Myanmar Idol ရဲ့ အစီအစဉ်တင်ဆက်သူအဖြစ် လူသိများလာတဲ့ ကျော်ထက်အောင်က ခေါင်းဆောင် မင်းသားအဖြစ် ပထမဆုံးအနေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။
သူ ခေါင်းဆောင်မင်းသားအဖြစ် ပထမဆုံးပါဝင်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားရဲ့ အမည်ကလည်း ထူးထူးခြားခြားပါပဲ။ ရုပ်ရှင်ဇာတ်ကားရဲ့ အမည်ကတော့ “သူငယ်” ပါ။
ဂေးလ်(Gay) လောကမှာ ပြောလေ့ပြောထရှိတဲ့ “သူငယ်” ဆိုတဲ့ စကားအသုံးအနှုန်းကို ဇာတ်ကားအမည်အဖြစ် ပေးထားပြီး ကျော်ထက်အောင်က ဒီဇာတ်ကားမှာ ဘယ်သူ့ရဲ့ သူငယ်အဖြစ် သရုပ်ဆောင်ထားမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါ။
ဒီဇာတ်ကားကို လူငယ်ဒါရိုက်တာတဦးဖြစ်တဲ့ ပွင့်သိဂီင်္ဇော် က ရိုက်ကူးမှာဖြစ်ပြီး အခြား သရုပ်ဆောင်များအဖြစ် ရန်အောင်၊ ရဲအောင်၊ မင်းဦး၊ စိုးမြတ်သူဇာ၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်နဲ့ မာရီကိုးလ် တို့ အဓိက ပါဝင်ထားကြတယ် လို့ သိရပါတယ်။
သရုပ်ဆောင် ကျော်ထက်အောင်အတွက် ဒီ ရုပ်ရှင်ဇာတ်ကားဟာ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ပထမဆုံးအနေနဲ့ ဒါရိုက်တာ လူမင်းရိုက်ကူးတဲ့ “ကြက်ဂူ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ကယားပြည်နယ်မှာ သွားရောက်ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ “ကြက်ဂူ” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် ကျော်ထက်အောင်က ကျောင်းဆရာလေးအနေနဲ့ အရံသရုပ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။
“သူငယ်” ရုပ်ရှင်ဇာတ်ကားရဲ့ ကန်တော့ပွဲပေးအခမ်းအနားကို ဒီနေ့ မနက်က Novotel Hotel မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီဇာတ်ကားဟာ အောင်ခေတ်မင်း ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပွဲဦးထွက်ရိုက်ကူးတဲ့ ဇာတ်ကားလည်းဖြစ်တယ်လို့ သိရပါတယ်။