ကမ္ဘာ့ဈေးအမြင့်ဆုံး Nude ပန်းချီကားတွေကို လေ့လာတဲ့ အခါ ပတ်ဘလို ပီကာဆို (Pablo Picasso ) ရဲ့ ပန်းချီကား ၄ ကား၊ အေမင်ဒီယို မိုဒီဂလျာနီ (Amedeo Modigliani) ရဲ့ ပန်းချီကား ၂ ကား၊ သြဂတ်စတီ ရိုဒင်ရဲ့ ပန်းပုလက်ရာ ၁ ခု၊ လူစီယံ ဖရောက် (Lucien Freud) ရဲ့ ပန်းချီကား ၂ ကား၊ ဖရန်စစ် ဘေကွန်ရဲ့ ပန်းချီကား ၁ ကား တို့ ဖြစ်ပါတယ်။ ပန်းချီကား တန်ဖိုး အနိမ့်ဆုံးက အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၇၇ သန်း ဖြစ်ပြီး အမြင့်ဆုံးက ၄၅ ဒသမ ၁ သန်း ဖြစ်ပါတယ်။ ကမ္ဘာ့ဈေးအမြင့်ဆုံး Nude ပန်းချီကားတွေ အကြောင်း လေ့လာနိုင်ဖို့ တန်ဖိုး အစဉ်အတိုင်း ဖော်ပြပေးလိုက်ပါတယ်။
အီတာလျံပန်းချီဆရာ အေမင်ဒီယို မိုဒီဂလျာနီရဲ့ ပန်းချီကားပါ။ အမေရိကန် ဒေါ်လာ ၁၆ ဒသမ ၇၇ သန်းလို့ သိရပါတယ်။
ဒီပန်းချီကားရဲ့ အမည်က Les Femmes D’Alger version J ဖြစ်ပြီး ရေးဆွဲသူက ပတ်ဘလို ပီကာဆိုဖြစ်ပါတယ်။ အမေရိကန် ဒေါ်လာ ၁၈ ဒသမ ၆ သန်း ဖြစ်ပါတယ်။
အောက်မှာ ဖော်ပြထားတာက ပန်းပုဆရာ သြဂတ်စတီ ရိုဒင်ရဲ့ Eve, Grand Modele-version Sans Rocher လို့ အမည်ပေးထားတဲ့ ပန်းပုလက်ရာပါ။ တန်ဖိုးက အမေရိကန် ဒေါ်လာ ၁၈ ဒသမ ၉၇ သန်း သဖြစ်ပါတယ်။ ရိုဒင်ရဲ့ တခြား ထင်ရှားတဲ့ ပန်းပုလက်ရာက The Thinker ဆိုတဲ့ ပန်းပုလက်ရာဖြစ်ပါတယ်။
Naked Portrait with Reflection လို့ အမည်ပေးထားတဲ့ ဒီပန်းချီကားက ပန်းချီဆရာ လူစီယံ ဖရောက်ရဲ့ လက်ရာ ဖြစ်ပြီး၊ တန်ဖိုးက အမေရိကန် ဒေါ်လာ ၂၃ ဒသမ ၅ သန်း ဖြစ်ပါတယ်။
ပက်ပလို ပီကာဆိုရဲ့ Nu au Collier လို့ အမည်ပေးထားတဲ့ ဒီပန်းချီကားကလည်း ကမ္ဘာ့ ဈေးအမြင့်ဆုံး ထဲမှာပါပါတယ်။ တန်ဖိုးက အမေရိကန် ဒေါ်လာ ၂၄ သန်း ဖြစ်ပါတယ်။
ဒီပန်းချီကားက မိုဒီဂလျာနီရဲ့ Nu Couche de Dos လို့ အမည်ပေးထားတဲ့ ပန်းချီကားပါ။ တန်ဖိုးက ၂၆ ဒသမ ၉ သန်း ဖြစ်ပါတယ်။
ပီကာဆိုက ဒီပန်းချီကားကို Les Femmes D’Alger version O လို့ အမည်ပေးထားပါတယ်။ တန်ဖိုးအားဖြင့်တော့ အမေရိကန် ဒေါ်လာ ၃၂ သန်းဖြစ်ပါတယ်။
လူစီယံ ဖရောက်ရဲ့ Benefits Supervisor Sleeping လို့ အမည်ပေးထားတဲ့ ဒီပန်းချီကားရဲ့ တန်ဖိုးက အမေရိကန် ဒေါ်လာ ၃၃ ဒသမ ၆ သန်းဖြစ်ပါတယ်။
ဖရန်စစ်ဘေကွန်က ဒီပန်းချီကားကို Study of Nude with Figure in a Mirror လို့ အမည်ပေးထား ပါတယ်။ အမေရိကန် ဒေါ်လာ ၃၉ ဒသမ ၇ သန်း တန်တယ်လို့ သိရပါတယ်။
ဒီကားက ပက်ပလို ပီကာဆိုရဲ့ လက်ရာပါ။ Nude in a Black Armchair လို့ အမည်ပေးထားတဲ့ ပန်းချီကားရဲ့ တန်ဖိုးက အမေရိကန် ဒေါ်လာ ၄၅ ဒသမ ၁ သန်းဖြစ်ပါတယ်။
Source – askmen.com