အခုခေတ်က ကျားမ တန်းတူခေတ်၊ အခွင့်အရေးလည်း တန်းတူခေတ်၊ တာဝန်ယူမှုလည်း တန်းတူ ဖြစ်လာနေတဲ့ ခေတ်။ အဲဒီလို ခေတ်ထဲမှာ ယောက်ျားလေးတွေနဲ့ အပြိုင်အဆိုင် ရင်ပေါင်တန်း လုပ်ကိုင်တဲ့အခါ ယောက်ျားတွေက အကြမ်းဖက်တာမျိုး၊ အနိုင်ကျင့်တာမျိုးတွေ ကြုံရနိုင်ပါတယ်။ အဲဒီအခါမှာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ လျှပ်တပြက် တိုက်ကွက်တချို့ ဖော်ပြပေးလိုက်ပါတယ်။ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် တတ်မြောက်ဖို့ သက်ဆိုင်ရာ ကိုယ်ခံပညာသင် သင်တန်းတွေကို တက်ရောက်ဖို့ပါ။
ခွန်အားကြီးသူမှာလည်း အားနည်းချက် ရှိတယ်
ယောက်ျားတွေဟာ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ အရ မိန်းကလေးတွေထက် ခွန်အား ပိုကြီးတယ်လို့ ဆိုပေမယ့် အားနည်းချက်ကတော့ ရှိနေပါတယ်။ အဲဒီ အားနည်းချက်က ဦးခေါင်းပိုင်းမှာ ဆိုရင် မျက်လုံး၊ နှာခေါင်း၊ လည်ပင်းတို့ ဖြစ်ပြီး၊ ကိုယ်ခန္ဓာ အလယ်ပိုင်းက ငယ်ပါတဝိုက်နဲ့ ကိုယ်အောက်ပိုင်းမှာတော့ ဒူးဆစ်ဒူးခေါင်းနဲ့ ညို့သကျည်းတွေ ပါ။ အရေးကြီးတာက ကိုယ့်ကို ကိုယ်ထိလက်ရောက် ထိပါးလာတာမျိုး ကြုံလာရင်တော့ စိတ်ကို တည်တည်ငြိမ်ငြိမ် ထားပြီး အဲဒီ အားနည်းချက်ကို ထိအောင် လျှပ်တပြက် ပြန်လည် တိုက်ခိုက်ဖို့ ဖြစ်တယ်။ ရှင်းလင်းအောင် အောက်မှာ ဖော်ပြထားတဲ့ ပုံကို ကြည့်ပါ။
မျက်လုံးတွေကို လျှပ်တပြက် တိုက်ခိုက်ပါ
ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံးလည်း ဖြစ်၊ အားနည်းချက်လည်း ဖြစ်တဲ့ ရန်သူရဲ့ မျက်လုံးကို ထိခိုက်အောင် လျှပ်တပြက် တိုက်ခိုက်ပြီး ကိုယ့်ရဲ့ လွတ်မြောက်ရာ ရနိုင်ပါတယ်။ အောက်ပါပုံကို ကြည့်ပါ။
နှာခေါင်းနဲ့ လည်ပင်းကို လျှပ်တပြက် တိုက်ခိုက်ပါ
ပုံမှာ ပြထားတဲ့ အတိုင်း ရန်သူရဲ့ နှာခေါင်းကို လက်ဖနောင့်နဲ့ ပင့်လှန်ပြီး ဆောင့်တွန်း လိုက်ရင်လည်း ရန်သူကို အထိနာစေမှာ သေချာပါတယ်။ ဒါမှ မဟုတ် အောက်မှာ ပြထားတဲ့ ပုံအတိုင်း ရန်သူရဲ့ လည်ပင်းကို အားပြင်းပြင်းနဲ့ လျှပ်တပြက် ဖြတ်ရိုက်လိုက်ရင်လည်း ရန်သူ အထိနာသွားမှာပါ။
ဒူးဆစ်နဲ့ ညို့သကျည်းကို လျှပ်တပြက် တိုက်ခိုက်ပါ
တကယ်လို့ ရန်သူရဲ့ ဦးခေါင်းပိုင်းက အားနည်းချက်တွေကို လျှပ်တပြက် မတိုက်ခိုက်နိုင်ဘူး ဆိုရင်တော့ ရွေးစရာက ကိုယ်အောက်ပိုင်းနဲ့ ကိုယ် အလယ်ပိုင်းက အနားနည်းချက်တွေပါ။ ဒူးဆစ်နဲ့ ညို့သကျည်းကို တိုက်ခိုက်မယ် ဆိုရင်တော့ ကိုယ်ကို အနည်းငယ် စောင်းပြီး တအားဆောင့်ကန်ပစ်လိုက်ဖို့ပဲ။
ကိုယ်အလယ်ပိုင်းက ငယ်ပါတဝိုက်ကို လျှပ်တပြက် တိုက်ခိုက်ပါ
ဦးခေါင်းပိုင်းကိုလည်း တိုက်ခိုက်လို့ မရ၊ ဒူးခေါင်းနဲ့ ညို့သကျည်းကို ကန်ကျောက် တိုက်ခိုက်ဖို့လည်း မဖြစ်ရင်တော့ နောက်ဆုံးရွေးချယ် တိုက်ခိုက်ရမှာက ရန်သူရဲ့ ခန္ဓာကိုယ် အလယ်ပိုင်း ငယ်ပါတဝိုက်ကို လျှပ်တပြက် ဆောင့်ကန်လိုက်ဖို့ပဲ။ အောက်မှာ ဖော်ပြထားတဲ့ ပုံကို ကြည့်ပါ။
အဲဒီလို ရန်သူနဲ့ တိုက်ခိုက်ရတဲ့ အခါ တိကျထိရောက်မယ့် ရန်သူရဲ့ အားနည်းချက် သေချာရွေးချယ်ဖို့နဲ့ ဖျတ်လတ်မြန်ဆန်ဖို့ အရေးကြီးတဲ့ အကြောင်း တင်ပြလိုက်ပါတယ်။
Source: lifehacker.com, sofeminine.co.uk