Lifestyle

ကျန်းမာရေးအတွက် အသစ်ထွက်ရှိလာတဲ့ Samsung Gear Fit2

This article has been converted from Zawgyi One to Unicode

ယနေ့ခေတ်မှာ နေ့စဉ်သွားလာလှုပ်ရှားသူများက စမတ်ဖုန်းနဲ့အတူ တွဲဖက်အသုံးပြုရတဲ့ Wearable Product တွေကို ကျန်းမာရေးအတွက်နဲ့ ဖက်ရှင်ကျဖို့အတွက် ဝတ်ဆင်လာကြပါတယ်။

Wearable Product တွေက ကျန်းမာရေးအတွက် နေ့စဉ်လိုအပ်တဲ့ ကယ်လိုရီ လောင်ကျွမ်းမှုပမာဏ တွက်ချက်ပေးတာ၊ အိပ်စက်ချိန် မှတ်သားပေးတာ၊ လမ်းလျှောက် လေ့ကျင့်ခန်းအတွက် ခြေလှမ်းရေ ပမာဏတွက်ချက်ပေးတာစတဲ့ လုပ်ဆောင်ချက်တွေကို စမတ်ဖုန်းနဲ့အတူ တွဲဖက် အသုံးပြုနိုင်ပြီး ဖုန်းပြောတာ၊ မက်ဆေ့ချ်ပို့တာ၊ သီချင်းနားထောင်တာ စတာတွေလည်း ပြုလုပ်နိုင်ပါတယ်။

Samsung Gear Fit2
Samsung Gear Fit2

Samsung Myanmar မှ စမတ်ဖုန်းနဲ့အတူ တွဲဖက်အသုံးပြုရပြီး ကျန်းမာရေးအတွက် ဝတ်ဆင်နိုင်တဲ့ Wearable Product အသစ် Samsung Gear Fit2 ကို ဇူလိုင်လ ၂၇ ရက်နေ့မှာ စတင် မိတ်ဆက်လိုက်ပါတယ်။
အသစ်ထွက်ရှိလာတဲ့ အဆိုပါ Gear Fit2 က သုံးစွဲသူများရဲ့ ကျန်းမာရေးဆိုင်ရာလိုအပ်ချက်များကို အခြေခံပြီး ဒီဇိုင်း ဖန်တီးပြုလုပ်ထားတယ်လို့ သိရပါတယ်။ Gear Fit2 မှာ ကျန်းမာတဲ့ လူနေမှုဘဝကို အထောက်အကူဖြစ်စေတဲ့ အသုံးပြုသူများရဲ့ နေ့စဉ်လှုပ်ရှားမှုများ၊ လမ်းလျှောက်ခြင်း၊ ထိုင်ထပြုလုပ်ခြင်း၊ ယောဂလေ့ကျင့်ခန်း ပြုလုပ်ခြင်းများကို အလိုအလျောက် တိတိကျကျ တွက်ချက်ပေးနိုင်တဲ့ လုပ်ဆောင်ချက်မျိုးတွေ ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် Gear Fit2 မှာ ကျန်းမာရေးစောင့်ကြည့်မှုနဲ့ တိုင်းတာချက်များကို လုပ်ဆောင်ပေးနိုင်တဲ့ နှလုံးခုန်နှုန်း စောင့်ကြည့် ကိရိယာ (Heart Rate Monitor – HRM) နဲ့ GPS စနစ်တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။
“ကျနော်တို့ Samsung Wearable Product တွေက ဒီနေ့ခေတ်မှာ သုံးစွဲသူတွေအတွက် ကျန်းမာကြံ့ခိုင်ပြီး ခေတ်မီ အဆင်ပြေတဲ့ လူနေမှုဘဝတွေကို ဖန်တီးပေးနိုင်အောင် အဓိကဦးစားပေးပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ နေ့စဉ် လှုပ်ရှားဆောင်ရွက်နေတဲ့ လုပ်ငန်းဆောင်တာတွေကို ကျန်းမာကြံ့ခိုင်မှု၊ ပျော်ရွှင်မှုတွေနဲ့အတူ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို အဆင်ပြေစွာ လုပ်ဆောင်နိုင်မယ့် လုပ်ဆောင်ချက်တွေ Gear Fit2 မှာ ပါဝင်ပါတယ်” လို့ Samsung Myanmar ရဲ့ Head of IT & Mobile ကိုဇာနည်ဝင်းထက်က ပြောပါတယ်။

Samsung Gear Fit2
Samsung Gear Fit2

၁ လက်မခွဲ အရွယ်အစားရှိတဲ့ Super AMOLED မျက်နှာပြင်ကွေးမှာ ကျန်းမာရေး အချက်အလက်များကို စောင့်ကြည့် တွက်ချက် ပေးရုံသာမက စမတ်ဖုန်းမှ notifications များကိုလည်း စစ်ဆေးနိုင်မှာဖြစ်ပြီး Gear Fit2 ရဲ့ standalone music player (သီးခြား music player) လည်း ပါဝင်ပါတယ်။ Samsung ရဲ့ ကျန်းမာရေး Application တခုဖြစ်တဲ့ S Health နဲ့ ပေါင်းစပ်ဖန်တီးထားပြီး သူငယ်ချင်းများနဲ့ တဦးတယောက်ချင်းစီ သီးသန့် ယှဉ်ပြိုင်နိုင်တဲ့ “Steps Challenge” လုပ်ဆောင်ချက် အသစ်လည်း ပါဝင်ပါတယ်။

ဈေးနှုန်းအားဖြင့် Samsung Gear Fit2 ကို ၁၉၅,၀၀၀ ကျပ်နဲ့ မြန်မာနိုင်ငံမှာ ဇူလိုင်လနောက်ဆုံးအပတ်မှ စတင် ဝယ်ယူ ရရှိနိုင်တော့မယ်လို့ သိရပါတယ်။

Loading