ကင်းဗတ်ပေါ်၊ စာရွက် စက္ကူပေါ်မှာ ရေးဆွဲတာ မဟုတ်ဘဲ ငှက်မွှေးငှက်တောင်ပေါ်မှာ ရေးဆွဲတဲ့ ပန်းချီကားတချို့ကို တင်ပြပါမယ်။ ငှက်မွှေး ငှက်တောင်ပေါ်မှာ အရောင်ခြယ် ပန်းချီပုံရေးဆွဲတာ ရှေးနှစ်ပေါင်း အတော်ကြာ ကတည်းက ရေးဆွဲ ခဲ့တာလို့ သိရပါတယ်။ အရင်ခေတ်တွေတုန်းကတော့ ငှက်မွှေးအဖြူပေါ်မှာပဲ ဆေးခြယ် ဆေးရေး လုပ်ခဲ့ကြတာပါ။
ဒါပေမယ့် နောက်ပိုင်းမှာတော့ အဖြူပေါ်မှာသာမက တခြားအရောင်စုံတွေ ပေါ်မှာလည်း လိုက်ဖက်ညီညွတ်တဲ့ ဖန်တီးမှုတွေ ပြုလုပ်လာကြပါတယ်။ အံသြစရာကောင်းတာက သေးငယ်တဲ့ ငှက်မွှေး ငှက်တောင်ပေါ်က ပန်းချီ လက်ရာလေးတွေ ဆိုပေမယ့် ပန်းချီကားကြီးတွေကို ကြည့်ရှုခံစားရတဲ့ အတိုင်း ရသ တခုခု ပေးစွမ်းနေတာပါပဲ။
အခုဖော်ပြမယ့် လှပတဲ့ ငှက်မွှေးငှက်တောင် ပန်းချီ ၁၀ မျိုးကိုတော့ Julie Thompson က ရေးဆွဲပါတယ်။
ချိုးလည်ပြောက်ငှက်ကလေးနဲ့ ပန်းပွင့် အညှာတံပေါ်က ဖားကလေးတွေကို ငှက်မွှေးငှက်တောင် ပန်းချီကားပေါ်မှာ ချစ်စရာ တွေ့ရပါတယ်။
အမေရိကန် အလံနဲ့ သိမ်းစွန်ငှက် ပန်းချီကားတွေကလည်း စိတ်ဝင်စားစရာပါ။
တောရိုင်းတိရစ္ဆာန် ပန်းချီကားတွေပါ။ ရေခဲပြင် ဝက်ဝံဖြူ၊ ရေအောက်ငါး၊ အားပြိုင်နေတဲ့ ပြောင်နှစ်ကောင်ကို တွေ့နိုင်ပါတယ်။
ရေသတ္တဝါ လင်းပိုင်ငါးအုပ်၊ ဘဲငန်း မိသားစုနဲ့ မြေခွေးမိသားစုကိုလည်း ငှက်မွှေးငှက်တောင်ပေါ်မှာ ချစ်စရာဖြစ်အောင် ရေးဆွဲထားပါတယ်။
ရေခဲပြင်မြေခွေး၊ ဝက်ဝံမိသားစုနဲ့ ကျေးငှက်မောင်နှံတို့ကို ရေးဆွဲထားတဲ့ ငှက်မွှေးငှက်တောင် ပန်းချီကားလေးတွေပါ။
တောရိုင်းသဘာဝကိုလည်း ငှက်မွှေးပန်းချီကားမှာ တွေ့ရတယ်။ မြင်းသားအမိ၊ အမွှေးရှည်နွားရိုင်းသားအမိနဲ့ သမင်လေးတွေပါ။
ငှက်မွှေးငှက်တောင်ပေါ် ရေးဆွဲဖန်တီးထားတဲ့ ချစ်စရာ ငှက်ကလေးတွေပေါ့။
တိုင်းရင်းသား လူမျိုးစုတွေရဲ့ ဝတ်စားဆင်ယင်မှုကို ရေးဆွဲတင်ပြထားတဲ့ ငှက်မွှေးပေါ်က Portrait ပန်းချီကားတွေပါ။
ငှက်မွှေးငှက်တောင်လေးတွေပေါ်က ဝတ်ရည်စုပ်ငှက် ခေါ် ငှက်ပိတုန်းလေးတွေ၊ သစ်တောက်ငှက်ကလေးတွေနဲ့ ခြေတံရှည် ဗျိုင်းအောက် ပန်းချီကားလေးတွေပါ။
ငှက်မွှေးငှက်တောင် သေးသွယ်ကျဉ်းကျဉ်းပေါ်က သဘာ၀ ငှက်ငယ်တွေနဲ့ ရေခဲပြင်ခွေးအ ပုံလေးတွေပါ။
Source: listverse.com