ကနေဒါ နိုင်ငံ ဝင်ဆာတက္ကသိုလ်က သိပ္ပံပညာရှင်များရဲ့ သုတေသနပြု တွေ့ရှိချက်အရ ဒန်ဒလီယွန် (dandelion) အမြစ် လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းဟာ ကျန်းမာသန်စွမ်းတဲ့ ဆဲလ်တွေကို မထိခိုက် မပျက်စီးစေဘဲ၊ ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေကိုတော့ ၄၈ နာရီ အတွင်း သတ်ဖြတ်ပစ်နိုင်တဲ့ အစွမ်း အာနိသင် ရှိတယ်လို့ သိရပါတယ်။
ဒန်ဒလီယွန် လက်ဖက်ရည်ကြမ်း
ကနေဒါနိုင်ငံမှာ အလွယ်တူတွေ့နေရတဲ့ အလေ့ကျ အပင်တမျိုးဖြစ်တဲ့ ဒန်ဒလီယွန်ပင်ရဲ့ အရွက်နဲ့ အပွင့်တွေက ဆေးဘက်ဝင်တယ်လို့ အစဉ်အဆက်လက်ခံ သုံးစွဲခဲ့တာဖြစ်ပြီး အရည်ညှစ်ယူ သောက်သုံး မှီဝဲကြပေမယ့် အဲဒီအပင်ရဲ့ အမြစ်က အာနိသင် အစွမ်းကိုတော့ သူတို့ မသိခဲ့ကြဘူးလို့ ဆိုပါတယ်။
ကင်ဆာဖြစ်စေတဲ့ ဆဲလ်အားလုံးကို သတ်နိုင်တာကြောင့် ဒန်ဒလီယွန်ပင်၏ အမြစ်မှာ ဓာတုကုထုံးထက်ပင် ပိုမို ကောင်းမွန်ပုံ ရကြောင်း၊ ထို့အပြင် ဆီးရွှင်စေတဲ့ အာနိသင်လည်း ရှိပြီး၊ သည်းခြေရည်ကို အားပေးကြောင်း သိရပါတယ်။ အသည်းကိုလည်း ဆေးကြောပေးကာ ဓာတ်မတည့်မှုတွေ ကိုလည်း ကုစားနိုင်တဲ့ အပြင် အဆီလည်း ကျစေနိုင်ကြောင်း၊ လူ့ခန္ဓာကိုယ် အတွက် အရေးကြီးတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များလည် ကြွယ်ဝစွာ ပါဝင်ကြောင်း တွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။
ကင်ဆာရောဂါ ခံစားနေရတဲ့ အသက် ၇၂ နှစ်အရွယ် အဖိုးအိုတဦးကို ကုနေကျ အတိုင်း ဓာတ်တုကုထုံးနဲ့ ၃ နှစ်ကြာ ကုသပေးပြီးနောက် သူ့ရဲ့ နောက်ဆုံးနေ့ကို အိမ်ပြန်စောင့်ဖို့ ပြန်ပို့လိုက်ပါတယ်။ ဆရာဝန်တွေ အနေနဲ့လည်း ဒန်ဒလီယွန်မြစ် လက်ဖက်ရည်ကြမ်းကို နောက်ဆုံးအနေနဲ့ တိုက်နိုင်တယ်လို့ ပြောပေးရုံမှ အပ တခြား ဘာမှ လုပ်မပေးနိုင် ခဲ့ဘူးပေါ့။ အဲဒီမှာ အံအားသင့်ဖွယ် တွေ့လိုက်ရတာက ဒန်ဒလီယွန်မြစ်နဲ့ ပြုလုပ်တဲ့ လက်ဖက်ကြမ်းက နောက်ထပ် ရက်အတော်ကြာ အထိ အသက်ရှည်စေပြီး ၄ လလောက် ပုံမှန်သောက်သုံးတဲ့ အခါ ကင်ဆာရောဂါကို လုံးဝ ပျောက်ကင်းသွားတယ်လို့ ဆိုပါတယ်။
ဒန်ဒလီယွန်မြစ်ကို ဘယ်လို စုဆောင်းမလဲ
ဒန်ဒလီယွန် မြစ်ကို အခြောက်ခံပြီး သုံးစွဲနိုင်သလို လတ်လတ်ဆတ်ဆတ်လည်း သုံးစွဲနိုင်ပါတယ်။ တကယ်လို့ အခြောက်ခံသုံးစွဲမယ် ဆိုရင်တော့ ဒန်ဒလီယွန်မြစ် အပေါ်ယံလွှာကို ပါးပါးလွှာ၊ ပြီးတော့ ပါးလွှာတဲ့ အတုံးသေးတွေ ဖြစ်အောင် လှီးရပါမယ်။ ရလာတဲ့ ဒန်ဒလီယွန် အတုံးသေးသေးတွေကို မီးလင်းဖို၊ ကြပ်ခိုးစင်ပေါ် တင်ပြီး အခြောက်ခံပါ။ လေဝင်လေထွက်ကောင်းပြီး သန့်ရှင်းတဲ့ နေရာမှာ ထားသိုရမှာဖြစ်တယ်။ ကနေဒါလို အင်မတန် အေးတဲ့နိုင်ငံ မဟုတ်တဲ့ ကျနော်တို့ ဆီမှာတော့ နေပူလှန်း အခြောက်ခံရင် ရပါတယ်။
အရေးကြီးတဲ့ အချက်က ဒန်ဒလီယွန်မြစ် အတုံးလေးတွေကို အခြောက်ခံတဲ့ အခါ သန့်ရှင်းပြီး လေဝင်လေထွက် ကောင်းဖို့ပါ။ ဒန်ဒလီယွန်မြစ် ပါးလွှာ အတုုံးလေးတွေ ကြွပ်ရွခြောက်သွေ့ဖို့ ၃ ရက်ကနေ ၁၄ ရက်လောက် စောင့်ရနိုင်ပါတယ်။ ခြောက်သွေ့တဲ့ ဒန်ဒလီယွန်မြစ် ပါးလွှာ အတုံးလေးတွေကို ဖန်ပုလင်းထဲမှာ ထည့်ပြီး အေးပြီး အလင်းရောင် တိုက်ရိုက် မထိတဲ့ နေရာမှာ သိမ်းဆည်းရပါတယ်။
ပျောက်ကင်းစေတဲ့ တခြား ရောဂါတွေ
အခြောက်ခံ ဒန်ဒလီယွန်မြစ်တွေကို လက်ဖက်ခြောက်ခပ်သလို ခပ်ပြီး ဒန်ဒလီယွန်မြစ် ရေနွေးကြမ်း အဖြစ် သုံးစွဲမှီဝဲ နိုင်ပါတယ်။ သင့်ခန္ဓာကိုယ်က အဆီတွေ လျှော့ချပေးတယ်၊ အဆိပ်အတောက်တွေ ပြေစေတယ်၊ ကင်ဆာ ရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးတယ်။ ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေကို တိုက်ဖျက်ပေးတယ်၊ ကင်ဆာရောဂါကို ရက် ၃၀ အတွင်း လုံးဝ ပျောက်ကင်းစေတယ်လို့ ဆိုပါတယ်။
ကိုးကား – mywisegranny.com