F(x) အဖွဲ့ရဲ့ All Mine သီချင်းသစ် စတင်ဖြန့်ချိ
This article has been converted from Zawgyi One to Unicode
ဗစ်တိုးရီးယား (Victoria)၊ အမ်ဘာ (Amber)၊ လူနာ (Luna)၊ ကာစတယ် (Krystal) စတဲ့ အဖွဲ့ဝင် လေးဦးနဲ့ ဖွဲ့စည်းထားတဲ့ F(x) အဖွဲ့ဟာ အီလက်ထရိုဂီတဖြင့် ဖန်တီးထားတဲ့ သီချင်းများကို သီဆိုပြီး အကအလှများဖြင့် ကမ္ဘာတဝန်းက ပရိသတ်များကို ဆွဲဆောင်နိုင်တဲ့ ကိုရီးယားအမျိုးသမီး ပေါ့ပ်အဖွဲ့ဖြစ်ပါတယ်။ F(x) အဖွဲ့ဟာ မကြာခင်ကပဲ သီချင်းသစ် ဖြစ်တဲ့ All Mine သီချင်းကို ဖြန့်ချိလိုက်ပြီလို့ သိရပါတယ်။
All Mine သီချင်းကို ဗြိတိသျှတေးရေးဆရာ LDN Noise က ရေးဖွဲ့ပေးတာဖြစ်ကာ Music Video ကိုလည်း YouTube တွင် ဇူလိုင်လ ၂၁ နေ့ညက စတင်ထုတ်လွှင့်လိုက်ပြီဖြစ်ပါတယ်။ All Mine သီချင်းဟာ F(x) အဖွဲ့သီဆိုနေကျ အီလက်ထရိုဂီတဖြင့် ဖန်တီးထားတာဖြစ်ပြီး K-pop အဖွဲ့တို့ ထုံးစံအတိုင်း အကအလှများကို Music Video တွင် တွေ့မြင်ရမှာ ဖြစ်ပါတယ်။
အဆိုပါ Music Video ကို တာဝန်ယူရိုက်ကူးသူကတော့ F(x) အဖွဲ့ဝင် တဦးဖြစ်တဲ့ အမ်ဘာ ဖြစ်ပြီး သူတို့ရိုက်ကူးထားတဲ့ ရိုက်ကွင်းနောက်ကွယ်က အဖြစ်အပျက်များကိုလည်း တပါတည်းထည့်သွင်း ဖြန့်ချိ လိုက်တာကြောင့် ကမ္ဘာတစ်ဝန်းမှ F(x) ကို ချစ်တဲ့ ပရိသတ်များကြားမှာ လတ်တလော အထူး ရေပန်းစားနေပါတယ်။
F(x) ရဲ့ အယ်လ်ဘမ်အသစ်ဖြစ်တဲ့ All Mine ကို တာဝန်ယူဖြန့်ချိခဲ့တာကတော့ F(x) ရဲ့ အနုပညာအေဂျင်စီအဖြစ် တာဝန်ယူနေတဲ့ SM Entertainment ဖြစ်ကာ ၂၀၀၉ ခုနှစ်က စတင်ပြီး F(x) အဖွဲ့ကို စင်တင်ပေးခဲ့တဲ့ အနုပညာအေဂျင်စီ လည်းဖြစ်ပါတယ်။ F(x) အဖွဲ့ဟာ အယ်လ်ဘမ်တွေဖြစ်တဲ့ Pinocchio (2011)၊ Pink Tape (2013)၊ Red Light (2014) နှင့် 4 Walls (2015) တို့ကို ဖြန့်ချိထားပြီး ယခု All Mine ကိုတော့ Single Song အဖြစ် စတင် ဖြန့်ချိလိုက်ပြီဖြစ်တာ ကြောင့် မကြာခင်မှာ All Mine အယ်လ်ဘမ်ကို ဖြန့်ချိတော့မှာဖြစ်ပါတယ်။
Ref: http://www.koreaherald.com