မြန်မာနိုင်ငံမှာ ပထမဆုံး ATMOS အသံစနစ်ပါဝင်တဲ့ ရုပ်ရှင်ရုံသစ်
This article has been converted from Zawgyi One to Unicode
မင်္ဂလာကုမ္ပဏီမှ အသစ် ဖွင့်လှစ်လိုက်တဲ့ “Mingalar Cineplex Gamone Pwint” ရုပ်ရှင်ရုံသစ်ကို ဇူလိုင်လ ၁၇ ရက်နေ့က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းမပေါ်၊ လှည်းတန်း စံရိပ်ငြိမ်မှာ အသစ် ဆောက်လုပ်နေတဲ့ ဂမုန်းပွင့်ကုန်တိုက်မှာ ဖွင့်လှစ်ခဲ့ပါတယ်။
(၁၄) ရုံမြောက် ဖွင့်လှစ်လိုက်တဲ့ အဆိုပါ Mingalar Cineplex ရုပ်ရှင် ရုံသစ်မှာ ရုပ်ရှင်ရုံ ၄ ရုံ ပါဝင်ပြီး Cineplex တခုလုံးမှာ လူ ၆၇၂ ဦး တပြိုင်တည်း ရုပ်ရှင်ကြည့်နိုင်မှာဖြစ်ပါတယ်။ တနေ့ကို ပွဲချိန် ၅ ပွဲနှုန်းနဲ့ မနက် ၁၀ နာရီမှ ည ၉ နာရီ ခွဲ ပွဲစဉ်အထိ၊ ဇူလိုင်လ ၁၇ ရက်နေ့မှစပြီး နေ့စဉ်ပြသသွားမယ်လို့ သိရ ပါတယ်။

Digital နဲ့ ရိုက်ကူးထားတဲ့ 2D, 3D ဇာတ်ကားများကို နိုင်ငံတကာ အဆင့်မြင့် 2k/4k Resolution DCP စနစ်နဲ့ ပြသနိုင်တဲ့ Christie Digital Cinema Projector များနဲ့ ပြသသွားမှာဖြစ်ပြီး အသံပိုင်းစနစ်ကို Cinema 1 မှာ မြန်မာနိုင်ငံရဲ့ပထမဆုံး ATMOS အသံစနစ်၊ Cinema 2,3,4 မှာ 7.1 DOLBY Digital Surround System အသံစနစ်တို့ အသုံးပြုထားတယ်လို့ သိရပါတယ်။

ရုပ်ရှင်ရုံ ၄ ရုံမှာ တကားစီ ပြသသွားမှာဖြစ်တာကြောင့် လာရောက်ကြည့်ရှုသူများ အနေနဲ့ မိမိတို့ ကြိုက်နှစ်သက်ရာ ရုပ်ရှင် ဇာတ်ကားများကို ရွေးချယ်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ မြန်မာရုပ်ရှင် ဇာတ်ကားများ၊ ဟောလိဝုဒ် ရုပ်ရှင်ဇာတ်ကားများ၊ အိန္ဒိယ၊ တရုတ်စတဲ့ အာရှရုပ်ရှင်ဇာတ်ကားများကို ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ Cinema 1 မှာ ATMOS အသံစနစ်နဲ့ ရိုက်ကူးထားတဲ့ “Find Dory” 3D Animation ဇာတ်ကား၊ Cinmea 2 မှာ “ခိုးဆိုးလုနှိုက်” မြန်မာဇာတ်ကား၊ Cinema 3 မှာ “Central Intellgence” ဇာတ်ကားတို့ ပြသလျက်ရှိပါတယ်။
ပြသတဲ့ ပွဲချိန်များက မနက် ၁၀ နာရီ၊ နေ့လည် ၁၂ နာရီခွဲ၊ ၃ နာရီခွဲ၊ ညနေ ၆ နာရီခွဲ၊ ည ၉ နာရီခွဲတို့ ဖြစ်ပြီး တရုံနဲ့တရုံ အချိန်အနည်းငယ် ကွာခြားတယ်လို့ သိရပါတယ်။

ဈေးနှုန်းများအနေနဲ့ 2D ရုံကို ကျပ် ၁၂၀၀၊၂၂၀၀၊ ၃၂၀၀၊ ၄၀၀၀ ကျပ်တို့ ဖြစ်ပြီး 3D ရုံက ကျပ် ၁၈၀၀၊ ၂၈၀၀၊ ၃၅၀၀၊ ၄၅၀၀ စသဖြင့် အစားစား ရှိပါတယ်။ ATMOS -2D ရုံဆိုရင် ကျပ် ၁၅၀၀၊ ၂၅၀၀၊ ၃၅၀၀၊ ၄၅၀၀ နဲ့ ATMOS -3D ရုံကို ကျပ် ၂၀၀၀၊ ၃၀၀၀၊ ၄၀၀၀၊ ၅၀၀၀ တို့ ဖြစ်ပါတယ်။