• English
Wednesday, July 16, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

ဟိုမုန်းများနှင့် လိင်စိတ်အကြွဆုုံးသော အချိန်များ

by အေးမင်း
13 August 2016
in Lifestyle
A A
ဟိုမုန်းများနှင့် လိင်စိတ်အကြွဆုုံးသော အချိန်များ
122.9k
VIEWS
Share on FacebookShare on Twitter

အမျိုးသမီးတွေဟာ ညအိပ်ရာ မဝင်ခင်အချိန်မှာ လိင်စိတ်ဆန္ဒ အနိုးကြားဆုံးဖြစ်တယ်လို့ စစ်တမ်းတခုက ဆိုပါတယ်။ အမျိုးသားတွေကျတော့ မနက်အစောပိုင်း အိပ်ရာက နိုးလာတဲ့ အချိန်ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုမျိုး အမျိုးသား က လည်း အမျိုးသား အလျောက် အမျိုးသမီးကလည်း အမျိုးသမီး အလျောက် စိတ်ဆန္ဒနိုးကြားတတ်တဲ့ အချိန် ကာလ ကို လေ့လာသူ ပညာရှင်တွေက sex o’clock လို့ အမည်တတ်ခဲ့ကြပါတယ်။

လိင်မှုကိစ္စနဲ့ဆိုင်တဲ့ ပစ္စည်း(sex toy) တွေထုတ်လုပ်တဲ့ Lovehoney အမည်ရှိ ကုမ္ပဏီက လူ ၂၃၀၀ ကိုလေ့လာ စစ်တမ်း ကောက်ယူပြီး အမျိုးသားတွေနဲ့ အမျိုးသမီးတွေကြားမှာ လိင်စိတ်ဆန္ဒ နိုးကြားမှု အချိန်ဖော်ထုတ်ကြည့်ခဲ့ပါတယ်။သူတို့ရဲ့ လေ့လာတွေ့ရှိချက်အရ အမျိုးသား ၇၈ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၆၉ ရာခိုင်နှုန်းတို့ဟာ တနေ့တာအတွင်း လိင်စိတ် အမြင့်ဆုံး အချိန်ကွဲပြားချက်တွေ နဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

RelatedPosts

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
273
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
368
အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
413

အမျိုးသားတွေဟာ မနက်ခင်းအချိန်မှာ သူတို့ရဲ့ စွမ်းအင် အပြည့်ဝဆုံးလို့ ခံစားကြရပါတယ်။ အမျိုးသား ၂၈ ရာခိုင်နှုန်းက မနက် ၆နာရီနဲ့ ၉ နာရီ အတွင်းမှာ လိင်စိတ်အမြင့်ဆုံး ဖြစ်နေတတ်ကြပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ လိင်စိတ်ဆန္ဒဖြစ် ပေါ်တဲ့ အမျိုးသမီးကတော့ ၁၁ ရာခိုင်နှုန်းပဲ ရှိပါတယ်။

အမျိုးသမီးတွေရဲ့ လိင်ကိစ္စနဲ့ ပတ်သက်သက်တဲ့ စိတ်ဆန္ဒဟာ တနေ့တာ အတွင်းမှာ တဖြည်းဖြည်းနဲ့ မြင့်တက်လာပြီး ည ၁၁ နာရီနဲ့ မနက် ၂ နာကြားမှာ အမြင့်ဆုံး ဖြစ်လာပါတယ်။ စစ်တမ်းကို ဖြေဆိုပေးတဲ့ အမျိုးသမီး ၂၅ ရာခိုင်နှုန်းက အဲဒီအချိန်မှာ လိင်ဆက်ဆံရင် ကျေနပ်နှစ်သိမ့်မှုအများဆုံးရတယ်လို့ ရွေးချယ်ခဲ့ကြပြီး အိမ်ရာမဝင်ခင် လိင်ဆက်ဆံချင် တယ်ဆိုတဲ့ အမျိုးသားကတော့ ၁၆ ရာခိုင်နှုန်းပဲ ရှိတယ်လို့ Lovehoney ရဲ့ စစ်တမ်းက ဆိုပါတယ်။

အမျိုးသားတွေက ဘာဖြစ်လို့ မနက်အိပ်ရာထချိန်မှာ လိင်စိတ်အမြင့်ဆုံးဖြစ်နေပြီး အမျိုးသမီးတွေက ဒီလိုမဖြစ်တာလဲ။ နောက်ပြီးတော့ အမျိုးသမီးတွေ စိတ်တက်ကြွနေတတ်တဲ့ ညနက်ပိုင်း အချိန်တွေမှာ အမျိုးသားတွေက ဘာကြောင့် အိပ် ဖို့ ပဲစဉ်းစားနေကြတာလဲ။ ဒါတွေအားလုံးက ဟိုမုန်းတွေကြောင့် ဖြစ်ပါတယ်။

မနက်လင်းလို့ အမျိုးသားတွေ မျက်လုံး မပွင့်ခင်ကတည်းက သူတို့ရဲ့ testosterone လို့ခေါ်တဲ့ ဟိုမုန်း (အမျိုးသမီးတွေ မှာလည်း ရှိပေမယ့် ကျားဟိုမုန်းလို့သိကြတဲ့) လယ်ဗယ်က အမြင့်ဆုံးကို ရောက်နေပါပြီ။ ဘာကြောင့်လဲ ဆိုတော့ ဦးနှောက်ထဲမှာရှိတဲ့ pituitary gland ကြောင့်ဖြစ် ပါတယ်။ သူက အမျိုသားတွေရဲ့ လိင်ဟိုမုန်းထုတ်လုပ်မှုကို ထိန်းချုပ်တဲ့ gland ဖြစ်ပြီးတော့ မနက်အရုဏ်တက်ချိန်အထိ ထုတ်လုပ်မှုက တဖြည်းဖြည်း မြင့်တက်သွားပါတယ်။

အမျိုးသမီးတွေမှာလည်း လိင်စိတ်ဆန္ဒကို အဓိကလှုံ့ဆော်ပေးတဲ့ ¬testosterone ဟိုမုန်းထုတ်လုပ်ပါတယ်။ ဒါပေမယ့် ညဘက်ရောက်ရင် ထုတ်လုပ်မှုက တဖြည်းဖြည်းနည်းသွားပါတယ်။

“testosterone လယ်ဗယ်အမြင့်ဆုံးဖြစ်နေတဲ့ အတွက်ကြောင့် အမျိုးသားအများစုက တပတ်မှာ ၂ ရက် ၃ ရက်လောက် အိပ်ရာက နိုးလာတဲ့အချိန်မှာ လိင်အင်္ဂါ တင်းမာနေတတ်တာ ဖြစ်ပါတယ်။” လို့ လန်ဒန်မှာ ရှိတဲ့ St Bartholomew ဆေးရုံ က ဟိုမုန်းပညာဆိုင်ရာ ပါမောက္ခ ဒေါက်တာ Ashley Grossman ပြောပါတယ်။

ညဘက်မှာ ကောင်းကောင်း အိပ်ပျော်ခဲ့မယ်ဆိုရင် အမျိုးသားတွေ အနေနဲ့ အလွန်ကို အင်အားပြည့်သလို ခံစား နေရမှာ ဖြစ်ပါတယ်။ လေ့လာမှုတွေအရ အမျိုးသားတွေ နှစ်နှစ်ချိုက်ချိုက်နဲ့ အချိန်ကြာကြာ အိပ်ပျော်လေ သူတို့ရဲ့ testosterone လယ်ဗယ်မြင့်လေလေ ဆိုတာတွေ့ရှိခဲ့ရပါတယ်။

မနက် ၇ နာရီ အချိန်က အမျိုးသားတွေအတွက်ကတော့ လိင်စိတ်ကိုလှုံ့ဆော်တဲ့ ဟိုမုန်းတွေ အမြင့်ဆုံး အချိန်ဖြစ်ပြီးတော့ အမျိုးသမီးတွေ အတွက်ကတော့ ဆန့်ကျင်ဘက်ဖြစ်ပြီး အနိမ့်ဆုံးရောက်နေတဲ့ အချိန်ဖြစ်ပါတယ်။ မနက် ၈ နာရီကျော် သွား တဲ့ အချိန်မှာတော့ တနေ့တာ အတွက်လုပ်ငန်းခွင်ဝင်ဖို့ ပြင်ဆင်ချိန်ရောက်လာပြီ ဖြစ်လို့ ဝင်လာတဲ့ ဖိအား အမျိုးမျိုး ကြောင့် အမျိုးသားတွေရဲ့ လိင်စိတ်လဲ တဖြည်းဖြည်း လျော့ပါးသွားပါတယ်။ အမျိုးသမီးတွေလည်း ထိုနည်းတူပဲလို့ လေ့ လာမှုတွေ အရသိရပါတယ်။

မနက် ၉ နာရီနောက်ပိုင်း တနေ့တာအချိန်မှာတော့ အမျိုးသားတွေရဲ့ ဝှေးစေ့အတွင်းမှာ testosterone ကို မှန်မှန်ထုတ် ပေးနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြွက်သားတွေဖွံ့ဖြိုးဖို့နဲ့ သုတ်ရည်ထုတ်လုပ်နိုင်ဖို့လည်း ဒီဟိုမုန်းက လိုအပ်လို့ ဖြစ်ပါတယ်။

ညနေခင်း (၆နာရီနောက်ပိုင်း) ရောက်ရင်တော့ အမျိုးသားတွေရဲ့ testosterone ထုတ်လုပ်မှုက စတင်ကျဆင်းလာပြီ ဖြစ် ပြီးတော့ အမျိုးသမီးတွေရဲ့ လိင်စိတ်ဆိုင်ရာ လှုံ့ဆော်မှုဟိုမုန်းတွေက တဖြည်းဖြည်းချင်း မြင့်တက်လာပါတယ်။ ဒါပေမယ့် အလုပ်ဆင်းတဲ့ အချိန်မှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့် ခန်းလုပ်တာက အမျိုးသားတွေရော အမျိုးသမီးတွေကိုပါ လိင်စိတ် ဆန္ဒနဲ့ စွမ်းဆောင်မှုကို မြင့်တက်စေပါတယ်။ လေ့လာမှုတွေအရ အမျိုးသားတွေ အနေနဲ့ မိနစ် ၃၀ ကနေ ၄၀ အတွင်း လေ့ ကျင့်ခန်း တခုခုယူမယ်ဆိုရင် testosterone သိသိသာသာမြင့်တက်လာတယ်ဆိုတာတွေ့ ရှိရပါတယ်။ အမျိုးသမီးတွေလဲ ထိုနည်းတူပါပဲ။

အိမ်ပြန်ရောက်ကြတဲ့ အချိန် ညရ နာရီလောက်ကတော့ တနေကုန်ကြုံခဲ့ရတဲ့ စိတ်ဖိအားတွေကို ပြန်လည်လျှော့ချရတဲ့ အချိန် ဖြစ်ပါတယ်။ အဲဒီအချိန်မှာ သီချင်းနားထောင်တာက လိင်စိတ်ဆိုင်ရာ ဟိုမုန်းတွေအတွက် ကောင်းစေတယ်လို့ ဂျ ပန်နိုင်ငံ Nara တက္ကသိုလ်ရဲ့ လေ့လာမှုတခုက ဆိုပါတယ်။ အမျိုးသမီးတွေ အနေနဲ့ သီချင်းနားထောင်ခြင်းကြောင့် စိတ်ပင်ပန်းမှုတွေကို လျော့ကျစေသလို လိင်စိတ်ဆန္ဒကိုလည်း မြှင့်တင်ပေးနိုင်တယ်လို့ သုတေသီတွေက ယုံကြည်ထားပါတယ်။

ညဘက်ဆိုရင် TV မှာ လာတတ်တဲ့ အားကစားပွဲတွေကလည်း အမျိုးသားတွေရဲ့ testosterone အပေါ်သက်ရောက်မှု ရှိပါတယ်။ အဓိက ကတော့ ပွဲရဲ့ ရလဒ်ပါ။ အမေရိကန်နိုင်ငံ Utah တက္ကသိုလ်က ပညာရှင်တွေက ကမ္ဘာ့ဖလား ဘောလုံး ပွဲတွေကို ကြည့်တဲ့ ၀ါသနာရှင်တွေကိုလေ့လာကြည့်တဲ့ အခါ သူတို့ အားပေးတဲ့ အသင်းအနိုင်ရရင် အမျိုးသားတွေရဲ့ ဟိုမုန်းလယ်ဗယ်က ၂၀ ရာခိုင်နှုန်းလောက် တက်လာတတ်တာကို တွေ့ရှိခဲ့ရပါတယ်။ ရှုံးရင်လည်း ၂၀ ရာခိုင်နှုန်း လောက် ကျသွားတတ်တယ်လို့ သိရပါတယ်။

ည ၉နာရီလောက်ဆိုရင်တော့ အမျိုးသားတွေရဲ့ testosterone က တနေ့တာမှာ အနိမ့်ဆုံး အနေအထားကိုရောက်လာပြီး အမျိုးသမီးတွေကတော့ အမြင့်ဆုံးနားကို ရောက်ဖို့ ဦးတည်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသားတွေက ဒီလိုအချိန်မှာ တောင် လိင်ဆက်ဆံဖို့ ဖြစ်နိုင်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားတွေရဲ့ testosterone လယ်ဗယ်က အနိမ့် ဆုံ အနေအထားမှာ ရှိနေရင်တောင် အမျိုးသမီးတွေထက်တော့ မြင့်နေသေးလို့ ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း အမျိုးသား တွေနဲ့ အမျိုးသမီးတွေကြားမှာ လိင်စိတ်နိုးကြားတတ်တဲ့ အချိန်ကာလ (sex o’clock) ဆန့်ကျင်ဘက်တွေ ဖြစ်နေပေမယ့် သိသိသာသာ ကွဲပြားမှုတွေ မရှိခဲ့တာဖြစ်ပါတယ်။

Source: mirror.co.uk

Your Thoughts …
Tags: ဟိုမုန်းများ
အေးမင်း

အေးမင်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
မလေးရှား IS က ပေးပို့သည်ဟူသော ခြိမ်းခြောက်စာတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမည်လည်း ပါဝင်သည် / Reuters

ငြိမ်းချမ်းရေးညီလာခံ အမြန်ကျင်းပ၍ တိုင်းရင်းသားခေါင်းဆောင်များ စိုးရိမ်

ကြမ်းခင်း ကွန်ကရစ်ငြမ်းပြိုကျမှုကြောင့် အလုပ်သမား တဦးသေဆုံးခဲ့သည် / ဟိန်းထက် / ဧရာဝတီ

"နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံ ဆောက်လက်စ အဆောက်အအုံ ကွန်ကရစ်ငြမ်း ပြိုကျမှုဖြစ်ပွား"

No Result
View All Result

Recommended

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

1 week ago
8.8k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.5k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • နောင်ချိုမြို့ စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate