်တွေက ကျန်းမာရေးကို ဆိုးရွာစွာ ထိခိုက်စေတဲ့အကြောင်း ဟားဗတ် တက္ကသိုလ် သုတေသန ပြုချက်မှာ ဖော်ပြထားပါတယ်။

အသင့်စား ခေါက်ဆွဲခြောက်နဲ့ ပြင်ဆင်ထားတဲ့ အစားအစာထဲမှာ ဟင်းခပ်မှုန့်နဲ့ အချိုမှုန့်ဆီတွေသာ ပါဝင်ပြီး အာဟာရဓာတ် မည်မည်ရရ မပါဝင်ဘူးလို့ ပြောဆိုတာတွေ ရှိခဲ့ပါတယ်။ အဲဒီ အစားအစာထဲမှာ ကာဗိုဟိုက်ဒရိတ်နဲ့ အဆီဓာတ်တွေ ပါဝင်နေပြီး ပရိုတိန်းဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ် နည်းနည်းသာ ပါဝင်ပေမယ့် တွင်ကျယ်မယ့် အစားအစာထဲမှာ ပါနေဆဲပါ။

ကမ္ဘာ့အသင့်စားခေါက်ဆွဲခြောက် အစည်းအရုံးရဲ့ အဆိုအရ အသင့်စား ခေါက်ဆွဲ စားသုံးမှုဟာ ၂၀၁၅ ခုနှစ် အတွင်း နိုင်ငံပေါင်း ၅၂ နိုင်ငံမှာ စားသုံးတဲ့ အထုပ်ပေါင်း ၉၇ ဒသမ ၇ ဘီလီယံ ရှိတယ် လို့ ဆိုပါတယ်။ စားသုံးမှု အများဆုံးက တရုတ်နဲ့ ဟောင်ကောင်တို့ ဖြစ်ပြီး စားသုံးတဲ့ အထုပ်ပေါင်း ၄၀ ဒသမ ၄၃ ဘီလီယံ၊ ယင်းနောက်မှာ အင်ဒိုနီးရှား နိုင်ငံက အထုပ်ပေါင်း ၁၃ ဒသမ ၂၀ ဘီလီယံနဲ့ အမေရိကန်ကလည်း အထုပ်ပေါင်း ၄ ဘီလီယံ ရှိတယ် လို့ ဆိုပါတယ်။

Baylor တက္ကသိုလ်နဲ့ ဟားဗတ်တက္ကသိုလ်တို့ ပူးပေါင်းပြုလုပ်တဲ့ သုတေသနပြု တွေ့ရှိချက်အရ အသင့်စား ခေါက်ဆွဲတွေ စားသုံးခြင်းကြောင့် နှလုံးနဲ့ ဆက်စပ်တဲ့ ရောဂါများ၊ လေဖြတ်ခြင်းများ ဖြစ်နိုင်ခြေ ပိုများတယ် Journal of Nutrition မှာ ဖော်ပြထားပါတယ်။

အသက် ၁၉ ကနေ ၆၄ နှစ် အတွင်းရှိ ကိုရီးယားလူမျိုး ၁၁၀၀၀ နဲ့ စမ်းသပ်သုတေသန ပြုခဲ့တာ ဖြစ်ပြီး၊ အသင့်စား ခေါက်ဆွဲခြောက်နဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေ စားသောက်မှုများတဲ့ အမျိုးသမီးတွေမှာ ကိုယ်တွင်း အစာချေဖျက်မှု၊ ကြီးထွားမှု၊ စွန့်ထုတ်မှု စတဲ့ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါ ဖြစ်နိုင်ခြေ ပိုမို များပြားပြီး အမျိုးသားတွေမှာတော့ လိင်သဘာ၀ ခံနိုင်ရည်အရ ရောဂါဖြစ်နိုင်ခြေ မတွေ့ရကြောင်း၊ တဖန် ကိုယ်တွင်းဇီ၀ ဖြစ်စဉ်ဆိုင်ရာ ရောဂါများက သွေးချိုရောဂါ၊ သွေးပေါင်ကျခြင်း၊ ဆီးချိုရောဂါ၊ လေဖြတ်ခြင်းနဲ့ နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေ ဆက်နွှယ် ဖြစ်ပွားစေနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

အဲဒီလို ရောဂါတွေ ဖြစ်စေတာက အသင့်အလွယ်စား အစားအသောက်များကို တာရှည်ခံအောင် စီမံရာမှာ ရေနံကရတဲ့ ဓာတုပစ္စည်းများ ပါဝင်နေခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

“အသင့်စား ခေါက်ဆွဲထုပ်တွေက လွယ်ကူအဆင်ပြေပြီး အရသာ ရှိတယ် ဆိုပေမယ့် အဲဒီ အစားအစာထဲမှာ ဆိုဒီယမ် ပါဝင်မှု များပြားခြင်း၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီပါဝင်မှု များပြားခြင်း၊ သွေးအတွင်း သကြားဓာတ်များစေတဲ့ ကာဗိုဟိုက်ဒရိတ် ပါဝင်မှု များပြားခြင်းတို့ကြောင့် ခန္ဓာကိုယ်တွင်း ဇီဝဆိုင်ရာ ရောဂါဖြစ်စေနိုင်ပါတယ်” လို့ ဟားဗတ် တက္ကသိုလ် ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ပါရဂူ သင်တန်း တက်ရောက်နေသူ၊ ပါဝင် သုတေသန ပြုနေသူ Hyun Shin က ပြောပါတယ်။

အိန္ဒိယမှာလည်း အစားအသောက် လုံခြုံရေးနဲ့ အဆင့်မီရေး အာဏာပိုင် အဖွဲ့ (Food Safety and Standard Authority of India) တွေ့ရှိချက်မှာလည်း Nestlé’s Maggi တံဆိပ် အသင့်စား ခေါက်ဆွဲမှာဆိုရင် သတ်မှတ်ထားတဲ့ ပမာဏထက် ခဲ ပါဝင်မှု ၇ ဆလောက် ပိုများနေတာကြောင့် တခြား မျိုးကွဲ ၉ မျိုးကိုပါ ‘ကျန်းမာရေးအတွက် လုံခြုံမှု မရှိသော အန္တရာယ်များတဲ့ အစားအစာ’ အဖြစ် သတ်မှတ်ပြီး အိန္ဒိယနိုင်ငံတဝှမ်း ရောင်းချမှု ပိတ်ပင်ခဲ့ပါတယ်။

ကိုရီးယားမှာတော့ ကိုရီးယား အစားအစာနဲ့ ဆေးဝါး ကွပ်ကဲရေးဌာနက Nong Shim ကုမ္ပဏီက ထုတ်လုပ်တဲ့ Benzopyrene အမည်ပါ ခေါက်ဆွဲခြောက်ထုပ် ၆ မျိုးမှာလည်း ကင်ဆာ ဖြစ်ပွားစေနိုင်တဲ့ ဓာတုဆေးဝါးများ ပါဝင်နေကြောင်း ၂၀၁၂ ခုနှစ်က တွေ့ရှိခဲ့တာကြောင့် ပြည်တွင်းပြည်ပမှ ပြန်လည် သိမ်းဆည်းခဲ့ရပါတယ်။

Source: nextshark.com

Did you find apk for android? You can find new Free Android Games and apps.
Loading