Lifestyle

ကျောက်စီဒီဇိုင်းဆန်းနဲ့ ဖုန်းကာဗာများ

This article has been converted from Zawgyi One to Unicode

လက်ကိုင်ဖုန်းတွေ ခေတ်စားလာတဲ့ ဒီဘက်ခေတ်မှာ ဆယ်ကျော်သက် လူငယ်တွေဟာ လက်ကိုင်ဖုန်း တကိုင်ကိုင်နဲ့ ဖြစ်လာကြတာ တွေ့ရပါတယ်။ ဖက်ရှင်တောင်မှ တီရှပ်၊ ဂျင်းဘောင်းဘီတထည်၊ ဖုန်းတလုံး၊ နားကြပ်တခုဆိုရင် တော်တော်ပြည့်စုံတဲ့ ဖက်ရှင်လို့ သတ်မှတ်နေကြပါပြီ။

အရင်တုန်းကတော့ ဖုန်းတလုံးကို သိန်းဆယ်ဂဏန်းနဲ့ချီ ပေးရပြီး ဝယ်သုံးရတဲ့ခေတ်ကနေ လမ်းဘေးမှာ ကြိုက်တဲ့ ဖုန်းဆင်းကတ်ကို ကြိုက်သလို ဝယ်လို့ရတဲ့ ခေတ်ကာလတခုကို ရောက်လာပြီဆိုတော့ လက်ကိုင်ဖုန်း မသုံးနိုင်သူ မရှိသလောက် နည်းပါးလာတော့တာပေါ့။

ဖုန်းကာဗာလက်ကိုင်ဖုန်းအသုံးပြုမှုများလာတာနဲ့အမျှ ဖုန်းနဲ့ ပတ်သက်တဲ့ power bank၊ ဖုန်းကာဗာ စတာတွေက နောက်က ပါလာပါပြီ။

မိန်းကလေးဖြစ်ဖြစ်၊ ယောကျာ်လေးဖြစ်ဖြစ် ကိုယ့်ဖုန်းကို စတစ်ကာတို့ ကာဗာတို့နဲ့ အလှဆင်တတ်လာကြတာပါ။ နောက်တခုက ဖုန်းကာဗာတတ်ထားတော့ မတော်တဆ ပြုတ်ကျလည်း ကွဲမှာ မပူရတာမို့ ပျက်စီးမှုကို ကာကွယ်ရာလည်း ရောက်ပါတယ်။

ဖုန်းကာဗာ

အရင်ကတော့ ဖုန်းကာဗာဆိုရင် အရုပ်တွေ ဒီဇိုင်းတွေ မပါတဲ့ ဆီလီကွန်ဖုန်းကာဗာ ရိုးရိုးကိုသာ အသုံးပြုခဲ့ကြပေမယ့် ခု နောက်ပိုင်းမှာတော့ ဒီဇိုင်းအမျိုးမျိုးနဲ့ ဆန်းသစ်လာပါပြီ။ ခုလည်း မိန်းကလေးတော်တော်များများ နှစ်သက်မယ့် ဖုန်းကာဗာ ဒီဇိုင်းတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ပုံမှာမြင်တွေ့ရတဲ့ ဒီဖုန်းကာဗာ ဒီဇိုင်းတွေဟာ ကျောက်တွေ စီခြယ်ထားပြီး ဒီဇိုင်းမျိုးစုံဖန်တီးထားတဲ့အတွက် မိန်းကလေး တွေ အကြိုက်ပဲဖြစ်ပါလိမ့်မယ်။

ဖုန်းကာဗာတွေကို “ဒီဇိုင်းအစုံ ရရှိနိုင်ပါတယ်။ အမွှေးကျောက်စီ ဒီဇိုင်းလေးတွေကတော့ ပိုဆန်းပါတယ်။ ဈေးနှုန်း တွေကတော့ ၁ သောင်းကျော် ပတ်ဝန်းကျင်ပါပဲ။ I-phone နဲ့ Samsung ဖုန်းတွေ သုံးနိုင်ပါတယ်။ ကျောက်လေးတွေနဲ့ အမွှေးပွလေးတွေက မပြုတ်ပါဘူး။ ပြီးတော့ မတော်တဆဖြစ်သွားရင်လည်း ပြန်ကပ်လို့ရအောင် ကော်နဲ့ ကျောက် အပိုလေးတွေ ထည့်ပေးထားပါတယ်” လို့ Do Do Phone cover မှ တာဝန်ရှိသူက ပြောပါတယ်။

ဖုန်းကာဗာ

အဲ့ဒီဖုန်းကာဗာလေးတွေကို Do Do online shopping မှာ မှာယူနိုင်တယ်လို့ သိရပါတယ်။

ဒီဖုန်းကာဗာလေးတွေက အကြမ်းတော့ မခံနိုင်ပါဘူး။ အလှဒီဇိုင်းသက်သက်လို့ ဆိုရပါမယ်။ ဈေးနှုန်းကလည်း တခြား ဖုန်းကာဗာတွေထက် အနည်းငယ်များတာမို့ အမြဲတမ်းသုံးမယ်ဆိုရင်တော့ ကြာကြာအသုံးမခံနိုင်လောက်ဘူးလို့ မြင်မိပါတယ်။

Loading