Lifestyle

ရန်ကုန်မြို့က အရသာကောင်းတဲ့ ပီဇာဆိုင် ၆ ဆိုင်

This article has been converted from Zawgyi One to Unicode

ဒီတပတ် ပီဇာကြိုက်တဲ့ Foodies တွေအတွက် ရန်ကုန်မြို့မှာရှိတဲ့ ပီဇာဆိုင်တွေကို လက်လှမ်းမီ သလောက် Foodie Guide ကနေတဆင့် ဧရာဝတီမှ ဖော်ပြပေးလိုက်ပါတယ်။

ပီဇာဆိုင်တွေအကြောင်း မပြောခင် ပီဇာအကြောင်းနည်းနည်း ပြောပြချင်ပါတယ်။ ပီဇာမှာဆိုရင် အောက်ခံဂျုံသား (Crust) ကို အထူ၊ အပါး ၂ မျိုးရှိပြီး အဲဒီအပေါ်ကမှ ဆော့(စ်)၊ ချိ(စ်) နဲ့ အခြား အဆာပလာတွေ ထည့်ပြီး မီးဖိုထဲမှာ ထည့်ပြီး ဖုတ်ရပါတယ်။

အခုနောက်ပိုင်း ပီဇာတွေဟာဆိုရင် အောက်ခံဂျုံသား အနားလိပ်တွေထဲမှာ ဝက်အူချောင်း စတာတွေ ထည့်ပြီး ပြုလုပ်လာတာကို တွေ့ရပါတယ်။ ယခု ဖော်ပြပေးမယ့် ဆိုင်တချို့မှာလည်း အဲဒီလို ပီဇာတွေ မှာယူ စားသုံးနိုင်ပါတယ်။

(၁) Parami Pizza

Parami Pizza (ဓါတ်ပုံ - ဧရာဝတီ)
Parami Pizza
(ဓါတ်ပုံ – ဧရာဝတီ)

ပထမဦးဆုံးအနေနဲ့ Parami Pizza ဆိုင်အကြောင်း ပြောပြချင်ပါတယ်။ Parami Pizza ဆိုင်ဟာ အခုဆို ဆိုင်ခွဲ ၃ ဆိုင် ဖွင့်လှစ်ပြီး ဖြစ်ပါတယ်။ ဒီဆိုင်တွေထဲကမှ ဆရာစံလမ်းမှာ နောက်ဆုံး ဖွင့်ထားတဲ့ ဆိုင်မှာသွားစားဖို့ ညွှန်းချင်ပါတယ်။ အကြောင်းကတော့ သွားလာရ လွယ်ကူတဲ့အပြင် ကလေးများ ဆော့ကစားနိုင်တဲ့ ကစားကွင်းတခု ပြုလုပ်ထားတာကြောင့် မိသားစုများအတွက် အဆင်ပြေပါတယ်။

Parami Pizza (Foodie Myanmar)
Parami Pizza (Foodie Myanmar)

ဈေးနှုန်းအားဖြင့် ပီဇာတခုကို ၁၃၀ဝဝ ကျပ်မှ စတင်စားသုံးနိုင်ပြီး ရွေးချယ်စရာ ပီဇာ ၁၆ မျိုးရှိပါတယ်။ ထူးခြားချက်က အဲဒီဆိုင်မှာ ပီဇာတွေကို ထင်းမီးဖိုနဲ့ ဖုတ်တာ ဖြစ်ပြီး လူအစားများဆုံးပီဇာကတော့ “Parami Pizza” ဖြစ်ပါတယ်။ အဲဒီ ပီဇာကို အောက်ခံဂျုံသား ပါးပါးကျွပ်ကျွပ် (Thin Crust) ဖြစ်အောင် ပြုလုပ်ထားပြီး Tomato Sauce၊ Mozzarella Cheese၊ Bacon၊ Capsicum တို့ပါဝင်ပြီး ကြက်ဥတလုံးကိုလည်း အလယ်တည့်တည့်မှာ ဖောက်ထည့်ပေးထားတာက တမျိုး အရသာ ဆန်းနေပါတယ်။ ကားပိတ်လို့ အပြင်မထွက်ချင်ရင်လည်း အိမ်ကနေမှာယူစားသုံးနိုင်တဲ့ Delivery Service ရှိပြီး မှာယူနိုင်တဲ့အချိန်ကတော့ မနက် ၁၀ နာရီကနေ ည ၁၀ နာရီခွဲအထိ ဖြစ်ပါတယ်။ မိမိကြိုက်နှစ်သက်ရာ Extra Topping ထည့်ချင်ရင်လည်း အသီးအရွက် အနေနဲ့ ၁၅၀၀ ကျပ်၊ အသားအနေနဲ့ ၃၀၀၀ ကျပ် ထပ်ဖြည့်စွက်ပြီး စားသုံးနိုင်ပါတယ်။

လိပ်စာ – အမှတ်(၅၆)၊ ဆရာစံလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
(၂) DiVino Italian Restaurant

နောက်တဆိုင် အနေနဲ့ တက္ကသိုလ်ရိပ်သာ လမ်းဟောင်းမှာရှိတဲ့ အီတလီ အစားအစာတွေ သီးသန့် ရောင်းချတဲ့ DiVino Italian Restaurant ကို ညွှန်းချင်ပါတယ်။ ဒီဆိုင်ကို ဝင်ဝင်ချင်း သတိထားမိ စေမှာက မှန်ပြတင်းပေါက်ကနေ တဆင့်တွေ့မြင်ရတဲ့ ပီဇာလုပ်တဲ့ ထင်းမီးဖိုကြီးပဲ ဖြစ်ပါတယ်။

ပီဇာ အမျိုးအစားပေါင်း ၈ မျိုး မှာယူစားသုံးနိုင်ပြီး ဈေးနှုန်းကလည်း အမေရိကန်ဒေါ်လာ ၈ ဒေါ်လာ မှစပြီး အမေရိကန်ဒေါ်လာ ၂၀ အထိ ရှိပါတယ်။ အဲဒီဆိုင်မှာရှိတဲ့ ပီဇာတွေကိုတော့ ခရမ်းချဉ်သီး ဆော့(စ်)၊ Mozzarella Cheese တို့ကို အသုံးပြုပြီး ပြုလုပ်တယ်လို့ သိရပါတယ်။ DiVino မှာရှိတဲ့ လူကြိုက်အများဆုံး ပီဇာတွေကတော့ Parma Ham နှင့် Three Cheeses Pizza တို့ ဖြစ်ပါတယ်။ Parma Ham မှာ ဆိုရင် ချယ်ရီ ခရမ်းချဉ်သီး၊ Mozzarella နဲ့ Mascarpone Cheese အပြင် Parma Ham ခေါ်တဲ့ ဝက်အသားလွှာ အခြောက် တို့ပါဝင်ပြီး ဈေးနှုန်းအနေဖြင့် ဒေါ်လာ ၂၀ ကျသင့်ပါတယ်။ Three Cheeses ပီဇာ ကတော့ ပါဝင်တဲ့ ချိစ်သုံးမျိုးက Mozzarella၊ Gorgonzola နဲ့ Mascarpone ချိစ် တို့ဖြစ်ပြီး အခြား ပါဝင်ပစ္စည်းများအနေနဲ့ အီတာလီလျံ ဝက်အူချောင်း၊ ကြက်သွန်နီတို့ ပါဝင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၁၅ ကျပ် ကျသင့်မှာဖြစ်ပြီး အပိုအနေနဲ့ အဆာပလာများကို ထပ်ထည့်မယ် ဆိုရင် အမျိုးအစားအလိုက် ဈေးနှုန်းကွာခြားမှု ရှိပါတယ်။

လိပ်စာ – အမှတ်(၆၁)၊ တက္ကသိုလ်ရိပ်သာလမ်းဟောင်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

(၃) Pezzo Pizza

နောက်တဆိုင်ကတော့ ထသွားထလာ ပီဇာကို စားနိုင်အောင် တချပ်လုံး ရောင်းတဲ့အပြင်၊ တစိတ်စီပါ ဝယ်ယူစားသုံးနိုင်အောင် စီစဉ်ထားတဲ့ Pezzo Pizza ပဲဖြစ်ပါတယ်။ ပီဇာ တစိတ်ချင်းစီကို ၂၇၀၀ ကျပ် မှ ၃၃၀၀ ကျပ် အထိ အစားစားရှိပြီး၊ တစိတ်ချင်းစီ အရသာမတူ ခြောက်မျိုးပါဝင်တဲ့ ပီဇာတစ်ချပ်ကို ၁၅၉၀၀ ကျပ်နဲ့ ဝယ်ယူစားသုံးနိုင်မှာဖြစ်ပါတယ်။ ရောင်းအားအကောင်းဆုံးနဲ့ လူကြိုက်အများဆုံး ပီဇာကတော့ Hot Chick Pizza ဘာဘီကျူးကြက်သား၊ ငရုပ်ပွနဲ့ Mozzarella Cheese တို့ အဓိက ပါဝင်ပါတယ်။ Pezzo Pizza ဟာဆိုရင် မလေးရှား၊ စင်ကာပူနဲ့ ဖိလစ်ပိုင်နိုင်ငံများမှာလည်း ဆိုင်ခွဲများ ရှိတယ်လို့ သိရပါတယ်။
လိပ်စာ- လှည်းတန်းစင်တာ Basement၊ ပြည်လမ်းနှင့် လှည်းတန်းလမ်းထောင့်၊ ကမာရွတ်မြို့နယ်။

(၄) Pizza Hut

Pizza Hut (Foodie Myanmar)
Pizza Hut (Foodie Myanmar)

နောက်ထပ်ညွှန်းချင်တဲ့ဆိုင်ကတော့ နိုင်ငံတကာမှာ ဆိုင်ခွဲပေါင်းများစွာနဲ့ ရောင်းအားအကောင်းဆုံး ပီဇာဆိုင်အဖြစ် ၁၉၅၈ ခုနှစ်ထဲက စတင်ဖွင့်လှစ်ခဲ့တဲ့ Pizza Hut ဖြစ်ပါတယ်။ ပထမဦးဆုံးဆိုင်ခွဲကို ဓမ္မစေတီလမ်းထဲမှာရှိတဲ့ City Mart (Marketplace) မှာ ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ကျယ်ဝန်းတဲ့ ဆိုင်အနေအထား၊ နိုင်ငံတကာအဆင့်မီတဲ့ ဖွဲ့စည်းပုံတွေနဲ့ မိမိမိသားစု၊ သူငယ်ချင်းများနဲ့ အေးအေးဆေးဆေး သွားစားနိုင်တဲ့ ဆိုင်ဖြစ်ပါတယ်။

Pizza Hut မှာ ပီဇာကို Regular ၉ လက်မနဲ့ Large ၁၂လက်မ ဆိုပြီး အရွယ်အစားပေါ် မူတည်ပြီး ရောင်းပါတယ်။ Regular size မှာ slice ၆ ခု ပါပြီး ဈေးကတော့ ၁၂၀၀၀ ကျပ် ဖြစ်ပါတယ်။ Large size မှာ slice ၉ ခု ပါပြီး ၁၆၀၀၀ ကျပ် ကျသင့်ပါတယ်။ Pizza Hut မှာ လက်ရှိရောင်းချလျက်ရှိတဲ့ အရသာ ၁၄ မျိုးထဲမှ လူကြိုက်များတဲ့ ပီဇာကတော့ Meat Supreme ဖြစ်ပြီး Marinara လို့ ခေါ်တဲ့ ဆော့စ် တမျိုးအပြင် Pepperoni၊ ဝက်သား၊ အမဲသား၊ လတ်ဆတ်တဲ့မှို၊ ငရုတ်ပွအချို့နဲ့ ကြက်သွန်တို့ ပါဝင်ပါတယ်။ မုန့်ဖုတ်ရာမှာ Electronic Oven ကို သာသုံးပြီး Pizza မှာမပါမဖြစ်တဲ့ ဆော့စ်ကို Tomato Sauce, Creamy Garlic Parmesan Sauce နဲ့ BBQ Sauce ဆိုပြီး အမျိုးမျိုးရရှိနိုင်ပါတယ်။ Delivery အနေနဲ့ လောလောဆယ် မရှိသေးပါဘူး။

လိပ်စာ – အမှတ် ၄၀၃ အေ၊ ဓမ္မစေတီ လမ်းနှင့် ရွှေတောင်ကြားလမ်းထောင့်၊ City Mark Market Place ဝင်းအတွင်း။

(၅) Pepperoni Pizza

နောက်တဆိုင်အနေနဲ့ ရန်ကုန်မြို့ရဲ့ ကန်တော်ကြီးအနီး နတ်မောက်လမ်းဘေးမှာရှိတဲ့ UBC (Union Business Center) ထဲမှာ ဖွင့်လှစ်ထားတဲ့ Peperoni Pizza ဆိုင်အကြောင်း ပြောပြချင်ပါတယ်။ Peperoni Pizza မှာ Pizza အမျိုးပေါင်း ၁၂ မျိုး ရှိပါတယ်။ Peperoni Pizza အနေနဲ့ အခြားဆိုင်များနဲ့ မတူတဲ့အချက်က ပီဇာပြုလုပ်ရာမှာ ထင်းမီးကိုသာ အသုံးပြုပါတယ်။

Pizza အရွယ်အစားအနေဖြင့် Medium, Large နဲ့ Extra Large ဆိုပြီး သုံးမျိုးရှိပြီး Medium မှာ
၉ လက်မ ရှိပြီး ဈေးနှုန်းကတော့ ၁၂၀ဝဝ ကျပ် ဖြစ်ပါတယ်။ ၁၂ လက်မအရွယ် Large size ကတော့ ၁၆၀ဝဝ ကျပ် ရှိပြီး ၁၆လက်မ ရှိတဲ့ Extra Large ကတော့ ၂၄၀ဝဝ ကျပ် စသည်ဖြင့် အသီးသီး ရှိပါတယ်။ ဆိုင်ရဲ့ နာမည်ကြီးပီဇာတွေကတော့ Pepperoni Diabola Pizza နဲ့ Supreme တို့ဖြစ်ပြီး Pepperoni Diabola Pizza မှာဆိုရင် Pepperoni (Pork), Tomato Sauce နဲ့ Mozzarella Cheese တို့ ပါဝင်ပါပြီး Supreme ပီဇာမှာတော့ မှို၊ ကြက်အူချောင်း၊ ကြက်သွန်နဲ့ ငရုတ်သီးတို့ စုံလင်စွာ ပါဝင်ပါတယ်။ ဖုန်းဆက်ပြီး Delivery နဲ့လည်း မှာယူစားသုံးနိုင်ပါတယ်။

လိပ်စာ – နတ်မောက်လမ်း၊ ယူနီယံ စီးပွားရေး အဆောက်အအုံဝင်းအတွင်း၊ ဗဟန်းမြို့နယ်။

(၆) Hot Stone Pizza

နောက်ဆုံးအနေနဲ့ ရန်ကုန်မြို့ရဲ့ အချက်အခြာကျတဲ့ နေရာမှာ လာရောက်ဖွင့်ထားတဲ့ Hot Stone Pizza ဆိုင်ကို ညွှန်းချင်ပါတယ်။ Hot Stone ရဲ့ ထူးခြားချက်တခုမှာ လူမျိုးမရွေး၊ ဘာသာမရွေး စားသုံးနိုင်ရန် ဖွင့်လှစ်ထားတဲ့ Halal ဆိုင်လည်း ဖြစ်ပါတယ်။ Hot Stone ပီဇာ မှာတော့ အရွယ်အစားပေါ်မူတည်ပြီး ရောင်းချတာမဟုတ်ဘဲ ဒိုးသား အထူ၊ အပါး ပေါ်မူတည်ပြီး ဈေးနှုန်း ပြောင်းလဲ ရောင်းချခြင်း ဖြစ်ပါတယ်။

ဒီဆိုင်ရဲ့ ရောင်းအားကောင်းပြီး လူကြိုက်များတဲ့ SpicyChicken BBQ (Thin Crust) အပါးကို ၉၉၀၀ ကျပ်နဲ့ စားသုံးနိုင်ပြီး ဆိုင်မှာ ထိုင်စားမယ်ဆိုရင် Tax အပါအဝင် ၁၁၄၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ Thick Crust အထူကတော့ ၁၆၀၀၀ ကျပ် ရှိပြီး Tax အပါအဝင် ၁၈၄၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ ပါဝင်ပစ္စည်းတွေ အနေနဲ့ Grilled Meat (ကြက်သားကင်)၊ ချယ်ရီခရမ်းချဉ်၊ ကြက်သွန်နီ နဲ့ Cream Cheese တို့ ပါဝင်ပါတယ်။ နောက်ထပ်လူကြိုက်များတဲ့ ပီဇာကတော့ Mix Vegetables ဖြစ်ပြီး Vegetables လို့ဆိုတဲ့အတိုင်း အသီးအရွက်၊ကြက်သွန်၊ Capiscum ခေါ် ငရုတ်ပွ၊ ခရမ်းချဉ်သီးနဲ့ သံလွင်သီးတို့ ပါဝင်ပါတယ်။ ဈေးနှုန်းတွေအနေနဲ့ Thin Crust အပါးကို ၇၅၀၀ ကျပ်၊ Thick Crust အထူ ၁၉၉၅၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ Delivery အနေနဲ့ မြို့ထဲ အနီးအနားကိုသာ Free ပို့ဆောင် ပေးလျက် ရှိပါတယ်။

လိပ်စာ – ဗိုလ်မြတ်ထွန်းတာဝါ၊ မဟာဗန္ဓုလလမ်းနှင့် ဗိုလ်မြတ်ထွန်းလမ်းထောင့်။

Loading