Lifestyle

လူကြိုက်များတဲ့ ဇိမ်ခံမော်ဒယ် Toyota Mark X

This article has been converted from Zawgyi One to Unicode

Toyota Mark X ဆိုရင် စျေးနှုန်းလည်း သင့်တယ်၊ ဇိမ်ခံ မော်ဒယ် အနေနဲ့လည်း သုံးနိုင်တယ်၊ နောက်ပြီး Sport ဆန်တဲ့ ရုပ်ထွက်နဲ့ပါ ဖန်တီးထားတာကြောင့် Crownပြီးရင် လူကြိုက်အများဆုံးဇိမ်ခံ မော်ဒယ်လို့ ပြောမယ် ဆိုရင်တောင် ရနိုင်လောက်အောင် စျေးကွက် နေရာ ရရှိထားတာလည်း တွေ့ရပါတယ်။

၂၀၀၄ခုနှစ်ကနေမှ စတင် ထုတ်လုပ်ခဲ့တာကြောင့် သက်တမ်းပိုင်း အနေနဲ့ ပြန်ကြည့်မယ် ဆိုရင်တော့ ဒီလောက် မကြာသေးဘူးလို့ ဆိုရမှာပါ။ လက်ရှိအချိန်ထိအောင် ထုတ်လုပ်နေသေးတာ တွေ့ ရပြီး Executive Car လို့လည်း သတ်မှတ်သလို အရွယ်အလတ်တန်းစား ဇိမ်ခံ မော်ဒယ် အဖြစ် ခေါ်မယ် ဆိုရင်လည်း ရနိုင်ပါတယ်။

တံခါးလေးပေါက်စနစ် ဆီဒင် တန်းဝင် မော်ဒယ် ဖြစ်ပြီးတော့ Mark IIနဲ့ Verossaလို မော်ဒယ်တွေရဲ့ အောင်မြင် မှုကနေ ဆင်းသက်လာတယ်လို့ ပြောမယ် ဆိုရင်လည်း ရပါတယ်။ အာရှစျေးကွက်အတွက်ပဲ ရည်ရွယ်ပြီး ထုတ်လုပ် ထားတာ ဖြစ်လို့ တခြား Toyotaထုတ် Crownအပါအဝင်လို မော်ဒယ်တွေလို ဥရောပ အပါအဝင် နိုင်ငံတကာ စျေးကွက်မှာ ကြီးမားတဲ့ အောင်မြင်မှုမျိုးတော့ မတွေ့ရပါဘူး။ ဂျပန်နိုင်ငံမှာ ရှိတဲ့ Kanegasaki စက်ရုံမှာပဲ တပ်ဆင်ထုတ်လုပ်တာ တွေ့ ရပြီး တရုတ်စျေးကွက်ကို တင်ပို့ဖို့အတွက်တော့ Reizဆိုတဲ့ မော်ဒယ် အမည်ကို အသုံးပြု ထုတ်လုပ်ရောင်းချတာ တွေ့့ရပါတယ်။

တပ်ဆင် အင်ဂျင်ထုတ်လုပ်မှု အပိုင်းမှာလည်း မြင်းကောင်ရေ ၂၅၃ကောင်အား ထုတ်လုပ်ပေးနိုင်တဲ့ ၃ ဒသမ ၀လီတာသုံး အင်ဂျင်ကနေ မြင်းကောင်ရေ ၂၁၂ကောင်အား ထုတ်လုပ်ပေးနိုင်တဲ့ ၂ ဒသမ ၅လီတာသုံး အင်ဂျင်အထိအောင် ထုတ်လုပ်တာ တွေ့ရပါတယ်။

ဒီအင်ဂျင်စနစ်တွေမှာ VVT-iဆိုတဲ့ Dualစနစ်နဲ့ သွားမှာ ဖြစ်ပြီး ဓာတ်ဆီသုံးတွေ ဖြစ်ပါတယ်။ နောက်ဘီးယက် စနစ်နဲ့ပဲ ထုတ်လုပ်တာ တွေ့ရသလို ဂီယာချက် ၆ချက်ကို Autoနဲ့ လာသလို  ဘီးစုံယက်စနစ်နဲ့ ဆိုရင်တော့ ၅ချက်ကို Autoနဲ့ သွားပါတယ်။ ဂျပန်စျေးကွက်အတွက် အင်ဂျင်အရွယ်အစား ပိုမို များပြားစွာ ထုတ်လုပ်ရောင်းချတာ တွေ့ရပြီး အခွန်စည်းကျပ်မှုအတွက် စိတ်ကြိုက် အင်ဂျင်အရွယ် ရွေးချယ်နိုင်အောင် ထုတ်လုပ်တာလည်း ဖြစ်ပါတယ်။

ဒီမော်ဒယ်က ၁၉၆၈ခုနှစ်မှာ မိတ်ဆက်ခဲ့တဲ့ Corona Mark II မော်ဒယ်နဲ့ ၁၉၇၇ခုနှစ်ကနေ ၁၉၉၂ခုနှစ်ထိ အောင် ထုတ်လုပ်ခဲ့တဲ့ Cressida မော်ဒယ်တွေကို အခြေခံယူ ဖန်တီးထားတာလည်း ဖြစ်ပါတယ်။ မော်ဒယ် နာမည်က Xလို့ ခေါ်ပေမယ့် တကယ်တမ်းကတော့ Mark Tenဆိုတဲ့ အဓိပါယ်နဲ့ ထုတ်လုပ်ထားတာပါ။ Camry မော်ဒယ်နဲ့လည် ဆင်တူပြီး ကိုယ်ထည် အရွယ်အစားအပိုင်းမှာ ပိုမို ရွေးချယ်နိုင်အောင် ရည်ရွယ်ပြီးတော့ အခု Mark Xကို Camry ရဲ့ နောက်ပိုင်း ဆက်လက် ထုတ်လုပ်လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ တရားဝင် ထုတ်လုပ်ရောင်းချမှု အနေနဲ့ တရုတ်နဲ့ ဂျပန်စျေးကွက် နှစ်ခုတည်းမှာပဲ ရောင်းချ နေတာ တွေ့ ရပြီး Toyopet Storeတွေမှာ ပြသ ရောင်းချနေတာပါ။ မျိုးဆက်ပြောင်းလဲ ထုတ်လုပ်မှု အနေနဲ့ ၂၀၀၄ခုနှစ်ကနေ ၂၀၀၉ခုနှစ်ထိအောင် ပထမမျိုးဆက်ကို ထုတ်လုပ်ခဲ့ပြီး ဂျပန်နဲ့ တရုတ်မှာ တပ်ဆင်ထုတ်လုပ်တာ တွေ့့ရပါတယ်။

X120 Platformကို အခြေခံယူ ဖန်တီးထားတာ ဖြစ်ပြီး ၂ ဒသမ ၅လီတာသုံးနဲ့ ၃ ဒသမ ၀လီတာသုံး အင်ဂျင် လေးမျိုး ထွက်ရှိပါတယ်။ ဒုတိယမျိုးဆက်ကိုတော့ ၂၀၀၉ခုနှစ်ကနေ လက်ရှိ အချိန်ထိအောင် ထုတ်လုပ်နေပြီး ဂျပန်မှာ ရှိတဲ့ Aichiနဲ့ တရုတ်နိုင်ငံ Tianjinစက်ရုံတွေမှာ ထုတ်လုပ်ပါတယ်။ X130 Platformနဲ့ ဖြစ်လာပြီး ၆ချက် Autoတစ်မျိုးတည်းပဲ ရပါတော့တယ်။ ဒီမျိုးဆက်မှာ ရုပ်ထွက်နဲ့ ကိုယ်ထည်က ပြန်လည် ပြင်ဆင်ရေးဆွဲ ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး စွမ်းဆောင်ရည် ပိုမို ကောင်းမွန်အောင် ဖန်တီးလာနိုင်တာ တွေ့့ရပါတယ်။

ဒီမျိုးဆက်မှာတော့ ကိုယ်ထည်နဲ့ အင်ဂျင်တပ်ဆင်ထားရှိမှု အပေါ် မူတည်ပြီးတော့ Standard Type, Premium, Sportsနဲ့ Mark X Gတွေဆိုပြီး ခွဲခြား ထုတ်လုပ်လာတာ တွေ့ရပါတယ်။

Loading