Lifestyle

ချစ်သူရနေပြီလို့ သတင်းထွက်နေတဲ့ ဂျိုဂျင်မို

This article has been converted from Zawgyi One to Unicode

200 Pounds Beauty ဇာတ်ကားနဲ့ အာရှဒေသတလွှားမှာ အောင်မြင်မှုတွေ ပိုင်ဆိုင်ခဲ့တဲ့ ကိုရီးယားထိပ်တန်း သရုပ်ဆောင်တဦးဖြစ်တဲ့ ဂျိုဂျင်မို တယောက် ‘Honey I am Sorry’ ရုပ်သံတွင် အတူတွဲသရုပ်ဆောင်ခဲ့တဲ့ တရုတ်အမျိုးသမီး သရုပ်ဆောင်ဖြစ်တဲ့ ဇန်လီ (Zhang Li) နဲ့ ချစ်သူတွေ ဖြစ်နေတယ်ဆိုတဲ့ သတင်းကတော့ ဒီတပတ်အတွင်းမှာ ဟော့ပ်သတင်း (hot news) ဖြစ်လို့နေပါတယ်။

သရုပ်ဆောင်ဂျိုဂျင်မို
သရုပ်ဆောင်ဂျိုဂျင်မို

ဒီသတင်းကို စတင်ဖြန့်လိုက်တာကတော့ တရုတ်နိုင်ငံမှ မီဒီယာမှဖြစ်ကာ သူတို့နှစ်ဦး အတူသရုပ်ဆောင်ခဲ့တဲ့ ဓါတ်ပုံကို သတင်းမှာ ဖော်ပြခဲ့ခြင်းပါ။ အဆိုပါသတင်း စတင်ချင်းမှာပဲ ဂျိုဂျင်မိုရဲ့ အနုပညာအေဂျင်စီဖြစ်တဲ့ Fantagio Entertainment မှနေပြီး ဒီသတင်းဟာ လုံးဝမှားယွင်းနေပါတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် “သူတို့နှစ်ဦး (ဂျိုဂျင်မိုနဲ့ ဇန်လီ) တို့ဟာ အတူသရုပ်ဆောင်ရင်း ရင်းနှီးတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပေမယ့် ချစ်သူတွေဖြစ်တဲ့အထိတော့ မရောက်ခဲ့ဘူးလို့ ငြင်းဆန်ခဲ့ပြီး တရုတ်မီဒီယာမှ ဖော်ပြခဲ့တဲ့ ဓါတ်ပုံဟာ ရိုက်ကွင်းဓါတ်ပုံဖြစ်ကာ ရိုက်ကွင်းတွင် ပါဝင်ခဲ့တဲ့ အခြားသော သရုပ်ဆောင်များနှင့် ရိုက်ကွင်းအဖွဲ့သားများကို ဓါတ်ပုံမှာ ဖျောက်ထားခြင်းပါ” လို့ ဖြေရှင်းချက်ထုတ်ခဲ့ပါတယ်။

သရုပ်ဆောင်ဂျိုဂျင်မို
သရုပ်ဆောင်ဂျိုဂျင်မို

ဂျိုဂျင်မိုရဲ့ အနုပညာအေဂျင်စီမှ သတင်းထုတ်ပြန်ပြီးမကြာမီမှာပဲ တရုတ်မီဒီယာများမှ သူတို့နှစ်ဦးရဲ့ ချစ်ကြည်နူးနေတဲ့ ဓါတ်ပုံများအပြင် ဗီဒီယိုများကိုပါ လွှင့်တင်ခဲ့ပါတယ်။ ဂျိုဂျင်မိုကတော့ အသက် ၄၁ နှစ် ရှိပြီဖြစ်ကာ ဇန်လီကတော့ သူ့ထက် ၉ နှစ်ခန့် ငယ်တာကြောင့် ၃၂ နှစ် ရှိနေပါပြီ။ သူတို့ဟာ အပိုင်း (၃၀) ရှိတဲ့ “Honey I’m Sorry” ဆိုတဲ့ ရုပ်သံဇာတ်လမ်းကို ၆လခန့် အတူ ရိုက်ကူးခဲ့ကြခြင်းလည်းဖြစ်ပါတယ်။ ယခုအခါမှာတော့ ရိုက်ကူးရေးအားလုံးပြီးစီးခဲ့ပြီဖြစ်ကာ လာမယ့် ဖေဖော်ဝါရီလတွင် တရုတ်ရုပ်သံဖြစ်တဲ့ TBA မှ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

သရုပ်ဆောင်ဂျိုဂျင်မို
သရုပ်ဆောင်ဂျိုဂျင်မို

ဂျိုဂျင်မိုဟာ ၁၉၉၉ ခုနှစ်မှစတင်ကာ “Dance Dance” ရုပ်ရှင်ဇာတ်ကားနဲ့ သရုပ်ဆောင်လောကထဲကို ဝင်ရောက်ခဲ့ပြီး Friend: The Great Legacy၊ Gabi ၊ A Frozen Flower၊ Wanee & Junah စတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အောင်မြင်မှုများရရှိခဲ့သလို Beloved Eun-dong ၊ ချစ်သော ဧကရီ (Empress Ki)၊ Bichunmoo၊ Fashion 70′s စတဲ့ ရုပ်သံဇာတ်လမ်းများနဲ့လည်း အောင်မြင်ခဲ့သူတဦးဖြစ်ပါတယ်။

Ref: http: www.koreatimesus.com

Loading