Lifestyle

ခရီးသွား ဝါသနာပါသူများအတွက် “GoP” Application

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံက ခရီးသွား ဝါသနာပါသူများအတွက် ပြည်တွင်းပြည်ပ ခရီးစဉ်များကိုု အချက်အလက် စုံစုံလင်လင်နဲ့ တနေရာတည်းရာမှာ လျင်မြန်လွယ်ကူစွာ ရွေးချယ်ဝယ်ယူနိုုင်မယ့် “GoP” အမည်ရှိ ခရီးသွား Application ကို Android ဖုန်းတွေမှာ အသုံးပြုလို့ရနေပါပြီ။

“GoP” ခရီးသွား Application ကို သင်္ကြန်မတိုင်ခင် ဧပြီလ ပထမပတ်တွင်းမှာ စတင် ပြုလုပ်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ Android ဖုန်းများ တရားဝင်အသုံးပြုနိုင်အောင် Google Playstore မှာ Official Launch လုပ်ထားပြီး iOs ဖုန်းများအတွက် သြဂုတ်လ ၁၀ ရက်နေ့မှာ ထွက်ရှိမယ်လို့ သိရပါတယ်။

GoP Application တွင် တင်ထားသည့် ခရီးစဉ်များ
GoP Application တွင် တင်ထားသည့် ခရီးစဉ်များ

“ကျနော်တို့ရဲ့ GoP Application က အဓိကက မြန်မာပြည်ရဲ့ Travel & Tours Agency တွေနဲ့ အရင်ဆုံး ပါတနာလုပ်ထားပါတယ်။ သူတို့နဲ့ Business Partner လုပ်ပြီး အဓိကက သူတို့ရဲ့ Tour Package တွေကို Application ပေါ်မှာ အသုံးပြုသူတွေ ရွေးချယ်လို့ရအောင် လုပ်ပေးထားတယ်။ အဓိကက Tour Package တွေအကုန်လုံးကို Application ပေါ်မှာ ရွေးချယ် ၀ယ်ယူလို့ရအောင် လုပ်ပေးထားတဲ့ ရည်ရွယ်ချက်ပါ” လို့ Application ကို ပါ၀င်ရွေးဆွဲသူ iOs Developer ကိုပိုင်စိုးအောင်က ဧရာဝတီကို ပြောပါတယ်။

“လောလောဆယ်မှာ Tour Agency အခု ၂၀ လောက်နဲ့ Business Partner ပြုလုပ်ထားပြီးတော့ အေဂျင်စီတွေမှာရှိတဲ့ ခရီးစဉ်တွေကို Application မှာ တင်ထားပေးပြီး ကိုယ်ပိုင်သီးသန့် Package နဲ့ သွားချင်တဲ့ Customer တွေကိုတော့ အေဂျင်စီတွေနဲ့ ပြန်ပြီးတော့ ကျနော်တို့က ချိတ််ပေးပါတယ်” လို့ သူက ဆိုပါတယ်။

GoP Application မှာ Language အပိုင်းကို မြန်မာယူနီကုဒ် အသုံးပြုထားပြီး ယူနီကုဒ်သာမက ဇော်ဂျီဖောင့် အသုံးပြုသူများပါ ဖတ်ရှုနိုင်အောင် အလိုအလျောက် စနစ်များနဲ့ အသုံးပြုထားတယ်လို့ သိရပါတယ်။

GoP Application တွင် တင်ထားသည့် ခရီးစဉ်များ
GoP Application တွင် တင်ထားသည့် ခရီးစဉ်များ

GoP Application ကို Android Developer ကိုဉာဏ်လင်းထွန်း၊ Business Developer ကိုညွှန့်ဝင်းအောင်၊ iOs Developer ကိုပိုင်စိုးအောင်နဲ့ Operation ပိုင်း တာဝန်ယူသူ မသဲစုဝင်းတို့က ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပါတယ်။

GoP Application ပြုလုပ်ဖန်တီးသူ လူငယ်များအနေနဲ့ တယ်လီနောမြန်မာရဲ့ ကနဦးအစပျိုး လုပ်ငန်းသစ်များ အတွက် တွန်အားပေးအစီအစဉ် “Telenor Accelerate Program” မှာ ရွေးချယ် ခံထားရပြီး လက်ရှိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ လေးလကြာ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ တက်ရောက်လျက် ရှိတယ်လို့ သိရပါတယ်။

 

Loading