Supermini တွေထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံး၊ စွမ်းဆောင်ရည် အကောင်းဆုံး၊ အရည်အသွေး အမြင့် ဆုံး၊ စိတ်ချရမှု အရှိဆုံး မော်ဒယ်ပါပဲနော်။ BMWကနေ ထုတ်လုပ်တာ ဖြစ်ပြီး လက်ခွဲ အမှတ််အနေနဲ့ စျေးကွက် ဝင်နေတာပါ။ ကိုယ်ထည် သေးသေး၊ စွမ်းဆောင်ရည်မြင့့်မြင့်၊ ဇိမ်ခံအဖြစ်နဲ့ ထုတ်လုပ်တားတာ ဖြစ်ပြီး လက်ရှိ စျေးကွက်ဝင် မော်ဒယ်တွေထဲမှာလည်း တန်းတူတွေထဲမှာ Copperရဲ့ စွမ်းဆောင်ရည်ကို လိုက်မီတဲ့ မော်ဒယ် ခပ်ရှားရှားပါ။
မော်ဒယ်ရဲ့ အားသာချက် တချို့ နည်းနည်းလောက် ပြောပြချင်ပါတယ်နော်။ အဲဒါတွေက စွမ်းဆောင်ရည် မြင့်မား မှု၊ ရုပ်ထွက်ပိုင်း သိသာမှု၊ ဇိမ်ခံအနေနဲ့ သုံးနိုင်မှု၊ အရည်အသွေး စိတ်ချရမှု၊ လုံခြုံမှုစနစ် မြင့်မား ကောင်း မွန်မှုနဲ့ စျေးနှုန်း သင့်တင့်ခြင်းတွေက စိတ်ကြိုက်ဖြစ်စေမှာပါ။ ဒီနေရာမှာ စျေးနှုန်း သင့်တင့်မှုလို့ ဆိုတာက ပြည််တွင်း စျေးကွက်ရဲ့ စျေးနှုန်းအနေအထားနဲ့ပါ တိုက်ပြီး ပြောတာ ဖြစ်ပြီး မော်ဒယ်နှစ်နဲ့ စျေးနှုန်းနဲ့ ပြန်တွက်ရင် ချိုသာတယ်လို့တောင် ဆိုနိုင်ပါသေးတယ်။
ဒါကလည်း ၂၀၁၃ခုနှစ်ထုတ် မော်ဒယ်လောက်ကို ပြည်တွင်းမှာ ရနိုင်နေတာကြောင့် ဖြစ်ပြီး အဲဒီမော်ဒယ် လောက်ကိုမှ သိန်း ၄၄ဝလောက်ပဲ အခေါ်ရှိတာကြောင့် စျေးကွက်ဝင် မော်ဒယ်တွေထဲက စွမ်းဆောင် ရည်မြှင့်ထားတဲ့ မော်ဒယ်တွေထက် စျေးနှုန်း ချိုသာနေတာလည်း ဖြစ်ပါတယ်။
တပ်ဆင် အင်ဂျင်စနစ်က ၁ ဒသမ ၆လီတာသုံး ဖြစ်ပြီး စွမ်းအင် ထုတ်လုပ်မှု ကောင်းအောင် ဖန်တီးထားတဲ့ အနေအထားမှာ မြင်းကောင်ရေ ၁၃၀ အား ဝန်းကျင်ကို သုံးနိုင်မှာပါ။ ဒီနှုန်းက ခရီးဝေး မောင်းနှင်နိုင်မှု အပိုင်းမှာ ဖျော်ဖြေရေးစနစ်တွေက အစ နောက်ဆုံး လေအေးပေးစနစ်ထိအောင် စိတ်ကြိုက် ဖွင့်လှစ် အသုံးပြု သွားလာနိုုင်မှာလည်း ဖြစ်ပါတယ်။
အရောင်အနေနဲ့ကတော့ နိုင်ငံတကာမှာပါ လူကြိုက်များတဲ့ အပြာ၊ အဝါတွေနဲ့ အနက်တွေ ဇီးရောင်တွေပါ ရနိုင်ပြီး အနက်ကတော့ စျေးကွက် အများဆုံး ဝင်ပါတယ်။ အရောင် ရွေးချယ်မှုနဲ့ ပတ်သက်ပြီး စျေးစကား နည်းနည်း ပြောတာ တွေ့ရပြီး အဝါနဲ့အပြာတွေက စျေးပိုမြင့်ချင်ပါတယ်။ နောက်ပြီး ရှားပါတယ်။ မောင်းနှင်ပြီး ကီလို ၃သောင်း ဝန်းကျင် အနေအထားလောက်နဲ့ပဲ စျေးကွက်မှာ တွေ့ရပြီး ဒါက မော်ဒယ်ကို ဘယ်လောက်မှ မသုံးရသေးဘူးဆိုတာ သိသာနေစေပါတယ်။
ဒီနေရာမှာ ပြည်တွင်းက လူအများစုက အပို ပစ္စည်းအတွက်နဲ့ မော်ဒယ်ကို အကြိုက်နည်းချင်တာ တွေ့ရပြီး သီးသန့် မှာယူနိုင်မှုနဲ့ စျေးကွက် တွင်ကျယ်လာမှုက MINIကို အပိုပစ္စည်းလည်း တဖြည်းဖြည်း ပေါလာ နေစေတာ တွေ့ရပါတယ်။
Auto၊ Manualနဲ့ သွားမှာ ဖြစ်ပြီး ညာမောင်း မော်ဒယ်တွေ အဖြစ်စျေးကွက် ဝင်ပါတယ်။ Smart Keyစနစ်လည်း ထည့်ထားတာ တွေ့ရပြီး အတွင်းခန်း တပ်ဆင်ပစ္စည်း အစုံထည့်ထားပါတယ်။ ဒါက Oriတွေ များပြီးတော့ Audioအပိုင်းမှာပဲ အစားထိုး ထည့်ထားတာမျိုး တွေ့ရတတ်ပါတယ်။ အသက်ကယ် လေအိတ်စနစ်က နောက်ဖက် ခရီးသည်ခန်း အတွက်ပါ ပါရှိပြီး Power Steeringစနစ်တွေက မော်ဒယ်ကို ပတ်လမ်းအတွက်တင် မဟုတ်ပဲ Sportပုံစံ ပြင်ဆင် မောင်းနှင်နိုင်ဖို့ အတွက်ပါ အဆင်ပြေစေပါလိမ့်မယ်။
စျေးနှုန်းပိုင်းမှာတော့ အထက်မှာ ပြောခဲ့သလို အနက်အနေနဲ့ ဆိုရင် ခေါ်စျေး ၄၄ဝထက်ကို အလျော့ဘက်မှာ ရှိပေမယ့် အဝါနဲ့ အပြာလို မော်ဒယ်တွေ ဆိုရင်တော့ ၄၅ဝနဲ့ အထက်ကို ရောက်သွားတာ တွေ့ရပါတယ်။ မောင်း နှင်ပြီး ကီလိုကတော့ ၅သောင်းနဲ့ အထက်ဆိုရင် စျေးနှုန်းက ကျပ် ဆယ်သိန်းလောက်ထိအောင် လျော့သွားနိုင်ပါတယ်။