တကယ်တော့ အမျိုးသားတွေရဲ့ လိင်တံမှာ အရိုးတချောင်းမှ မရှိပါဘူး။ ဒါပေမယ့် ကျိုးနိုင်ပါတယ်။ “ကျိုးတယ်ဆိုတာက အရိုး ကျိုးသလို မျိုးတော့ မဟုတ်ပါဘူး။ လိင်တံက tunica albuginea လို့ခေါ်တဲ့ တစ်သျှူး အမျှင် စုတ်ပြဲသွားတာဖြစ်ပါ တယ်။” လို့ နယူးယောက်မြို့ Weill Cornell Medical Center က ဆီးလမ်းကြောင်း ဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာ Darius Paduch ကပြောပါတယ်။
မကြာသေးခင်က ဒီကိစ္စနဲ့ ပတ်သက်လို့ ဘရာဇီးနို်င်ငံမှာ သုတေသီတွေ လေ့လာမှုပြုလုပ်ပြီးတော့ Advances in Urology ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ သူတို့က ဘရာဇီးနိုင်ငံက ဆေးရုံတွေမှာ အရေးပေါ်ဌာနကို လိင်တံကျိုးတဲ့ ပြဿနာနဲ့ ရောက် ရှိလာသူတွေရဲ့ မှတ်တမ်းတွေကို လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။
သူတို့ရဲ့ လေ့လာတွေ့ရှိချက်အရ အမျိုးသမီးက အပေါ်ကနေဆက်ဆံတဲ့ ပုံစံကို သဘောကျ သူတွေဟာ လိင်တံကျိုးတဲ့ ပြဿနာကို ရင်ဆိုင်ရဖို့ အန္တရာယ် အများဆုံး ဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။
“လေ့လာတွေ့ရှိချက်အရ အမျိုးသမီးက အပေါ်ကနေ ပြီးဆက်ဆံပေးတဲ့ အချိန်မှာ လှုပ်ရှားမှုကို သူကိုယ်တိုင် ထိန်းချုပ်ရ သလို အမျိုးသမီး တကိုယ်လုံးရဲ့ အလေးချိန်က အမျိုးသားလိင်တံပေါ်မှာ သက်ရောက်နေပါ တယ်။
တကယ်လို့ ထိုးသွင်းမှု နေရာ လမ်းကြောင်း မှားယွင်းချွတ်ချော်ခဲ့လို့ လိင်တံမှာ နာကျင်မှုတစုံတရာ ဖြစ်လာ ရင်လည်း သူ့အနေနဲ့ သိနိုင်မှာ ထိန်းချုပ်နိုင်မှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လိင်ဆက်ဆံချိန်မှာ နာကျင်မှု အနည်းငယ်ဖြစ်တာက သူတို့အတွက် မထူးဆန်းလို့ပါ။” လို့ ဘရာဇီးသုတေသီတွေက ဆိုပါတယ်။
နောက်ထပ် အန္တရယ်ရှိတဲ့ ပုံစံတွေကတော့ doggy လို့ခေါ်ကြတဲ့ လေးဘက်ထောက် ဆက်ဆံတဲ့နည်းနဲ့ စအိုကို အသုံးပြု ပြီးလိင်ဆက်ဆံတဲ့ နည်းဖြစ်ပါတယ်။
အကယ်၍ အမျိုးသားက ဦးဆောင် ဆက်ဆံနေမယ်ဆိုရင်တော့ နာကျင်မှုဖြစ်လာချိန်မှာ ထိုးသွင်းမှုကို ချက်ချင်း ရပ်တန့် လိုက်နိုင် မယ်လို့ သူတို့ကပြောပါတယ်။ နာကျင်မှုအပြင် လိင်တံကျိုးကြောင်း ဖော်ပြနေတဲ့ နောက်ထပ် လက္ခဏာတွေ လည်း ရှိပါသေးတယ်။ လိင်တံကျိုးတဲ့ ဖြစ်ရပ်ရဲ့ ၅၀ ရာခိုင်နှုန်းမှာ တဖျစ်ဖျစ်ကွဲတဲ့ အသံမျိုးကြားရတယ်လို့ ဆိုပါတယ်။
အဲဒီလို အသံမျိုးကြားလိုက်ရတဲ့ အမျိုးသားတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က လိင်တံတင်းမာမှု ပျောက်ဆုံးသွားတာကို တွေရပါတယ်။ ၂၀ ရာခိုင်နှုန်းလောက်ကတော့ ဘာမှ မဖြစ်ပါဘူး။ ကြားလိုက်ရတဲ့ အသံက လိင်ဆက်ဆံစဉ်မှာ ကြားရ တတ်တဲ့ လေသံလည်းဖြစ်နိုင်လို့ပါ။
အဲဒီလို ခွဲစိတ်ကုသ ခြင်းမပြုခဲ့ရင် လိင်တံ ပုံပျက်သွားနိုင်ချေ ၅၀ ရာခိုင်နှုန်းလောက်ရှိတယ်လို့ ဆိုပါတယ်။ လိင်တံတင်း မာနိုင်မှု ခက်ခဲခြင်း၊ လိင်ဆက်ဆံရာမှာ နာကျင်ခြင်းတွေကိုလည်း တသက်လုံး ခံစားသွားရနိုင်တယ်လို့သိရပါတယ်။ ဒါပေမယ့် ဒီလို အကြောင်းတွေရှိနေလို့ ပုံစံပြောင်းပြီး ဆက်ဆံကြဖို့ကိုတော့ သုတေသီတွေက မတိုက်တွန်းခဲ့ပါဘူး။ ဘာ ကြောင့်လဲ ဆိုတော့ သူတို့ လေ့လာခွင့်ရတဲ့ လူနာ အရေအတွက်က နည်းပါးခဲ့တဲ့ အတွက် ကြောင့် ဖြစ်ပါတယ်။
သုတေသီတွေ လေ့လာဖို့ အတွက် လူနာ ၄၄ ယောက်ပဲ ရရှိခဲ့ပါတယ်။ အဲဒီ ၄၄ ယောက်ထဲမှာ ၂၈ ယောက်က အမျိုးသမီး တွေနဲ့ ဆက်ဆံရာမှာ ဖြစ်ခဲ့ကြပြီးတော့ ၄ ယောက်ကတော့ လိင်တူ ဆက်ဆံရင်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် လည်းအဲဒါကိုကြည့်ပြီးတော့ လိင်ကွဲဆက်ဆံခြင်းက လိင်တူဆက်ဆံခြင်းထက် လိင်တံကျိုးတဲ့ ပြဿနာ ပိုပြီး တွေ့ရနိုင် ချေ ရှိတယ်လို့ ပြောလို့ မရဘူးလို့ သူတို့ကပြောပါတယ်။
ကျန်တဲ့သူတွေထဲက ၆ ယောက်ကတော့ လိင်တံကို လက်နဲ့ နှိုးဆွ ကစားရင်း ဖြစ်ခဲ့ပြီးတော့ ၄ ယောက်က ဘာကြောင့်ဖြစ် တယ်ဆိုတာ ရေရေရာရာ မသိဘူးလို့ ဆိုပါတယ်။
နယူးယောက်မြို့ Weill Cornell Medical Center ဒေါက်တာ Darius Paduch ကတော့ သူလေ့လာကြည့်ခဲ့တဲ့ လူနာ ၁၆ ဦးမှာ တဝက်လောက်က အလွန်အကျွံ အင်အားသုံးပြီး ဆက်ဆံခြင်းကြောင့် ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ အိပ်ခန်းလို နေရာမ ဟုတ်တဲ့ ကားထဲမှာ၊ ရုံးမှာ၊ ဘီရိုထဲမှာ၊ ရေချိုးခန်းထဲမှာ အစရှိသဖြင့် ပုံမှန်မဟုတ်တဲ့ နေရာတွေမှာ အလောတကြီးဆက် ဆံရင်းနဲ့လည်း ဖြစ်တတ်တယ်လို့ သူကပြောပါတယ်။ တချို့ အသက်ကြီးတဲ့ အမျိုးသားတွေက လိင်တံ ၁၀၀ ရာခိုင်နှုန်း တင်း မာမှု မရှိဘဲ ဆက်ဆံခြင်းကြောင်း ဖြစ်ကြတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဒါကြောင့် အသံကြားရင်၊ နာကျင်လာရင် ၊ တင်းမာမှုလျော့ကျသွားရင် သတိထားပါ၊ လိင်တံကျိုးတာ ဖြစ်နိုင်တယ် လို့ ဒေါက်တာ Darius Paduchက ဆိုပါတယ်။ “ဆီးလမ်းကြောင်း အထူးကု ဆရာဝန်နဲ့ ၂၄ နာရီအတွင်း ပြဖို့လိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ၂၄ နာရီအတွင်း ကုသတာက ရလဒ်ကောင်းတယ်ဆိုတာ တွေ့ရလို့ ဖြစ်ပါတယ်။” လို့လည်း သူက အကြံပြုလိုက်ပါတယ်။
ဆရာဝန်တွေက စစ်ဆေးပြီး လိုအပ်ရင် ချက်ချင်းခွဲစိတ်ကုသပေးပါလိမ့်မယ်။ တကယ်လို့ ကျိုးတာ(တစ်သျှူး စုတ်ပြဲတာ) က အနည်းငယ်ပဲဆိုရင်တော့ ရေခဲကပ်ပေးဖို့လောက်ပဲ လိုအပ်မှာဖြစ်ပြီး ၃ပတ် ၄ ပတ်လောက် လိင်ကိစ္စကို ရှောင်ရှား ထားလိုက်ရင် အဆင်ပြေသွားနိုင်ပါတယ်။