Samsung Galaxy A series ရဲ့ နောက်ဆုံးထွက် စမတ်ဖုန်းသစ် “Samsung Galaxy A9 Pro 2016” ကို မြန်မာပြည် ဈေးကွက်မှာ စတင် မိတ်ဆက်လိုက်ပြီလို့ Samsung Myanmar က ယနေ့၊ ဇူလိုင်လ ၂၁ ရက်နေ့မှာ သတင်း ထုတ်ပြန်လိုက်ပါတယ်။
Galaxy A9 Pro 2016 စမတ်ဖုန်းက မျက်နှာပြင် အရွယ်အစား ၆ လက်မရှိပြီး 1920 x 1080 Pixels နဲ့ Full HD အရည်အသွေးရှိ Gorilla Glass 4 Protection မျက်နှာပြင်နဲ့ ဖန်တီးပြုလုပ်ထားပါတယ်။ မျက်နှာပြင်ကျယ်ပြီး စွမ်းဆောင်ရည် မြင့်တဲ့ စမတ်ဖုန်း ကိုင်ချင်သူတွေအတွက် အရည်အသွေးမြင့် Phablet အမျိုးအစားတခု ဖြစ်ပါတယ်။
ကင်မရာပိုင်းမှာ အနောက်ဘက် ကင်မရာကို f/1.9 aperture၊ LED flash နဲ့ OIS တို့ပါဝင်တဲ့ 16 Mega Pixel အရည်အသွေးရှိ ကင်မရာကို ထည့်သွင်းအသုံးပြုထားပြီး အရှေ့ဘက် Selfie ကင်မရာကိုလည်း ထပ်တူညီတဲ့ aperture နဲ့ sensor ပါဝင်ပြီး 8 Mega Pixel အရည်အသွေးရှိ ကင်မရာတို့ကို အသုံးပြုထားပါတယ်။
CPU အနေနဲ့ စွမ်းဆောင်ရည်မြင့် 1.8 GHz ရှိတဲ့ Octa-core Qualcomm Snapdragon 652 chipset နဲ့အတူ 4GB RAM ထည့်သွင်း အသုံးပြုထားတာတွေ့ရပြီး ဖုန်းတွင်း မှတ်ဉာဏ်သိမ်းဆည်းမှု ပမာဏ 32 GB ပါဝင် ပါတယ်။ microSD ကဒ် 128 GB အထိ ထပ်မံတိုးမြှင့် အသုံးပြုနိုင်တယ်လို့ သိရပါတယ်။
ဘက်ထရီအားပမာဏ 5,000 mAh ပါဝင်ပြီး Android Version က 6.0 Marshmallow ဖြစ်ပါတယ်။ Samsung ရဲ့ ကိုယ်ပိုင် TouchWiz UI လည်း ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။
Galaxy A9 Pro 2016 စမတ်ဖုန်းက 3G, 4G စနစ် နှစ်မျိုးလုံး တပြိုင်တည်း အသုံးပြုနိုင်တဲ့ Dual SIM၊ ဆင်းမ်ကတ်နှစ်ကတ်ထိုး ဖုန်းအမျိုးအစား ဖြစ်ပြီး အရောင်အားဖြင့် ရွှေရောင်၊ အဖြူရောင်၊ အနက်ရောင် စသဖြင့် အရောင် ၃ ရောင် ရရှိနိုင်ပါတယ်။
Samsung Galaxy A9 Pro 2016 စမတ်ဖုန်းကို ဈေးနှုန်း မြန်မာငွေ ကျပ် ၅၅၅,၀၀၀ ဒီနေ့ စတင် ရောင်းချပြီလို့ သိရပါတယ်။