Lifestyle

နယူးယောက်အာရှရုပ်ရှင်ပွဲတော်မှ ချီးမြင့်တဲ့ Star Asia Award ဆု လီဗြောင်ဟွန်း ရရှိ

This article has been converted from Zawgyi One to Unicode

ကိုရီးယားထိပ်တန်းသရုပ်ဆောင် လီဗြောင်ဟွန်းဟာ နယူးယောက်မြို့တွင် ဇွန်လ ၂၂ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ၁၅ ကြိမ်မြောက် New York Asian Film Festival (NYAFF) တွင် Star Asia Award ကိုရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ရုပ်ရှင်ဆုပေးပွဲဟာ ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်ရေးမှနေပြီး အာရှဒေသတွင်း ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုး တိုးတက်စေဖို့ ရည်ရွယ်ပြီး ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ လီဗြောင်ဟွန်းနဲ့အတူ ဟောင်ကောင်မှ Miriam Yeung နှင့် ဖိလစ်ပိုင်မှ John Lloyd Cruz တို့လည်း ဆုများ အသီးသီးရရှိခဲ့ကြပါတယ်။

လီဗြောင်ဟွန်းအနေနဲ့ Star Asia Award ကိုရရှိခဲ့ခြင်းမှာ မကြာခင်က ရိုက်ကူးခဲ့သော နိုင်ငံရေး အခြေခံ ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Inside Men ရုပ်ရှင်ကားနဲ့ ဆုရရှိခဲ့ခြင်းဖြစ်ပါတယ်။

ရုပ်ရှင်ဆုပေးပွဲကို လီဗြောင်ဟွန်းက ဇနီးဖြစ်သူ လီမင်ဂျန်းနဲ့အတူ တက်ရောက်ခဲ့ခြင်းဖြစ်ကာ ဆုကို လက်ခံရယူပြီးနောက်မှာတော့ လီဗြောင်ဟွန်းက “ဒီလို ကြီးကျယ်ခမ်းနားတဲ့ဆုကို ပေးအပ်တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော်ရဲ့ ပရိသတ်များနဲ့အတူ နယူးယောက်မြို့မှာ “Inside Men” ရုပ်ရှင်ကို အတူကြည့်ခွင့်ရတဲ့အတွက် အလွန်ပျော်ပါတယ်။ ကျွန်တော် အခုရရှိခဲ့တဲ့ ဒီလိုဂုဏ်ထူးကို အာရှရုပ်ရှင်လောက တိုးတက်ရေးအတွက် ပြုလုပ်ပေးတဲ့ မည်သူ့ကိုမဆို ပေးလိုပါတယ်။ ဒီရုပ်ရှင်နဲ့ အာရှရုပ်ရှင်လောကအတွက် ဂုဏ်ဆောင်ခွင့်ရလို့ အထူးဝမ်းမြောက်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

လီဗြောင်ဟွန်းနှင့် အမျိုးသမီးဖြစ်သူ လီမင်ဂျွန်
လီဗြောင်ဟွန်းနှင့် အမျိုးသမီးဖြစ်သူ လီမင်ဂျွန်

ဒါ့အပြင် လီဗြောင်ဟွန်းက “ကျွန်တော့်ရဲ့ ဒီပျော်ရွှင်မှုကို ကျွန်တော့ရဲ့ ဇနီးသည်ကိုလည်း မျှဝေပေးပါတယ်။ ကျွန်တော် ဒီလိုသရုပ်ဆောင်ဖို့အတွက် ကျွန်တော့်ဇနီးသည်ရဲ့ အားပေးမှုတွေကြောင့်ပါ” လို့ နိဂုံးချုပ်ပြောကြား ခဲ့ပါတယ်။ ပရိသတ်တွေကြားမှာ ရောက်ရှိနေတဲ့ လီမင်ဂျန်းက မတ်တပ်ရပ်ပြီး အားပေးတဲ့အခါမှာတော့ ပရိသတ်များက လီဗြောင်ဟွန်းနဲ့ လီမင်ဂျန်းတို့နှစ်ဦးအတွက် အထူးသြဘာပေးခဲ့ပါတယ်။

လီဗြောင်ဟွန်းဟာ ကိုရီးယားရုပ်ရှင်ဈေးကွက်မှာ “A Bittersweet Life” (2005)၊ “The Good, The Bad And the Weird” (2008) စတဲ့ ရုပ်ရှင်များနဲ့ အောင်မြင်မှုများစွာရရှိခဲ့သလို ဟောလိဝုဒ်ရုပ်ရှင်ဈေးကွက် မှာလည်း “Red 2″ (2013)၊ “Terminator Genisys” (2015) စတဲ့ ရုပ်ရှင်များနဲ့ အောင်မြင်ခဲ့တဲ့ ကိုရီးယားသရုပ်ဆောင်တဦးဖြစ်ပါတယ်။ ယခုအခါမှာတော့ ကိုရီးယားရုပ်ရှင်နဲ့ ဟောလိဝုဒ်မှ ချီးမြင့်တဲ့ဆုကို ပထမဦးဆုံး ရရှိခဲ့ခြင်းဖြစ်ပါတယ်။

Ref: www.allkpop.com

Loading