Lifestyle

အင်္ဂလန်နိုင်ငံရဲ့“Twinings” လက်ဖက်ခြောက် မြန်မာနိုင်ငံမှာ မိတ်ဆက်

This article has been converted from Zawgyi One to Unicode

အင်္ဂလန်နိုင်ငံရဲ့နာမည်ကြီး “Twinings” လက်ဖက်ခြောက်ရဲ့ နှစ် ၃၁၀ ပြည့် အထိမ်းအမှတ်အနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံး စတင်မိတ်ဆက် ဖြန့်ဖြူးရောင်းချတဲ့ အခမ်းအနားကို သြဂုတ်လ ၅ ရက်နေ့က ရန်ကုန်မြို့၊ Novotel Yangon Max ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။့

“Twinings of London” လက်ဖက်ခြောက်ဟာ ၁၇၀၆ ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့တာဖြစ်ပြီး ကမ္ဘာ့နိုင်ငံ အနှ့ံ စျေးကွက်များစွာ ဖြန့်ချိလျက်ရှိရာ မြန်မာနိုင်ငံဟာ ၁၁၆ ခုမြောက် စျေးကွက်ဖြစ်တယ်လို့ သိရပါတယ်။

Twinings လက်ဖက်လုပ်ငန်းမိသားစုရဲ့ ဆယ်ဆက်မြောက်မျိုးဆက် Stephen Twining ကိုယ်တိုင် မြန်မာနိုင်ငံ စျေးကွက်မှာ ယခုလို လာရောက်မိတ်ဆက်ပေးတာဖြစ်ပြီး ဒီ မိသားစုလုပ်ငန်းမှာ Stephen ပါ၀င်လုပ်ကိုင်ခဲ့တာ ဆယ်စုနှစ် ၃ ခုရှိပြီလို့ ဆိုပါတယ်။

“မြန်မာနိုင်ငံဟာ လက်ဖက်ရည်ကြမ်း သောက်သုံးသူဦးရေ များစွာရှိတဲ့ နိုင်ငံတခုပါ။ လက်ဖက်ကို မြန်မာနိုင်ငံမှာ အတော် နှစ်ခြိုက်ကြတဲ့အတွက် Twinings အနေနဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာတာ အင်မတန် အဓိပ္ပါယ်ရှိပါတယ်။ မြန်မာတို့ရဲ့ သူမတူတဲ့ ယဉ်ကျေးမှုဓလေ့စရိုက်နဲ့ ကျနော်တို့ မျှဝေပေးမယ့် လက်ဖက်အပေါ် စိတ်ဝင်စားမှုရှိတာ ၀မ်းသာမိပါတယ်” လို့ Stephen က ပြောပါတယ်။

ယခုအခါ Twinings လက်ဖက်ခြောက်ကို မြန်မာနိုင်ငံမှာ AB Food & Bevearges နှင့် Premium Distribution Co.,Ltd တို့မှ လုပ်ငန်းတွဲဖက်လုပ်ဆောင်ပြီး ဖြန့်ဖြူးရောင်းချပေးသွားမှာဖြစ်ပါတယ်။

Twinings လက်ဖက်ခြောက်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုဂံ၊ တောင်ကြီး၊ အင်းလေး၊ ငပလီ၊ မော်လမြိုင်စတဲ့ အဓိကမြို့ကြီးတွေနဲ့ City Mart Supermakert တွေ၊ အဆင်မြင့်စားသောက်ကုန် စတိုးဆိုင်တွေမှာ ရောင်းချလျက်ရှိပြီး Novotel Yangon Max, The Strand နဲ့ Chatrium ဟိုတယ် တို့မှာလည်း တည့်ခင်း ဧည့်ခံလျက်ရှိတယ်လို့ သိရပါတယ်။

Twinings မှ အနံ့အရသာမျိုးစုံဖြင့် ရောစပ်ထားသော လက်ဖက်ခြောက်နဲ့ အရသာပိုကဲထားသော အကြမ်းခြောက် အမျိုးအစားပေါင်း ၆၀၀ ကျော်ရှိပြီး Twinings ရဲ့လူကြိုက်များတဲ့ Earl Grey, English Breakfast, Jasmine Green Tea, Pure Camomile နဲ့ Pure Peppermint တို့ကို မြန်မာနိုင်ငံမှာ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Loading